သူကြီး 11:21 - Common Language Bible21 သို့ရာတွင်ထာဝရဘုရားသည်ဣသရေလ အမျိုးသားတို့အား ရှိဟုန်မင်းနှင့်တပ်မ တော်ကိုနှိမ်နင်းအောင်မြင်ခွင့်ပေးတော်မူ သဖြင့် ဣသရေလအမျိုးသားတို့သည်ထို ပြည်၌နေထိုင်သောအာမောရိအမျိုးသား တို့၏နယ်မြေရှိသမျှကိုသိမ်းယူကြ၏။- အခန်းကိုကြည့်ပါ။Garrad Bible21 ရှိ ဟုန် မင်း နှင့် အ လုံး အ ရင်း ရှိ သ မျှ တို့ ကို ဣ သ ရေ လ လက် တွင်း သို့ ဣ သ ရေ လ လူ မျိုး၏ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား အပ် နှင်း တော် မူ သည့် အ တိုင်း လုပ် ကြံ ကြ ရာ၊ ထို ပြည် တွင် နေ ထိုင် သော အာ မော ရိ လူ မျိုး၏ ပြည် နယ် တစ် လျှောက် လုံး ကို ဣ သ ရေ လ လူ မျိုး တို့ သိမ်း ယူ ကြ၏။ အခန်းကိုကြည့်ပါ။Judson Bible21 ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရားသည်၊ ရှိဟုန်မင်းနှင့်တကွ သူ၏လူအပေါင်းတို့ ဣသရေလအမျိုးလက်၌ အပ်တော်မူ၍၊ သူတို့ကို လုပ်ကြံသဖြင့် ထိုပြည်၌နေသော အာမောရိလူတို့၏ မြေတစ်လျှောက်လုံးကို သိမ်းယူကြ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း21 သို့သော် အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားသည် ရှိဟုန်မင်းကြီးမှစ၍ သူ့လူတို့ကို အစ္စရေးလူမျိုးတို့လက်သို့ အပ်တော်မူသဖြင့် အစ္စရေးလူမျိုးတို့သည် သူတို့ကိုတိုက်၍ အာမောရိပြည်တစ်ပြည်လုံးကို သိမ်းပိုက်ခဲ့၏။ အခန်းကိုကြည့်ပါ။ |
သို့ရာတွင်ဣသရေလအမျိုးသားတို့သည်ရန် သူများစွာတို့ကို တိုက်ပွဲ၌ကျဆုံးစေပြီးလျှင် အာနုန်မြစ်မှမြောက်ဘက်အမ္မုန်ပြည်နယ်စပ် ယဗ္ဗုတ်မြစ်တိုင်အောင် ရှိဟုန်ဘုရင်၏နယ်မြေ များကိုသိမ်းယူကြလေသည်။ အမ္မုန်ပြည် နယ်စပ်တိုင်အောင်သာချီတက်နိုင်ခြင်းမှာ ထိုနယ်စပ်ကိုခိုင်ခံ့စွာကာကွယ်ထားခြင်း ကြောင့်ဖြစ်သည်။-