သူကြီး 11:10 - မြန်မာ့စံမီသမ္မာကျမ်း10 ဂိလဒ်ပြည်သက်ကြီးဝါကြီးတို့ကလည်း ယေဖသအား “ထာဝရဘုရား ကြားသိတော်မူပါ၏။ သင်ပြောသည့်အတိုင်း ငါတို့လုပ်ပါမည်”ဟု ဆိုကြ၏။ အခန်းကိုကြည့်ပါ။Common Language Bible10 ထိုသူတို့ကလည်း``ငါတို့သဘောတူပါသည်။ ထာဝရဘုရားသည်ငါတို့၏အသိသက်သေ ပင်ဖြစ်ပါ၏'' ဟုဖြေကြားကြ၏။- အခန်းကိုကြည့်ပါ။Garrad Bible10 အ ရှင့် စ ကား အ တိုင်း အ မှန် ပြု ပါ မည်။ ထာ ဝ ရ ဘု ရား သည် အ ရှင် နှင့် ကျွန် တော် တို့ ကြား တွင် သက် သေ ဖြစ် ပါ စေ သော ဟု ယေ ဖ သ အား ဝန် ခံ ကြ၏။ အခန်းကိုကြည့်ပါ။Judson Bible10 ဂိလဒ်ပြည်သား အသက်ကြီးသူတို့က၊ သင်ပြောသော စကားအတိုင်း ငါတို့မပြုလျှင် ထာဝရဘုရားသည် သင်နှင့်ငါတို့စပ်ကြား၌ သက်သေဖြစ်တော်မူပါစေသောဟု ယေဖသအား ပြန်ပြောကြ၏။ အခန်းကိုကြည့်ပါ။ |
သို့ဖြစ်၍ စာရဲက အာဗြံအား “အကျွန်ုပ်ခံရသောမထီလေးစားပြုခြင်းအမှုသည် သခင့်အပေါ်ကျရောက်ပါစေ။ အကျွန်ုပ်၏ကျွန်မကို သခင့်ရင်ခွင်၌ အကျွန်ုပ်ပေးအပ်ခဲ့ပါသည်။ သို့သော် သူသည် မိမိကိုယ်ဝန်ရှိနေကြောင်းသိသောအခါ အကျွန်ုပ်ကိုမထီလေးစားပြုပါသည်။ ထာဝရဘုရားသည် အကျွန်ုပ်နှင့်သခင့်ကြားတွင် တရားသဖြင့်စီရင်ပေးတော်မူပါစေသော”ဟု ဆိုလေ၏။
“သင်တို့ကို တရားစီရင်ရန် သင်တို့ထံသို့ ငါကြွလာမည်။ ငါသည် မှော်ဆရာများ၊ အိမ်ထောင်ရေးဖောက်ပြန်သောသူများ၊ မဟုတ်မမှန်ကျိန်ဆိုသောသူများ၊ သူရင်းငှား၏လုပ်အားခကို မပေးသောသူများ၊ မုဆိုးမနှင့် ဖတဆိုးတို့ကို နှိပ်စက်သောသူများ၊ တိုင်းတစ်ပါးသားတို့ကို လျစ်လျူရှု၍ ငါ့ကိုမကြောက်ရွံ့သောသူများကိုဆန့်ကျင်လျက် အလျင်အမြန်သက်သေထွက်ဆိုမည်”ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူ၏။
ငါသည်ဆုတောင်းသောအခါ သင်တို့ကိုအမြဲမပြတ်သတိရလျက် ဘုရားသခင်၏အလိုတော်ရှိလျှင် တစ်ချိန်ချိန်တွင် တစ်နည်းနည်းဖြင့် သင်တို့ထံသို့လာရသောအခွင့်ရှိပါမည့်အကြောင်း အစဉ်တောင်းလျှောက်နေ၏။ ဤအကြောင်းအရာနှင့်ပတ်သက်၍ ငါ့အတွက်သက်သေခံပေးသောသူမှာ သားတော်၏ကောင်းမြတ်သောသတင်းကို ငါဟောပြောလျက် ငါ၏ဝိညာဉ်အားဖြင့် ဝတ်ပြုသောဘုရားသခင်ဖြစ်တော်မူ၏။