Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




သူ​ကြီး 14:2 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

2 သူ​သည် မိဘ​ထံ ပြန်လာ​၍ “​အကျွန်ုပ်​သည် တိမနတ်​မြို့​၌ ဖိလိတ္တိ​မိန်းမပျို​များ​ထဲမှ မိန်းကလေး​တစ်ဦး​ကို တွေ့​ပါ​ပြီ​။ သူ့​ကို အကျွန်ုပ်​၏​မယား​အဖြစ် တောင်း​ပေး​ပါ​”​ဟု ဆို​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

2 သူ​သည်​အိမ်​သို့​ပြန်​ပြီး​လျှင်​မိ​မိ​၏​မိ​ဘ​တို့ အား``တိ​မ​န​မြို့​တွင်​ကျွန်​တော်​သ​ဘော​ကျ သော​မိန်း​က​လေး​တစ်​ယောက်​ရှိ​ပါ​သည်။ သူ နှင့်​ထိမ်း​မြား​လက်​ထပ်​လို​သ​ဖြင့်​သူ့​အား တောင်း​ရမ်း​ပေး​ကြ​ပါ'' ဟု​ပြော​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

2 မိ ဘ ထံ ပြန် လာ၍ တိ မ နတ် မြို့၌ ဖိ လိ တ္တိ အ မျိုး ဖြစ် သော မိန်း မ တစ် ယောက် ကို မြင် ခဲ့ ပါ သည်။ ကျွန် တော့် ခင် ပွန်း ဖြစ် စေ ခြင်း ငှာ တောင်း ဆို ပါ ဟု လျှောက် သော်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

2 မိ​ဘ​ထံ​သို့ ပြန်​လာ၍၊ တိ​မ​နတ်​မြို့၌ ဖိ​လိ​တ္တိ​အ​မျိုး​ဖြစ်​သော မိန်း​မ​တစ်​ယောက်​ကို မြင်​ခဲ့​ပြီ။ ကျွန်ုပ် ကြင်​ဖက်​ဖြစ်​ဖို့​ရာ တောင်း၍​ပေး​ပါ​ဟု ဆို​သော်၊

အခန်းကိုကြည့်ပါ။ ကော်ပီ




သူ​ကြီး 14:2
8 ပူးပေါင်းရင်းမြစ်များ  

ဤသို့ဖြင့် သူ​သည် ပါရန်​တောကန္တာရ​၌​နေထိုင်​လေ​၏​။ သူ​၏​မိခင်​သည် အီဂျစ်​ပြည်​မှ မိန်းမ​တစ်​ယောက်​နှင့် သူ့​ကို​စုံဖက်​ပေး​၏​။


ရှေခင်​သည် မိမိ​ဖခင်​ဟာမော်​အား “​ဤ​မိန်းကလေး​ကို အကျွန်ုပ်​၏​မယား​အဖြစ် တောင်း​ပေး​ပါ​”​ဟု လျှောက်ဆို​၏​။


ထို့နောက်တွင် ယုဒ​သည် မိမိ​၏​သားဦး​ဧရ​ကို တာမာ​အမည်​ရှိ​သော​အမျိုးသမီး​နှင့် စုံဖက်​ပေး​လေ​၏​။


သို့သော် အစ္စရေး​ဘုရင်​ယဟောရှ​မင်းကြီး​သည် ယုဒ​ဘုရင်​အာမဇိ​မင်းကြီး​အား “​လက်ဘနွန်​တော​ရှိ​ဆူးပင်​က ထို​လက်ဘနွန်​တော​ရှိ​သစ်ကတိုးပင်​ထံ လူ​လွှတ်​၍ ‘​သင့်​သမီး​ကို ငါ့​သား​နှင့် စုံဖက်​စေ​ပါ​’​ဟု မှာလိုက်​၏​။ သို့သော် လက်ဘနွန်​တော​ရှိ​တောရိုင်းတိရစ္ဆာန်​တစ်​ကောင် ဖြတ်လာ​ပြီး ဆူးပင်​ကို နင်းချေ​သွား​၏​။


မိန်းမ​ယူ​၍ သား​သမီး​များ​ကို မွေးဖွား​ကြ​လော့​။ သား​များ​ကို​လည်း မိန်းမ​ယူ​စေ​လော့​။ သမီး​များ​ကို​လည်း ယောက်ျား​ယူ​စေ​လော့​။ သား​သမီး​များ မွေးဖွား​စေ​ကြ​လော့​။ ထို​အရပ်​၌ မ​လျော့နည်း​ဘဲ တိုးပွား​ကြ​လော့​။


ရှံဆုန်​သည် တိမနတ်​မြို့​သို့ ဆင်းသွား​ရာ တိမနတ်​မြို့​၌ ဖိလိတ္တိ​မိန်းမပျို​များ​ထဲမှ မိန်းကလေး​တစ်ဦး​ကို တွေ့​၏​။


သူ့​မိဘ​က​လည်း သူ့​အား “​အရေဖျားမလှီး​သော​ဖိလိတ္တိ​လူမျိုး​တို့​ထဲမှ မိန်းမ​ကို သွား​၍​ယူ​ရ​လေ​အောင် သင့်​ဆွေမျိုးသားချင်း​၊ ငါ​တို့​လူမျိုး​များ​တွင် မိန်းမ​တစ်ယောက်​မျှ မ​ရှိ​သလော​”​ဟု ဆို​သော် ရှံဆုန်​က ဖခင်​အား “​ထို​အမျိုးသမီး​ကို​သာ သဘောကျ​သည်​ဖြစ်၍ တောင်း​ပေး​ပါ​”​ဟု ဆို​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ