Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




သူ​ကြီး 18:7 - Common Language Bible

7 ထို့​ကြောင့်​ထို​လူ​ငါး​ယောက်​တို့​သည်​လဲ​ရှ မြို့​သို့​ထွက်​သွား​ကြ​၏။ ထို​မြို့​သား​တို့​သည် ဇိ​ဒုန်​မြို့​သား​များ​ကဲ့​သို့ အေး​ဆေး​ငြိမ်း​ချမ်း စွာ​နေ​ထိုင်​ကြ​သူ​များ​ဖြစ်​ကြောင်း၊ မည်​သူ နှင့်​မျှ​အ​ငြင်း​မ​ပွား​တတ်​ကြောင်း၊ သူ​တို့ လို​အပ်​သ​မျှ​တို့​ကို​လည်း​ရ​ရှိ​ကြ​ကြောင်း၊ သူ​တို့​သည်​ဇိ​ဒုန်​မြို့​သား​တို့​နှင့်​အ​လွန် အ​လှမ်း​ကွာ​ရာ​တွင်​နေ​ထိုင်​ကြ​လျက် အ​ခြား​အ​ဘယ်​လူ​မျိုး​နှင့်​မျှ​လည်း အ​ဆက်​အ​သွယ်​မ​ရှိ​ကြ​ကြောင်း​ကို စူး​စမ်း​သိ​ရှိ​ကြ​လေ​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

7 ထို လူ ငါး ယောက် တို့ ထွက် သွား သ ဖြင့် လဲ ရှ မြို့ သို့ ရောက် ရာ ၎င်း မြို့ သား တို့ သည် ဇိ ဒုန် မြို့ သား တို့ အ လိုက် ဘေး ကင်း၍ ငြိမ်း ချမ်း စွာ နေ ထိုင် ကြောင်း ကို လည်း ကောင်း၊ အ ရှက် ခွဲ ရန် အာ ဏာ ပိုင် ပေး သူ မ ရှိ ကြောင်း ကို လည်း ကောင်း ဇိ ဒုန် မြို့ နှင့် ဝေး ကွာ သည့် ပြင် အ ခြား မြို့ နှင့် မ ဆိုင် ကြောင်း ကို လည်း ကောင်း၊ သိ မြင် ပြီး နောက်

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

7 ထို​လူ​ငါး​ယောက်​တို့​သည် ထွက်​သွား၍ လဲ​ရှ​မြို့​သို့ ရောက်​သ​ဖြင့်၊ မြို့​သား​တို့​သည် ဇိ​ဒုန်​အ​မျိုး​သား​တို့ သ​တိ​မ​ရှိ​သ​ကဲ့​သို့ သ​တိ​မ​ရှိ၊ မ​စိုး​ရိမ်​ဘဲ ငြိမ်​ဝပ်​စွာ နေ​ကြောင်း​ကို​လည်း​ကောင်း၊ ဆုံး​မ​ပိုင်​သော​မင်း​မ​ရှိ​ကြောင်း​ကို​လည်း​ကောင်း၊ ဇိ​ဒုန်​အ​မျိုး​သား​တို့​နှင့်​ဝေး၍ အ​ဘယ်​သူ​နှင့်​မျှ အ​မှု​မ​ဆိုင်​ကြောင်း​ကို​လည်း​ကောင်း​ကြည့်​ရှု​ပြီး​မှ၊

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

7 ထို့နောက် ထို​လူ​ငါး​ယောက်​သည် ခရီး​ဆက်သွား​၍ လဲရှ​မြို့​သို့​ရောက်​သော် ထို​မြို့သား​တို့​သည် ဆီဒုန်​လူမျိုး​တို့​စရိုက်​အတိုင်း စိုးရိမ်ပူပန်မှု​မ​ရှိ​၊ ဘေးအန္တရာယ်​ကင်းကင်း​နှင့် စိတ်အေးလက်အေး​နေထိုင်​ကြ​ကြောင်း​၊ ထို​ပြည်​သည် လိုလေသေးမရှိ စည်းစိမ်ဥစ္စာ​ကြွယ်ဝ​ကြောင်း​၊ ဆီဒုန်​မြို့​နှင့်​ကွာဝေး​သည့်​အပြင် မည်သူ​နှင့်​မျှ​အဆက်အဆံ​မ​ရှိ​ကြောင်း စူးစမ်းသိရှိ​ရ​ကြ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




သူ​ကြီး 18:7
13 ပူးပေါင်းရင်းမြစ်များ  

သူ​သည်​ယေ​ရော​ဗောင်​ကဲ့​သို့​အ​ပြစ်​ကူး​ရ​ရုံ ဖြင့်​မ​ကျေ​နပ်​ဘဲ ထို​ထက်​တစ်​ဆင့်​တက်​ပြီး လျှင်​ဇိ​ဒုန်​မင်း​ဧ​သ​ဗာ​လ​၏​သ​မီး​တော် ယေ​ဇ​ဗေ​လ​ကို​မိ​ဖု​ရား​မြှောက်​၍​ဗာ​လ ဘု​ရား​ကို​ဝတ်​ပြု​ကိုး​ကွယ်​လေ​သည်။-


သူ​တို့​သည်​ငြိမ်း​ချမ်း​သာ​ယာ​သည့်​မြေ​ပြန့် ဒေ​သ​တွင် စား​ကျက်​ကောင်း​များ​ကို​အ​လုံ အ​လောက်​တွေ့​ရှိ​ကြ​လေ​သည်။ ထို​အရပ်​တွင် နေ​ထိုင်​ခဲ့​ကြ​သူ​တို့​မှာ​ဟာ​မ​အ​မျိုး​သား များ​ဖြစ်​သ​တည်း။


`လာ​ကြ၊ ငါ​တို့​သည်​ဘေး​မဲ့​လုံ​ခြုံ​မှု​ရှိ​လှ ပြီ​ဟု​ထင်​မှတ်​သူ​ထို​လူ​မျိုး​ကို​တိုက်​ခိုက် ကြ​ကုန်​အံ့။ သူ​တို့​၏​မြို့​သည်​မြို့​တံ​ခါး​နှင့် ကန့်​လန့်​ပင်​မ​ရှိ။ လုံ​ခြုံ​မှု​ကင်း​မဲ့​သည့်​မြို့ ဖြစ်​သည်' ဟု​ဆို​၏။


အ​ကျင့်​ကောင်း​သူ​သည်​အ​စိုး​ရ​မင်း​ကို​ကြောက် နေ​စ​ရာ​မ​လို။ ဆိုး​ညစ်​မှု​ကို​ပြု​ကျင့်​သူ​သာ​လျှင် ကြောက်​စ​ရာ​လို​၏။ သင်​သည်​အာ​ဏာ​ရှိ​သူ​ကို မ​ကြောက်​ဘဲ​နေ​လို​လျှင်​အ​ကျင့်​ကောင်း​ကို​ပြု ကျင့်​လော့။ သို့​ပြု​လျှင်​သူ​သည်​သင့်​ကို​ချီး​မွမ်း လိမ့်​မည်။-


ဒန်​အ​နွယ်​ဝင်​တို့​သည်​မိ​မိ​တို့​၏​နယ်​မြေ ဆုံး​ရှုံး​ရ​သော​အ​ခါ​လဲရှ​မြို့​ကို​စစ်​ချီ တိုက်​ခိုက်​၍​မြို့​သူ​မြို့​သား​များ​ကို​သတ် ဖြတ်​သုတ်​သင်​ပြီး​လျှင်​ထို​မြို့​တွင်​နေ​ထိုင် ကြ​၏။ လဲ​ရှ​ဟူ​သော​မြို့​နာ​မည်​ကို​အ​နွယ် ၏​ဖ​ခင်​ဒန်​နာ​မည်​သို့​ပြောင်း​လဲ​မှည့်​ခေါ် ကြ​လေ​သည်။-


ဘု​ရင်​ခံ​များ​အား​လူ​ဆိုး​တို့​ကို​အ​ပြစ်​ပေး ရန်​နှင့်၊ လူ​ကောင်း​တို့​ကို​ချီး​မြှင့်​ရန်​ဘု​ရင် ဧ​က​ရာဇ်​ခန့်​ထား​သော​သူ​များ​အ​ဖြစ်​ဖြင့် လည်း​ကောင်း​လက်​ခံ​ကြ​လော့။-


သူ​သည်​မိ​မိ​ကိုယ်​ကို​ချီး​မြှောက်​၍​ကာ​မ​ဂုဏ် စည်း​စိမ်​ခံ​စား​သည်​နှင့်​အ​မျှ သူ့​အား​ဝမ်း​နည်း​ကြေ​ကွဲ​ဆင်း​ရဲ ဒုက္ခ​ရောက်​စေ​ကြ​လော့။ အ​ဘယ်​ကြောင့်​ဆို​သော်​သူ​က``ငါ​သည် မိ​ဖု​ရား​ဖြစ်​၏။ မု​ဆိုး​မ​မ​ဟုတ်။ ငါ​သည်​အ​ဘယ်​အ​ခါ​၌​မျှ​ဝမ်း​နည်း​ကြေ​ကွဲ ရ​လိမ့်​မည်​မ​ဟုတ်'' ဟု မိ​မိ​ကိုယ်​ကို​ပြော​ဆို​နေ​တတ်​သော​ကြောင့်​ဖြစ်​၏။


ယင်း​အ​မည်​လဲ​ရှ​မြို့​ကို​လည်း​ယာ​ကုပ် ၏​သား မိ​မိ​တို့​၏​ဘိုး​ဘေး​ဖြစ်​သူ​ဒန်​ကို အ​စွဲ​ပြု​၍​ဒန်​မြို့​ဟု​ပြောင်း​လဲ​ခေါ်​ဝေါ် ကြ​၏။-


ယဇ်​ပု​ရော​ဟိတ်​က``မည်​သို့​မျှ​သင်​တို့​စိုး​ရိမ် ရန်​မ​လို​ပါ။ ဘု​ရား​သ​ခင်​သည်​ဤ​ခ​ရီး​တွင် သင်​တို့​အား​စောင့်​ရှောက်​တော်​မူ​လျက်​ရှိ​ပါ သည်'' ဟု​ပြန်​ပြော​၏။


ထို​သူ​ငါး​ယောက်​တို့​သည်​ဇော​ရာ​မြို့​နှင့် ဧ​ရှ​တော​လ​မြို့​တို့​သို့​ပြန်​လည်​ရောက်​ရှိ ကြ​သော​အ​ခါ အ​မျိုး​သား​ချင်း​တို့​က``သင် တို့​အ​ဘယ်​သို့​စုံ​စမ်း​တွေ့​ရှိ​ခဲ့​ရ​သ​နည်း'' ဟု​မေး​မြန်း​ကြ​၏။-


သူ​၏​သား​တို့​သည်​ငါ့​အား​ပြစ်​မှား​ပြော​ဆို​ခဲ့ ကြ​သ​ဖြင့် ငါ​သည်​သူ​၏​အိမ်​ထောင်​စု​ကို​အ​ပြစ် ဒဏ်​စီ​ရင်​မည်​ဖြစ်​ကြောင်း​ဧ​လိ​အား​ပြော​ကြား ခဲ့​ပြီး​ဖြစ်​၏။ သူ​တို့​သည်​ဤ​သို့​သော​ဒု​စ​ရိုက် များ​ကို​ပြု​ကျင့်​လျက်​နေ​ကြောင်း​ကို​ဧ​လိ​သိ သော်​လည်း​သူ​တို့​အား​မ​တား​မြစ်။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ