Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




သူ​ကြီး 16:6 - Common Language Bible

6 သို့​ဖြစ်​၍​ဒေ​လိ​လ​သည်​ရှံ​ဆုန်​အား``သင်​သည် ဤ​မျှ​ခွန်​အား​ကြီး​ရ​ခြင်း​မှာ​အ​ဘယ်​ကြောင့် နည်း။ သင့်​အား​အ​ဘယ်​နည်း​ဖြင့်​ချည်​နှောင်​၍ အနိုင်​ရ​နိုင်​ပါ​မည်​နည်း'' ဟု​မေး​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

6 ရှံ ဆုန် အား ဒေ လိ လ က၊ မည် သည့် နည်း နှင့် ကြီး စွာ သော ခွန် အား တည် သည် ကိုလည်း ကောင်း၊ နှိပ် စက် ခွင့် ရ စေ ခြင်း ငှါ မည် သည့် နည်း နှင့် ချည် နှောင် ရ သည် ကိုလည်း ကောင်း ဖော် ပြ ပါ ဟု မေး စမ်း သော်

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

6 ဒေ​လိ​လ​က​လည်း၊ သင်၌​ကြီး​သော ခွန်​အား​သည် အ​ဘယ်​အ​ရာ​အား​ဖြင့် တည်​သည်​ကို​လည်း​ကောင်း၊ သင့်​ကို နှိပ်​စက်​ခြင်း​ငှာ အ​ဘယ်​သို့ ချည်​နှောင်​ရ​မည်​ကို​လည်း​ကောင်း ပြော​ပါ​ဟု ရှံ​ဆုန်​အား တောင်း​ပန်​သော်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

6 ဒေလိလ​က​လည်း ရှံဆုန်​အား “​သင်​၏​ကြီးမား​သော​ခွန်အား​ကား အဘယ်​က​ဖြစ်​သနည်း​။ သင့်​ကို မည်သည့်​နည်း​ဖြင့် ချုပ်နှောင်နှိပ်စက်​နိုင်​မည်နည်း​။ အကျွန်ုပ်​အား ပြောပြ​ပါ​လော့​”​ဟု မေး​လေ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




သူ​ကြီး 16:6
12 ပူးပေါင်းရင်းမြစ်များ  

သူ​တို့​သည်​လေး​ကြိမ်​တိုင်​တိုင်​မှာ​ကြား​သ ဖြင့် ငါ​သည်​ထို​သို့​ပင်​လေး​ကြိမ်​တိုင်​တိုင် ပြန်​ကြား​လိုက်​၏။


လူ​အ​ပေါင်း​တို့​သည်​အ​ချင်း​ချင်း​လိမ်​လည် ပြော​ဆို​၍ မြှောက်​ပင့်​ကာ​လှည့်​စား​ကြ​ပါ​၏။


အမျိုးပျက်သော မိန်းမ၏နှုတ်သည် နက်သော မြေတွင်းဖြစ်၏။ ထာဝရဘုရားစက်ဆုပ်ရွံရှာတော်မူ သော သူသည်ထိုမြေတွင်းထဲသို့ ကျလိမ့်မည်။


မုသားပြောတတ်သောသူသည် မိမိညှဉ်းဆဲ သောသူတို့ကို မုန်းတတ်၏။ ချော့မော့တတ်သော သူသည်လည်း ဖျက်ဆီးတတ်၏။


အကြောင်းမူကား၊ ပြည်တန်ဆာမကို မှီဝဲသော ယောက်ျားသည် ဆင်းရဲ၍၊ မုန့်တလုံးကိုသာ ရတတ်၏။ မျောက်မထားသော မိန်းမသည်လည်း မြတ်သောအသက် ကို ဘမ်းတတ်၏။


ချစ်ဘွယ်သော စကားနှင့် ထိုသူကို သွေးဆောင် ၍ ချော့မော့တတ်သောနှုတ်ခမ်းနှင့်နိုင်သဖြင့်၊


တိုင်း​ပြည်​ထဲ​တွင်​ရိုး​သား​ဖြောင့်​မတ်​သော​သူ၊ ဘု​ရား​သ​ခင်​အား​သစ္စာ​စောင့်​သိ​ရို​သေ​သော သူ​ဟူ​၍ တစ်​ယောက်​မျှ​မ​ရှိ​တော့​ချေ။ လူ့ အ​သက်​ကို​သတ်​ရန်​အ​ခွင့်​ကောင်း​ကို​လူ​တိုင်း စောင့်​လျက်​နေ​ကြ​၏။ ညီ​အစ်​ကို​အ​ချင်း​ချင်း တစ်​ယောက်​ကို​တစ်​ယောက်​ကျော့​ကွင်း​ထောင်​၍ ဖမ်း​တတ်​ကြ​၏။-


သင်​တို့​၏​အိမ်​နီး​နား​ချင်း​ကို​သော်​လည်း ကောင်း၊ မိတ်​ဆွေ​ကို​သော်​လည်း​ကောင်း​မ​ယုံ ကြ​နှင့်။ သင်​၏​ဇ​နီး​ကို​ပင်​သ​တိ​နှင့် စကား​ပြော​လော့။-


ထို​အ​မျိုး​သ​မီး​သည်​ဤ​အ​မှု​နှင့်​ပတ်​သက်​၍ ပွဲ​ရက်​ခု​နစ်​ရက်​စ​လုံး​ပင်​ငို​ကြွေး​လျက်​နေ​၏။ သို့​ရာ​တွင်​ခု​နစ်​ရက်​မြောက်​သော​နေ့​၌​သူ သည်​အ​လွန်​ပူ​ဆာ​သ​ဖြင့် ရှံ​ဆုန်​သည်​သူ့​အား စ​ကား​ထာ​ကို​ဖော်​ပြ​လိုက်​တော့​၏။ ထို​အ​ခါ သူ​သည်​လည်း​ဖိ​လိတ္တိ​အ​မျိုး​သား​တို့​အား ပြော​ပြ​လိုက်​လေ​သည်။-


ဖိ​လိတ္တိ​ဘု​ရင်​ငါး​ပါး​တို့​သည်​ဒေ​လိ​လ​ထံ သို့​လာ​၍``ရှံ​ဆုန်​သည်​အ​ဘယ်​ကြောင့်​ဤ​မျှ ခွန်​အား​ကြီး​ရ​ကြောင်း​ကို​လည်း​ကောင်း၊ သူ့ အား​အ​ဘယ်​သို့​နှိမ်​နင်း​၍​ချည်​နှောင်​ထား နိုင်​ကြောင်း​ကို​လည်း​ကောင်း​သိ​ရှိ​ရန်​သူ့​အား ဖြား​ယောင်း​၍​မေး​ပါ။ ငါ​တို့​တစ်​ယောက်​လျှင် ငွေ​တစ်​ဆယ့်​တစ်​ပိ​ဿာ​စီ​ပေး​ပါ​မည်'' ဟု​ပြော​၏။


ရှံ​ဆုန်​က``မ​ခြောက်​သေး​သော​လေး​ကြိုး​အ​သစ် ခု​နစ်​ပင်​ဖြင့်​ငါ့​ကို​ချည်​နှောင်​ထား​မည်​ဆို လျှင် ငါ​သည်​အ​ခြား​သူ​များ​နည်း​တူ​အား လျော့​လိမ့်​မည်'' ဟု​ဆို​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ