သူကြီး 14:3 - မြန်မာ့စံမီသမ္မာကျမ်း
သူ့မိဘကလည်း သူ့အား “အရေဖျားမလှီးသောဖိလိတ္တိလူမျိုးတို့ထဲမှ မိန်းမကို သွား၍ယူရလေအောင် သင့်ဆွေမျိုးသားချင်း၊ ငါတို့လူမျိုးများတွင် မိန်းမတစ်ယောက်မျှ မရှိသလော”ဟု ဆိုသော် ရှံဆုန်က ဖခင်အား “ထိုအမျိုးသမီးကိုသာ သဘောကျသည်ဖြစ်၍ တောင်းပေးပါ”ဟု ဆို၏။
အခန်းကိုကြည့်ပါ။
သို့ရာတွင်သူ၏မိဘတို့က``သင်သည်မိန်းမ တစ်ယောက်ရရှိနိုင်ရန် ထာဝရဘုရားကို မကိုးကွယ်သောဖိလိတ္တိအမျိုးသားတို့ထံ သို့အဘယ်ကြောင့်သွားရပါမည်နည်း။ ငါ တို့အမျိုးသားအချင်းချင်းအထဲမှသော် လည်းကောင်း၊ ငါတို့သားချင်းစုထဲမှသော် လည်းကောင်းမိန်းကလေးတစ်ယောက်ကို ရှာ၍မရနိုင်ပါသလော'' ဟုပြန်၍မေး ကြ၏။ ရှံဆုန်ကလည်းမိမိ၏ဖခင်အား``ထိုအမျိုး သမီးကိုသာလျှင်ကျွန်တော်၏အတွက်တောင်း ရမ်းပေးစေလိုပါသည်။ သူ့အားကျွန်တော်နှစ် သက်ပါသည်'' ဟုဆို၏။
အခန်းကိုကြည့်ပါ။
မိ ဘ တို့ က၊ လှီး ဖြတ် ခြင်း မင်္ဂ လာ မဲ့ သူ ဖိ လိ တ္တိ အ မျိုး တွင် ခင် ပွန်း ပြု ရန် ခေါ် ဆောင် ရ မည့် အ ကြောင်း မှာ၊ သင့် ဆွေ မျိုး သား ချင်း၊ ငါ တို့ အ မျိုး အ နက် မိန်း မ တစ် ယောက် မျှ မ ရှိ သ လော ဟု ပြော ဆို သော် လည်း၊ ရှံ ဆုန် က၊ ထို မိန်း မ ကို သာ တောင်း ပေး ပါ။ အ လွန် ပင် မြတ် နိုး လှ ပါ သည် ဟု အ ဘ အား လျှောက် ဆို လေ၏။
အခန်းကိုကြည့်ပါ။
မိဘတို့က၊ သင်သည် အရေဖျားလှီးခြင်းကို မခံသော ဖိလိတ္တိလူတို့တွင် မယားကို သွား၍ ယူရမည်အကြောင်း၊ သင်၏ညီအစ်ကိုသမီး ငါတို့အမျိုးသားချင်းသမီးတို့တွင် မိန်းမတစ်ယောက်မျှ မရှိလောဟု ဆိုသော်လည်း၊ ရှံဆုန်က၊ ထိုမိန်းမကို တောင်း၍ပေးပါ။ အလွန်နှစ်သက်ပါသည်ဟု အဘအားပြောဆို၏။
အခန်းကိုကြည့်ပါ။