Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




သူ​ကြီး 14:3 - Common Language Bible

3 သို့​ရာ​တွင်​သူ​၏​မိ​ဘ​တို့​က``သင်​သည်​မိန်း​မ တစ်​ယောက်​ရ​ရှိ​နိုင်​ရန် ထာ​ဝ​ရ​ဘု​ရား​ကို မ​ကိုး​ကွယ်​သော​ဖိ​လိတ္တိ​အ​မျိုး​သား​တို့​ထံ သို့​အ​ဘယ်​ကြောင့်​သွား​ရ​ပါ​မည်​နည်း။ ငါ တို့​အ​မျိုး​သား​အ​ချင်း​ချင်း​အ​ထဲ​မှ​သော် လည်း​ကောင်း၊ ငါ​တို့​သား​ချင်း​စု​ထဲ​မှ​သော် လည်း​ကောင်း​မိန်း​က​လေး​တစ်​ယောက်​ကို ရှာ​၍​မ​ရ​နိုင်​ပါ​သ​လော'' ဟု​ပြန်​၍​မေး ကြ​၏။ ရှံ​ဆုန်​က​လည်း​မိ​မိ​၏​ဖ​ခင်​အား``ထို​အ​မျိုး သ​မီး​ကို​သာ​လျှင်​ကျွန်​တော်​၏​အ​တွက်​တောင်း ရမ်း​ပေး​စေ​လို​ပါ​သည်။ သူ့​အား​ကျွန်​တော်​နှစ် သက်​ပါ​သည်'' ဟု​ဆို​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

3 မိ ဘ တို့ က၊ လှီး ဖြတ် ခြင်း မင်္ဂ လာ မဲ့ သူ ဖိ လိ တ္တိ အ မျိုး တွင် ခင် ပွန်း ပြု ရန် ခေါ် ဆောင် ရ မည့် အ ကြောင်း မှာ၊ သင့် ဆွေ မျိုး သား ချင်း၊ ငါ တို့ အ မျိုး အ နက် မိန်း မ တစ် ယောက် မျှ မ ရှိ သ လော ဟု ပြော ဆို သော် လည်း၊ ရှံ ဆုန် က၊ ထို မိန်း မ ကို သာ တောင်း ပေး ပါ။ အ လွန် ပင် မြတ် နိုး လှ ပါ သည် ဟု အ ဘ အား လျှောက် ဆို လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

3 မိ​ဘ​တို့​က၊ သင်​သည် အ​ရေ​ဖျား​လှီး​ခြင်း​ကို မ​ခံ​သော ဖိ​လိ​တ္တိ​လူ​တို့​တွင် မ​ယား​ကို သွား၍ ယူ​ရ​မည်​အ​ကြောင်း၊ သင်၏​ညီ​အစ်​ကို​သ​မီး ငါ​တို့​အ​မျိုး​သား​ချင်း​သ​မီး​တို့​တွင် မိန်း​မ​တစ်​ယောက်​မျှ မ​ရှိ​လော​ဟု ဆို​သော်​လည်း၊ ရှံ​ဆုန်​က၊ ထို​မိန်း​မ​ကို တောင်း၍​ပေး​ပါ။ အ​လွန်​နှစ်​သက်​ပါ​သည်​ဟု အ​ဘ​အား​ပြော​ဆို၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

3 သူ့​မိဘ​က​လည်း သူ့​အား “​အရေဖျားမလှီး​သော​ဖိလိတ္တိ​လူမျိုး​တို့​ထဲမှ မိန်းမ​ကို သွား​၍​ယူ​ရ​လေ​အောင် သင့်​ဆွေမျိုးသားချင်း​၊ ငါ​တို့​လူမျိုး​များ​တွင် မိန်းမ​တစ်ယောက်​မျှ မ​ရှိ​သလော​”​ဟု ဆို​သော် ရှံဆုန်​က ဖခင်​အား “​ထို​အမျိုးသမီး​ကို​သာ သဘောကျ​သည်​ဖြစ်၍ တောင်း​ပေး​ပါ​”​ဟု ဆို​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




သူ​ကြီး 14:3
15 ပူးပေါင်းရင်းမြစ်များ  

ထို​အ​ခါ​အာ​ဗြံ​က​လော​တ​အား``ငါ​တို့​သည်​ဆွေ​မျိုး​သား​ချင်း​များ​ဖြစ်​ကြ​၍ သင့်​လူ​စု​နှင့်​ငါ့​လူ​စု​တို့​သည်​ခိုက်​ရန်​ဖြစ်​ပွား​နေ​ရန်​မ​သင့်​ချေ။-


ထို​နောက်​အာ​ဗြ​ဟံ​သည်​အ​ဘိ​မ​လက်​အား သိုး​နှင့်​နွား​တို့​ကို​ပေး​၍​သူ​တို့​နှစ်​ဦး​က​တိ သစ္စာ​ပြု​ကြ​လေ​သည်။-


သူ​တို့​က``ကျွန်ုပ်​တို့​၏​နှ​မ​ကို​အ​ရေ​ဖျား​လှီး ခြင်း​မင်္ဂ​လာ​မ​ခံ​ရ​သူ​နှင့်​ထိမ်း​မြား​ပေး​ခွင့် မ​ရှိ​ပါ။ ထို​သို့​ပြု​လျှင်​ကျွန်ုပ်​တို့​အ​တွက် ရှက်​ဖွယ်​ဖြစ်​ပါ​သည်။-


ထို​သ​တင်း​ကို​ဂါ​သ​မြို့​၌​သော်​လည်း​ကောင်း အာ​ရှ​ကေ​လုန်​မြို့​လမ်း​များ​ပေါ်​၌​သော်​လည်း ကောင်း မ​ပြော​ကြား​ကြ​နှင့်။ ဖိ​လိတ္တိ​အ​မျိုး​သ​မီး​တို့​ဝမ်း​မြောက်​ခွင့်​မ​ရ ကြ​စေ​နှင့်။ ဘု​ရား​မဲ့​သူ​တို့​၏​သ​မီး​များ​ရွှင်​မြူး​ခွင့်​မရ ကြ​စေ​နှင့်။


သင်​တို့​သည်​သစ္စာ​ဖောက်​၍​သင်​တို့​တွင်​ကျန် ရှိ​နေ​သေး​သော အ​ခြား​လူ​မျိုး​များ​နှင့် ပေါင်း​ဖက်​အိမ်​ထောင်​ဖက်​ပြု​ကြ​လျှင်၊-


သူ​သည်​အိမ်​သို့​ပြန်​ပြီး​လျှင်​မိ​မိ​၏​မိ​ဘ​တို့ အား``တိ​မ​န​မြို့​တွင်​ကျွန်​တော်​သ​ဘော​ကျ သော​မိန်း​က​လေး​တစ်​ယောက်​ရှိ​ပါ​သည်။ သူ နှင့်​ထိမ်း​မြား​လက်​ထပ်​လို​သ​ဖြင့်​သူ့​အား တောင်း​ရမ်း​ပေး​ကြ​ပါ'' ဟု​ပြော​၏။


ထို​နောက်​ရှံ​ဆုန်​သည်​အ​လွန်​ရေ​ငတ်​၍​လာ​သ ဖြင့် ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့``ဤ​အောင်​ပွဲ​ကြီး ကို​အ​ကျွန်ုပ်​အား​ကိုယ်​တော်​ပေး​တော်​မူ​ခဲ့​ပါ ပြီ။ ယ​ခု​အ​ကျွန်ုပ်​သည်​ရေ​ငတ်​၍​သေ​ရ​ပါ တော့​မည်​လော။ ဘု​ရား​မဲ့​သူ​ဤ​ဖိ​လိတ္တိ​အ​မျိုး သား​တို့​၏​လက်​တွင်​အ​ဖမ်း​ခံ​ရ​ပါ​တော့​မည် လော'' ဟု​ဆု​တောင်း​၏။-


ယော​န​သန်​က​လူ​ငယ်​အား``ဘု​ရား​မဲ့​သူ ဖိ​လိတ္တိ​အ​မျိုး​သား​တို့​၏​တပ်​စ​ခန်း​ကို ငါ​တို့​ဝင်​ရောက်​ကြ​စို့။ ထာ​ဝ​ရ​ဘု​ရား သည်​ငါ​တို့​အား​ကူ​မ​ကောင်း​ကူ​မ​လိမ့်​မည်။ အ​ကယ်​၍​ကိုယ်​တော်​ကူ​မ​တော်​မူ​ပါ​လျှင် ငါ​တို့​သည်​အ​ဘယ်​မျှ​ပင်​အ​ရည်​အ​တွက် အား​ဖြင့်​နည်း​သော်​လည်း​အောင်​ပွဲ​ကို​ရ​ရှိ ကြ​မည်'' ဟု​ဆို​၏။


ဒါ​ဝိဒ်​သည်​အ​နီး​၌​ရှိ​သော​လူ​တို့​အား``ဤ ဖိလိတ္တိ​အ​မျိုး​သား​ကို​သတ်​၍​ဣသ​ရေ​လ အ​မျိုး​သား​တို့​၏​အ​သ​ရေ​ကို​ဆယ်​နိုင်​သူ သည် အ​ဘယ်​အ​ကျိုး​ကို​ခံ​စား​ရ​ပါ​မည် နည်း။ အ​ကယ်​စင်​စစ်​ဤ​ဘုရား​မဲ့​ဖိ​လိတ္တိ အ​မျိုး​သား​သည်​အ​ဘယ်​သို့​သော​သူ​ဖြစ်​၍ အ​သက်​ရှင်​တော်​မူ​သော​ဘု​ရား​သ​ခင် ၏​တပ်​မ​တော်​ကို​အံ​တု​၍​နေ​ပါ​သ​နည်း'' ဟု​ဆို​၏။-


အ​ကျွန်ုပ်​သည်​ခြင်္သေ့​နှင့်​ဝက်​ဝံ​တို့​ကို​သတ်​ခဲ့​သူ ဖြစ်​၍ အ​သက်​ရှင်​တော်​မူ​သော​ဘု​ရား​သ​ခင်​၏ တပ်​မ​တော်​ကို​အံ​တု​သူ၊ ဤ​ဘု​ရား​မဲ့​ဖိ​လိတ္တိ အ​မျိုး​သား​အား​လည်း​သတ်​ဖြတ်​နိုင်​ပါ​သည်။-


မင်း​ကြီး​သည်​လက်​နက်​ဆောင်​လူ​ငယ်​အား``ဤ ဘု​ရား​မဲ့​သူ​ဖိ​လိတ္တိ​အ​မျိုး​သား​တို့​သည်​နှစ် ထောင်း​အား​ရ​ဖြစ်​လျက် ငါ့​ကို​ညှင်း​ဆဲ​သတ် ဖြတ်​မှု​မ​ပြု​နိုင်​စေ​ရန် သင်​သည်​မိ​မိ​၏​ဋ္ဌား ကို​ထုတ်​၍​ငါ့​အား​သတ်​ပါ​လော့'' ဟု​ဆို​၏။ သို့​ရာ​တွင်​ထို​လူ​ငယ်​သည်​ကြောက်​အား​ကြီး သ​ဖြင့် မ​သတ်​ရဲ​သော​ကြောင့်​ရှော​လု​သည် မိ​မိ​၏​ဋ္ဌား​ကို​ယူ​၍​ထောင်​ပြီး​လျှင် ထို ဋ္ဌား​ပေါ်​တွင်​လှဲ​ချ​လျက်​သေ​လေ​သည်။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ