Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




သူ​ကြီး 18:8 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

8 သူ​တို့​သည် အမျိုးသားချင်း​တို့​ရှိ​ရာ ဇောရာ​မြို့​၊ ဧရှတောလ​မြို့​သို့ ပြန်ရောက်​သောအခါ အမျိုးသားချင်း​တို့​က “​အခြေအနေ မည်သို့နည်း​”​ဟု မေးမြန်း​ကြ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

8 ထို​သူ​ငါး​ယောက်​တို့​သည်​ဇော​ရာ​မြို့​နှင့် ဧ​ရှ​တော​လ​မြို့​တို့​သို့​ပြန်​လည်​ရောက်​ရှိ ကြ​သော​အ​ခါ အ​မျိုး​သား​ချင်း​တို့​က``သင် တို့​အ​ဘယ်​သို့​စုံ​စမ်း​တွေ့​ရှိ​ခဲ့​ရ​သ​နည်း'' ဟု​မေး​မြန်း​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

8 ဇော ရာ မြို့၊ ဧ ရှ တော လ မြို့ ရှိ အ မျိုး သား ချင်း တို့ ထံ ပြန် လာ ကြ သော် အ မျိုး သား ချင်း တို့ က မည် သို့ နည်း ဟု မေး မြန်း ကြ လျှင် ထ သွား၍ တိုက် ခိုက် ကြ ကုန် အံ့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

8 အ​မျိုး​သား​ချင်း​ရှိ​ရာ ဇော​ရာ​မြို့၊ ဧ​ရှ​တော​လ​မြို့​သို့ ပြန်​လာ၍ အ​မျိုး​သား​ချင်း​တို့​က၊ သင်​တို့​သည် အ​ဘယ်​သို့ ပြော​ကြ​မည်​နည်း​ဟု မေး​သော်၊

အခန်းကိုကြည့်ပါ။ ကော်ပီ




သူ​ကြီး 18:8
7 ပူးပေါင်းရင်းမြစ်များ  

မြေနိမ့်ဒေသ​ဘက်​တွင် ဧရှတောလ​မြို့​၊ ဇောရာ​မြို့​၊ အာရှနာ​မြို့​၊


ထိုစဉ်က ဒန်​မျိုးနွယ်စု​မှ မာနော်​အမည်​ရှိ​သော ဇောရာ​မြို့သား​တစ်ဦး​ရှိ​၏​။ သူ​၏​မယား​သည် မြုံ​သောကြောင့် သားသမီး မ​ရှိ​။


ရှံဆုန်​၏​ညီအစ်ကို​များ​နှင့် ဆွေမျိုးသားချင်း​တို့​သည် လာ​၍​အလောင်း​ကို သယ်သွား​ပြီးလျှင် ဇောရာ​မြို့​နှင့် ဧရှတောလ​မြို့​ကြား​ရှိ သူ့​ဖခင်​မာနော်​၏​သင်္ချိုင်း​တွင် သူ့​ကို​သင်္ဂြိုဟ်​ကြ​၏​။ ရှံဆုန်​သည် အစ္စရေး​လူမျိုး​တို့​ကို အနှစ်​နှစ်ဆယ် စီရင်အုပ်ချုပ်​၏​။


ထိုအခါ ဇောရာ​မြို့​၊ ဧရှတောလ​မြို့​ရှိ ဒန်​မျိုးနွယ်စု​ထဲမှ လူ​ခြောက်​ရာ​တို့​သည် စစ်တိုက်​ရန် လက်နက်​စွဲကိုင်​လျက် ချီတက်​သွား​ရာ


ထို့ကြောင့် နယ်မြေ​ကို​စူးစမ်း​ရှာဖွေ​ရန် ဒန်​အမျိုးသား​တို့​သည် ဇောရာ​မြို့​၊ ဧရှတောလ​မြို့​ရှိ မိမိ​တို့​မျိုးနွယ်စု​အားလုံး​ထဲမှ ရဲစွမ်းသတ္တိ​ရှိ​သူ​ငါး​ယောက်​အား “​နယ်မြေ​ကို သွား​ရှာ​ကြ​လော့​”​ဟု မှာကြား​၍ စေလွှတ်​လိုက်​၏​။ ထို​သူ​တို့​သည် ဧဖရိမ်​တောင်ပေါ်ဒေသ​ရှိ မိက္ခာ​ဝတ်ကျောင်း​သို့​ရောက်​၍ ညအိပ်နား​ကြ​၏​။


ထို့နောက် ထို​လူ​ငါး​ယောက်​သည် ခရီး​ဆက်သွား​၍ လဲရှ​မြို့​သို့​ရောက်​သော် ထို​မြို့သား​တို့​သည် ဆီဒုန်​လူမျိုး​တို့​စရိုက်​အတိုင်း စိုးရိမ်ပူပန်မှု​မ​ရှိ​၊ ဘေးအန္တရာယ်​ကင်းကင်း​နှင့် စိတ်အေးလက်အေး​နေထိုင်​ကြ​ကြောင်း​၊ ထို​ပြည်​သည် လိုလေသေးမရှိ စည်းစိမ်ဥစ္စာ​ကြွယ်ဝ​ကြောင်း​၊ ဆီဒုန်​မြို့​နှင့်​ကွာဝေး​သည့်​အပြင် မည်သူ​နှင့်​မျှ​အဆက်အဆံ​မ​ရှိ​ကြောင်း စူးစမ်းသိရှိ​ရ​ကြ​၏​။


သူ​တို့​က​လည်း “​လာ​ကြ​၊ သူ​တို့​ကို သွားတိုက်​ကြ​စို့​၊ ထို​ပြည်​ကို ငါ​တို့​မြင်​ခဲ့​ပြီ​။ အလွန်​သာယာ​သော​ပြည် ဖြစ်​၏​။ ငြိမ်မနေ​ကြ​နှင့်​။ တွန့်ဆုတ်​မ​နေ​ကြ​နှင့်​။ ထို​ပြည်​ကို သွားရောက်​သိမ်းပိုက်​ကြ​စို့​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ