နေဟမိ 4:4 - မြန်မာ့စံမီသမ္မာကျမ်း4 ထို့ကြောင့် ငါက “အကျွန်ုပ်တို့၏ဘုရားသခင်၊ အကျွန်ုပ်တို့ကဲ့ရဲ့ခံရသည်ကို နားထောင်တော်မူပါ။ သူတို့ကဲ့ရဲ့သည့်စကားကို သူတို့ခေါင်းပေါ် ပြန်ရောက်စေတော်မူပါ။ သူတို့ကို လုယက်ပစ္စည်းကဲ့သို့ဖြစ်စေ၍ သုံ့ပန်းဘဝသို့ ရောက်စေတော်မူပါ။ အခန်းကိုကြည့်ပါ။Common Language Bible4 ငါက``အို ဘုရားသခင်အကျွန်ုပ်တို့အား ထိုသူတို့အဘယ်သို့ပြက်ရယ်ပြုကြသည် ကိုနားထောင်တော်မူပါ။ သူတို့သည်မိမိ တို့ကဲ့ရဲ့ပြောဆိုသည့်စကားဖြင့်တန်ပြန် ထိကြပါစေသော။ သူတို့သည်မိမိတို့တွင် ရှိသမျှသောဥစ္စာပစ္စည်းများကိုအလု အယက်ခံရလျက် နိုင်ငံရပ်ခြားသို့ဖမ်း ဆီးခေါ်ဆောင်ခြင်းကိုခံရကြပါစေ သော။- အခန်းကိုကြည့်ပါ။Garrad Bible4 အို အ ကျွန်ုပ် တို့ ဘု ရား သ ခင်၊ နား ညောင်း တော် မူ ပါ။ မ ထီ မဲ့ မြင် ပြု ခြင်း ကို အ ကျွန်ုပ် တို့ ခံ ရ ပါ၏။ ချင်း တို့ ကဲ့ ရဲ့ သော စ ကား သည်၊ ချင်း တို့ ဦး ထိပ် သို့ ရောက် လျက်၊ သိမ်း သွား ရာ ပြည် တွင် လု ယက် ခြင်း ကို ခံ ရ ကြ ပါ စေ သော။ အခန်းကိုကြည့်ပါ။Judson Bible4 အို အကျွန်ုပ်တို့ ဘုရားသခင်၊ နားထောင်တော်မူပါ။ အကျွန်ုပ်တို့သည် မထီမဲ့မြင်ပြုခြင်းကို ခံရပါ၏။ သူတို့ကဲ့ရဲ့သောစကားသည်၊ သူတို့ခေါင်းပေါ်သို့ ပြန်ရောက်ပါစေသော။ သိမ်းသွားခြင်းကို ခံရာပြည်၌ လုယက်ခြင်းကို ခံရကြပါစေသော။ အခန်းကိုကြည့်ပါ။ |
ဒါဝိဒ်သည် မိမိအနား၌ရပ်နေသောလူတို့အား “ဤဖိလိတ္တိပြည်သားကိုသတ်ပြီး အစ္စရေးလူမျိုးတို့ စော်ကားခံနေရသည်ကို ဖယ်ရှားပေးနိုင်သောသူအား မည်သို့ပြုပေးမည်နည်း။ အသက်ရှင်တော်မူသောဘုရားသခင်၏စစ်သည်တို့ကို စော်ကားပြောဆိုနေရအောင် ဤအရေဖျားလှီးခြင်းမခံသောဖိလိတ္တိပြည်သားကား မည်သူနည်း”ဟု မေး၏။