သူတို့သည် ငါ့ထံသို့ ထိုသတင်းကို လေးကြိမ်တိုင်တိုင် ပို့လာ၏။ ငါကလည်း ယခင်အတိုင်းသာ ပြန်ပြော၏။
သူကြီး 16:6 - မြန်မာ့စံမီသမ္မာကျမ်း ဒေလိလကလည်း ရှံဆုန်အား “သင်၏ကြီးမားသောခွန်အားကား အဘယ်ကဖြစ်သနည်း။ သင့်ကို မည်သည့်နည်းဖြင့် ချုပ်နှောင်နှိပ်စက်နိုင်မည်နည်း။ အကျွန်ုပ်အား ပြောပြပါလော့”ဟု မေးလေ၏။ Common Language Bible သို့ဖြစ်၍ဒေလိလသည်ရှံဆုန်အား``သင်သည် ဤမျှခွန်အားကြီးရခြင်းမှာအဘယ်ကြောင့် နည်း။ သင့်အားအဘယ်နည်းဖြင့်ချည်နှောင်၍ အနိုင်ရနိုင်ပါမည်နည်း'' ဟုမေး၏။ Garrad Bible ရှံ ဆုန် အား ဒေ လိ လ က၊ မည် သည့် နည်း နှင့် ကြီး စွာ သော ခွန် အား တည် သည် ကိုလည်း ကောင်း၊ နှိပ် စက် ခွင့် ရ စေ ခြင်း ငှါ မည် သည့် နည်း နှင့် ချည် နှောင် ရ သည် ကိုလည်း ကောင်း ဖော် ပြ ပါ ဟု မေး စမ်း သော် Judson Bible ဒေလိလကလည်း၊ သင်၌ကြီးသော ခွန်အားသည် အဘယ်အရာအားဖြင့် တည်သည်ကိုလည်းကောင်း၊ သင့်ကို နှိပ်စက်ခြင်းငှာ အဘယ်သို့ ချည်နှောင်ရမည်ကိုလည်းကောင်း ပြောပါဟု ရှံဆုန်အား တောင်းပန်သော်၊ |
သူတို့သည် ငါ့ထံသို့ ထိုသတင်းကို လေးကြိမ်တိုင်တိုင် ပို့လာ၏။ ငါကလည်း ယခင်အတိုင်းသာ ပြန်ပြော၏။
လူတို့သည် မိမိ၏အိမ်နီးချင်းတို့ကို မဟုတ်မမှန်ပြောဆိုကြပါ၏။ မြှောက်ပင့်တတ်သောနှုတ်ခမ်းနှင့် နှစ်ခွသောစိတ်ဖြင့် ပြောဆိုကြပါ၏။
အကျင့်ဖောက်ပြားသောမိန်းမတို့၏နှုတ်သည် နက်သောတွင်းဖြစ်၏။ ထာဝရဘုရား၏အမျက်တော်သင့်သောသူသည် ထိုတွင်းထဲသို့ကျရောက်လိမ့်မည်။
မုသားသုံးသောလျှာသည် မိမိကြောင့် ထိခိုက်နာကျင်ရသောသူတို့ကိုမုန်းတတ်၏။ မြှောက်ပင့်တတ်သောနှုတ်သည်လည်း ပျက်စီးခြင်းကို ဖြစ်စေတတ်၏။
အကြောင်းမူကား ပြည့်တန်ဆာမတစ်ယောက်ကို မုန့်တစ်လုံးဖြင့်ရနိုင်၏။ လင်ရှိမယားမူကား အဖိုးတန်သောအသက်ကို လိုက်ဖမ်းတတ်၏။
ထိုမိန်းမသည် ဆွဲဆောင်သောစကားများစွာတို့ဖြင့် သူ့ကိုမြှူဆွယ်၍ မိမိနှုတ်ခမ်းမှ ချိုသာသောစကားဖြင့် သူ့ကိုသွေးဆောင်လေရာ
ဘုရားဝတ်၌မွေ့လျော်သောသူသည် မြေကြီးပေါ်မှ ပျောက်ကွယ်သွားလေပြီ။ လူတို့တွင် ဖြောင့်မှန်သောသူ တစ်ယောက်မျှမရှိ။ သူတို့အားလုံး လူ့အသက်သတ်ရန် ချောင်းမြောင်းနေကြ၏။ ညီအစ်ကိုအချင်းချင်းပင် ပိုက်ထောင်ဖမ်းကြ၏။
သင့်အိမ်နီးချင်းကို မယုံနှင့်။ သင့်မိတ်ဆွေကိုလည်း မကိုးစားနှင့်။ သင့်ရင်ခွင်၌ အိပ်နေသောမိန်းမရှေ့တွင်လည်း စကားကို သတိထားပြောလော့။
သူ၏မယားသည် ပွဲကျင်းပသည့်ခုနစ်ရက်နေ့ နောက်ဆုံးအချိန်အထိ ခင်ပွန်းရှေ့၌ငိုပြ၍ ပူဆာသောကြောင့် ထိုခုနစ်ရက်မြောက်သောနေ့၌ သူ့အားပြောပြလိုက်လေ၏။ သူသည်လည်း မိမိ၏အမျိုးသားချင်းတို့အား စကားထာအဖြေကို ပြောပြလိုက်လေ၏။
ထို့ကြောင့် ဖိလိတ္တိမင်းတို့သည် ဒေလိလထံသို့လာ၍ “ရှံဆုန်၏ကြီးမားသောခွန်အားသည် အဘယ်ကဖြစ်ကြောင်း၊ သူ့ကို မည်သည့်နည်းဖြင့် ဖမ်းဆီးချုပ်နှောင်နှိပ်စက်နိုင်ကြောင်းကို သူ့အား ချော့မော့မေးမြန်းကြည့်လော့။ ငါတို့သည် သင့်အား ငွေစ တစ်ထောင့်တစ်ရာစီ ပေးမည်”ဟု ဆိုကြ၏။
ရှံဆုန်က သူ့အား “မခြောက်သေးသောလေးကြိုးအသစ်ခုနစ်ချောင်းဖြင့် ငါ့ကို ချည်နှောင်လျှင် ငါ့ခွန်အားသည် လျော့သွား၍ သာမန်လူကဲ့သို့ ဖြစ်သွားမည်”ဟု ပြန်ဖြေ၏။