ဂိလဒ်ပြည်ရှိ တိရှဘိမြို့သားဧလိယက အာဟပ်မင်းကြီးအား “ငါကိုးကွယ်သော အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရား အသက်ရှင်တော်မူသည်နှင့်အညီ ဤနှစ်များအတွင်း ငါအမိန့်မပေးဘဲ မိုးမရွာ၊ နှင်းမကျစေရ”ဟု ဆို၏။
သူကြီး 12:4 - မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် ယေဖသသည် ဂိလဒ်ပြည်သားအပေါင်းတို့ကို စုရုံး၍ ဧဖရိမ်အမျိုးသားတို့ကို တိုက်ခိုက်လေ၏။ “ဂိလဒ်ပြည်သားတို့သည် ဧဖရိမ်ပြည်၊ မနာရှေပြည်တို့မှ ထွက်ပြေးလာသောဝရမ်းပြေးများသာဖြစ်သည်”ဟု ဆိုသောကြောင့် ဂိလဒ်ပြည်သားတို့သည် ဧဖရိမ်အမျိုးသားတို့ကို တိုက်ခိုက်သတ်ဖြတ်လေ၏။ Common Language Bible ထိုနောက်ယေဖသသည်ဂိလဒ်သူရဲအပေါင်း တို့ကိုစုရုံးစေလျက် ဧဖရိမ်အမျိုးသား တို့အားတိုက်ခိုက်လေသည်။ (ဧဖရိမ်ပြည် နှင့်မနာရှေပြည်တွင်နေထိုင်သောဂိလဒ် ပြည်သားတို့သည် သစ္စာဖောက်၍ဧဖရိမ် ပြည်မှထွက်သွားသူများဟူ၍စွပ်စွဲ ပြောဆိုခဲ့သတည်း။-) Garrad Bible ဂိ လဒ် သူ ရဲ အ ပေါင်း တို့ ကို စု ရုံး၍ ဧ ဖ ရိမ့် အ နွယ် သား တို့ နှင့် စစ် ပြိုင် ရာ ဧ ဖ ရိမ့် အ နွယ် သား တို့ က အ ချင်း ဂိ လဒ် ပြည် သား တို့ သင် တို့ သည် ဧ ဖ ရိမ်၊ မ နာ ရှေ့ အ နွယ် များ အ တွင်း မှ ထွက် ပြေး ရ သူ မျှ သာ ဖြစ် သ တည်း ဟု ကဲ့ ရဲ့ သည် ကို ထောက်၍ ဂိ လဒ် သူ ရဲ တို့ လုပ် ကြံ ကြ ၏။ Judson Bible ဂိလဒ်ပြည်သားအပေါင်းတို့ကို စုဝေးစေ၍ ဧဖရိမ်အမျိုးကို တိုက်ကြ၏။ ဧဖရိမ်လူတို့က၊ သင်တို့သည် ဧဖရိမ်အမျိုး၊ မနာရှေအမျိုးထဲက ထွက်ပြေး၍ အမျိုးမစစ်သောသူ ဖြစ်သည်ဟု ဂိလဒ်ပြည်သားတို့ကို ကဲ့ရဲ့ဖူးသောကြောင့်၊ ဧဖရိမ်လူတို့ကို လုပ်ကြံကြ၏။ |
ဂိလဒ်ပြည်ရှိ တိရှဘိမြို့သားဧလိယက အာဟပ်မင်းကြီးအား “ငါကိုးကွယ်သော အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရား အသက်ရှင်တော်မူသည်နှင့်အညီ ဤနှစ်များအတွင်း ငါအမိန့်မပေးဘဲ မိုးမရွာ၊ နှင်းမကျစေရ”ဟု ဆို၏။
ထို့ကြောင့် ငါက “အကျွန်ုပ်တို့၏ဘုရားသခင်၊ အကျွန်ုပ်တို့ကဲ့ရဲ့ခံရသည်ကို နားထောင်တော်မူပါ။ သူတို့ကဲ့ရဲ့သည့်စကားကို သူတို့ခေါင်းပေါ် ပြန်ရောက်စေတော်မူပါ။ သူတို့ကို လုယက်ပစ္စည်းကဲ့သို့ဖြစ်စေ၍ သုံ့ပန်းဘဝသို့ ရောက်စေတော်မူပါ။
လေးလက်နက်စွဲကိုင်သောဧဖရိမ်အမျိုးသားတို့သည် စစ်တိုက်သောနေ့တွင် နောက်ပြန်လှည့်ကြ၏။
မကောင်းမှုပြုသောသူသည် မိမိနှုတ်ကျူးလွန်သောအပြစ်အားဖြင့် ထောင်ချောက်မိတတ်၏။ ဖြောင့်မတ်သောသူမူကား ဆင်းရဲဒုက္ခထဲမှ လွတ်မြောက်တတ်၏။
ညင်သာစွာဖြေကြားသောစကားသည် အမျက်ဒေါသကိုပြေစေတတ်၏။ ကြမ်းတမ်းသောစကားမူကား အမျက်ကိုလှုံ့ဆော်တတ်၏။
ဂိလဒ်ပြည်သက်ကြီးဝါကြီးတို့ကလည်း ယေဖသအား “ထာဝရဘုရား ကြားသိတော်မူပါ၏။ သင်ပြောသည့်အတိုင်း ငါတို့လုပ်ပါမည်”ဟု ဆိုကြ၏။
သင်တို့မကယ်ကြောင်း သိသောအခါ ငါသည်အသက်ကိုစွန့်၍ အမ္မုန်အမျိုးသားတို့ထံ ကူးသွား၏။ ထာဝရဘုရားကလည်း ထိုသူတို့ကို ငါ့လက်သို့အပ်တော်မူ၏။ ယနေ့ သင်တို့သည် အဘယ်ကြောင့် ငါ့ကို လာတိုက်ကြသနည်း”ဟု ပြန်ပြော၏။
ဂိလဒ်ပြည်သားတို့သည် ဧဖရိမ်တို့ပိုင်သောဂျော်ဒန်မြစ်ရေတိမ်ပိုင်းတို့ကို သိမ်းပိုက်ပြီးဖြစ်၍ ထိုနေရာသို့ ဧဖရိမ်အမျိုးသားတစ်ယောက်ယောက်က ထွက်ပြေးလာပြီး “အကျွန်ုပ် ဖြတ်ကူးပါရစေ”ဟု ဆိုလျှင် ဂိလဒ်ပြည်သားတို့က “သင်သည် ဧဖရိမ်အမျိုးသားလော”ဟု မေး၍ သူက “မဟုတ်ပါ”ဟု ဖြေလျှင်
နာဗလက ဒါဝိဒ်၏အစေအပါးတို့အား “ဒါဝိဒ်ကား မည်သူနည်း။ ယေရှဲ၏သားကား မည်သူနည်း။ ယခုနေ့ရက်တို့တွင် သခင့်ထံမှ ထွက်ပြေးသောအစေအပါး များပြားလှပါတကား။