ထိုမြို့သည် ဆီဒုန်မြို့နှင့် ကွာဝေးသည့်အပြင် မြို့သားတို့သည်လည်း မည်သူနှင့်မျှအဆက်အဆံမရှိသောကြောင့် သူတို့ကို ကယ်တင်မည့်သူမရှိ။ လဲရှမြို့သည် ဗက်ရဟောဘမြို့အနီး ချိုင့်ဝှမ်းဒေသ၌ ရှိ၏။ ဒန်အမျိုးသားတို့သည် မြို့ကိုပြန်လည်တည်ထောင်၍ နေထိုင်ကြ၏။
ဗက် ရ ဟော ဘ မြို့ အ နီး ရှိ ချိုင့် တွင် တည် သော ထို မြို့ သည် ဇိ ဒုန် မြို့ နှင့် ဝေး ကွာ၍ အ ခြား မြို့ နှင့် မ ဆိုင် သော ကြောင့် ကယ် ဆယ် သူ မ ရှိ ချေ။ ထို နောက် မြို့ ကို တည် ထောင် ပြန်၍ နေ ထိုင် သော်
ဇိဒုန်မြို့နှင့်ဝေးသောကြောင့်လည်းကောင်း၊ အဘယ်သူနှင့်မျှ အမှုမဆိုင်သောကြောင့်လည်းကောင်း၊ ကယ်နုတ်သောသူ မရှိ။ ထိုမြို့သည် ဗက်ရဟောဘမြို့အနားမှာရှိသော ချိုင့်၌တည်၏။ ထိုအရပ်၌ မြို့သစ်ကိုတည်၍ နေကြ၏။
သူတို့အား ဒါဝိဒ်မင်းကြီးစက်ဆုပ်ရွံရှာသွားကြောင်းကို အမ္မုန်အမျိုးသားတို့သိသောအခါ အမ္မုန်အမျိုးသားတို့သည် လူလွှတ်၍ ဗက်ရဟောဘမြို့နှင့် ဇောဘမြို့မှဆီးရီးယားလူမျိုး ခြေလျင်တပ်သား အယောက်နှစ်သောင်း၊ မာခါဘုရင်ထံမှ လူတစ်ထောင်၊ တောဘမြို့မှ လူတစ်သောင်းနှစ်ထောင်တို့ကိုငှားရမ်းလေ၏။
အရှင့်ကျွန်မ၌ သားနှစ်ယောက်ရှိပါ၏။ ထိုသားနှစ်ယောက်သည် လယ်တောတွင်ရန်ဖြစ်ကြပါ၏။ သူတို့ကို ဖျန်ဖြေပေးမည့်သူမရှိသဖြင့် ရန်ဖြစ်ရင်း တစ်ယောက်က အခြားတစ်ယောက်ကို ရိုက်သတ်လိုက်မိပါ၏။
ထိုမှ ဂိလဒ်ပြည်၊ တက်တိမ်ဟောရှိပြည်တို့သို့ သွားပြီး ဒန်ယန်ပြည်နှင့် ဆီဒုန်ပြည်ဘက်သို့ ပတ်သွားကြ၏။
ဘုရားသခင်ကိုမေ့လျော့တတ်သောသူတို့၊ ဤအချက်ကို သတိနှင့်ဆင်ခြင်ကြလော့။ သို့မဟုတ်ပါက ငါသည် သင်တို့ကို အပိုင်းပိုင်းဆုတ်ဖြဲသဖြင့် ကယ်နုတ်သူမရှိဖြစ်လိမ့်မည်။
သို့မဟုတ်လျှင် ကယ်နုတ်သူမရှိစဉ် သူတို့သည် ခြင်္သေ့ကဲ့သို့ အကျွန်ုပ်၏စိတ်ဝိညာဉ်ကိုဆုတ်ဖြဲ၍ အပိုင်းပိုင်းကိုက်ဖြတ်ကြလိမ့်မည်။
ကိုယ်တော်က “နှိပ်စက်ခြင်းခံရသောဆီဒုန်သမီးပျို၊ သင်သည် နောက်တစ်ဖန် ရွှင်မြူးရတော့မည်မဟုတ်။ ထ၍ ဆိုက်ပရပ်ပြည်သို့ ကူးသွားလော့။ ထိုအရပ်၌လည်း သင့်အတွက်ငြိမ်းချမ်းခြင်းရှိမည်မဟုတ်”ဟု မိန့်တော်မူ၏။
အို ဆီဒုန်မြို့၊ ရှက်ကြောက်လော့။ ပင်လယ်က ပြောလေပြီ။ ပင်လယ်ခံတပ်မြို့က “ငါသည် ဝမ်းမနာခဲ့၊ သားမဖွားခဲ့။ လူပျို အပျိုတို့ကိုလည်း မကျွေးမွေး၊ မပြုစုခဲ့”ဟု ဆိုလေပြီ။
ထိုသူတို့သည် တက်သွား၍ ဇိနတောကန္တာရမှ လီဘိုဟာမတ်အရပ်အနီး ရဟောဘအရပ်တိုင်အောင် ထိုပြည်ကို စူးစမ်းကြ၏။
ထာဝရဘုရားသည် ရန်သူတို့ကို အစ္စရေးစစ်သည်တို့လက်သို့ အပ်တော်မူသဖြင့် အစ္စရေးစစ်သည်တို့သည် ဆီဒုန်မြို့ကြီး၊ မိသရဖောသမိမ်မြို့၊ အရှေ့ဘက်အရပ်ရှိ မိဇပါချိုင့်ဝှမ်းတိုင်အောင် လိုက်လံတိုက်ခိုက်လေ၏။ အသက်ရှင်ကျန်ရစ်သူတစ်ယောက်မျှမရှိသည့်တိုင်အောင် လုပ်ကြံလေ၏။
ဧဗြုန်မြို့၊ ရဟောဘမြို့၊ ဟမ္မုန်မြို့၊ ကာနမြို့မှ ဆီဒုန်မြို့ကြီးအထိ ဆက်သွား၏။
ထိုကာလတွင် အစ္စရေးလူမျိုးတို့၌ ရှင်ဘုရင်မရှိ။ ထိုအချိန်အထိ အစ္စရေးအမျိုးအနွယ်တို့တွင် ဒန်အမျိုးအနွယ်သည် အမွေမြေအတည်တကျမရသေးသဖြင့် မိမိတို့နေထိုင်ရန်အမွေမြေကို လိုက်ရှာနေသောအချိန်ဖြစ်၏။
ယခင်က လဲရှ ဟုခေါ်သောမြို့ကို ဒန်အမျိုးသားတို့သည် သူတို့၏ဘိုးဘေးဖြစ်သော အစ္စရေး၏သား ဒန်ကိုအစွဲပြု၍ ဒန်မြို့ဟုခေါ်ကြ၏။
ထို့နောက် ထိုလူငါးယောက်သည် ခရီးဆက်သွား၍ လဲရှမြို့သို့ရောက်သော် ထိုမြို့သားတို့သည် ဆီဒုန်လူမျိုးတို့စရိုက်အတိုင်း စိုးရိမ်ပူပန်မှုမရှိ၊ ဘေးအန္တရာယ်ကင်းကင်းနှင့် စိတ်အေးလက်အေးနေထိုင်ကြကြောင်း၊ ထိုပြည်သည် လိုလေသေးမရှိ စည်းစိမ်ဥစ္စာကြွယ်ဝကြောင်း၊ ဆီဒုန်မြို့နှင့်ကွာဝေးသည့်အပြင် မည်သူနှင့်မျှအဆက်အဆံမရှိကြောင်း စူးစမ်းသိရှိရကြ၏။