အစ္စရေးအမျိုးသားတို့သည် ယုဒအမျိုးသားတို့ရှေ့မှ ထွက်ပြေးကြရ၏။ ဘုရားသခင်သည် သူတို့ကို ယုဒအမျိုးသားတို့လက်သို့ အပ်တော်မူ၏။
သူကြီး 11:21 - မြန်မာ့စံမီသမ္မာကျမ်း သို့သော် အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားသည် ရှိဟုန်မင်းကြီးမှစ၍ သူ့လူတို့ကို အစ္စရေးလူမျိုးတို့လက်သို့ အပ်တော်မူသဖြင့် အစ္စရေးလူမျိုးတို့သည် သူတို့ကိုတိုက်၍ အာမောရိပြည်တစ်ပြည်လုံးကို သိမ်းပိုက်ခဲ့၏။ Common Language Bible သို့ရာတွင်ထာဝရဘုရားသည်ဣသရေလ အမျိုးသားတို့အား ရှိဟုန်မင်းနှင့်တပ်မ တော်ကိုနှိမ်နင်းအောင်မြင်ခွင့်ပေးတော်မူ သဖြင့် ဣသရေလအမျိုးသားတို့သည်ထို ပြည်၌နေထိုင်သောအာမောရိအမျိုးသား တို့၏နယ်မြေရှိသမျှကိုသိမ်းယူကြ၏။- Garrad Bible ရှိ ဟုန် မင်း နှင့် အ လုံး အ ရင်း ရှိ သ မျှ တို့ ကို ဣ သ ရေ လ လက် တွင်း သို့ ဣ သ ရေ လ လူ မျိုး၏ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား အပ် နှင်း တော် မူ သည့် အ တိုင်း လုပ် ကြံ ကြ ရာ၊ ထို ပြည် တွင် နေ ထိုင် သော အာ မော ရိ လူ မျိုး၏ ပြည် နယ် တစ် လျှောက် လုံး ကို ဣ သ ရေ လ လူ မျိုး တို့ သိမ်း ယူ ကြ၏။ Judson Bible ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရားသည်၊ ရှိဟုန်မင်းနှင့်တကွ သူ၏လူအပေါင်းတို့ ဣသရေလအမျိုးလက်၌ အပ်တော်မူ၍၊ သူတို့ကို လုပ်ကြံသဖြင့် ထိုပြည်၌နေသော အာမောရိလူတို့၏ မြေတစ်လျှောက်လုံးကို သိမ်းယူကြ၏။ |
အစ္စရေးအမျိုးသားတို့သည် ယုဒအမျိုးသားတို့ရှေ့မှ ထွက်ပြေးကြရ၏။ ဘုရားသခင်သည် သူတို့ကို ယုဒအမျိုးသားတို့လက်သို့ အပ်တော်မူ၏။
အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားသည် ဆားပဋိညာဉ်ဖွဲ့၍ ဒါဝိဒ်မင်းကြီးနှင့် သူ့သားမြေးတို့အား အစ္စရေးလူမျိုးတို့အပေါ် ထာဝရအုပ်စိုးခွင့်ပေးခဲ့သည်ကို သင်တို့ သိကြသည်မဟုတ်လော။
သင်၏နယ်နိမိတ်ကို ပင်လယ်နီမှ ဖိလိတ္တိပင်လယ်တိုင်အောင်လည်းကောင်း၊ တောကန္တာရမှ ယူဖရေးတီးမြစ်တိုင်အောင်လည်းကောင်း ငါသတ်မှတ်မည်။ အကြောင်းမူကား ငါသည် ထိုပြည်၌နေထိုင်သောသူတို့ကို သင်တို့လက်သို့အပ်သဖြင့် သင်သည် သူတို့ကို သင့်ရှေ့မှ နှင်ထုတ်လိမ့်မည်။
သို့သော် သစ်ကတိုးပင်မြင့်သကဲ့သို့မြင့်၍ ဝက်သစ်ချပင်ကဲ့သို့သန်မာသော အာမောရိလူမျိုးတို့ကို အပင်ပေါ်ရှိအသီးများသာမက မြေအောက်ရှိအမြစ်များပါမကျန် ဖျက်ဆီးသကဲ့သို့ သူတို့ရှေ့တွင်ပင် ငါကိုယ်တော်တိုင် သုတ်သင်ပယ်ရှင်းပစ်ခဲ့၏။
ထိုအခါ အစ္စရေးလူမျိုးတို့သည် ရှိဟုန်မင်းကြီးကို ဓားဖြင့်ခုတ်သတ်၍ အာနုန်ချောင်းမှ အမ္မုန်အမျိုးသားတို့၏နယ်စပ် ယဗ္ဗုတ်ချောင်းအထိ ထိုမင်း၏ပြည်ကိုသိမ်းပိုက်နိုင်၏။ အမ္မုန်အမျိုးသားတို့၏နယ်စပ်သည် အခိုင်အမာရှိ၏။
ရှိဟုန်မင်းကြီးနှင့် သူ့လူအပေါင်းတို့သည် ငါတို့ကိုဆီးတားတိုက်ခိုက်ရန် ယာဟတ်အရပ်သို့ ချီတက်လာကြ၏။
ထာဝရဘုရားက ယောရှုအား “ကြည့်ရှုလော့။ ဂျေရိခေါမြို့နှင့်တကွ ရှင်ဘုရင်နှင့် ရဲစွမ်းသတ္တိရှိသောစစ်သူရဲတို့ကို သင့်လက်သို့ ငါအပ်ပြီ။
ရှိဟုန်မင်းကြီးသည် အစ္စရေးလူမျိုးတို့ကိုမယုံသဖြင့် နယ်မြေကို ဖြတ်ခွင့်မပေး။ ထို့ပြင် ရှိဟုန်မင်းကြီးသည် မိမိလူတို့ကို စုရုံးပြီး ယာဟတ်မြို့၌တပ်ချကာ အစ္စရေးလူမျိုးတို့ကို တိုက်ခိုက်ခဲ့၏။