မိဇပါ ဟူ၍လည်းကောင်း ခေါ်၏။ အကြောင်းမူကား လာဗန်က “ငါတို့သည် တစ်ဦးနှင့်တစ်ဦးမတွေ့မမြင်နိုင်ကြသောအခါ သင်နှင့်ငါကြား၌ ထာဝရဘုရားစောင့်ကြည့်တော်မူပါစေ။
သူကြီး 10:17 - မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ အမ္မုန်အမျိုးသားတို့သည် ဂိလဒ်ပြည်တွင် စုရုံးစခန်းချကြ၏။ အစ္စရေးအမျိုးသားတို့သည်လည်း မိဇပါမြို့တွင် စုရုံးစခန်းချကြ၏။ Common Language Bible ထိုအခါ၌အမ္မုန်တပ်မတော်သည်စစ်ပွဲဝင် ရန်အသင့်ပြင်လျက် ဂိလဒ်ပြည်တွင်စခန်း ချလေသည်။ ဣသရေလအမျိုးသားတို့ သည်စုရုံး၍ ဂိလဒ်ပြည်မိဇပါမြို့၌တပ် ချကြ၏။- Garrad Bible ထို အ ခါ အ မ္မုန် အ မျိုး သား တို့ စု ရုံး၍ ဂိ လဒ် ပြည် တွင် စွဲ ရပ် သည့် အ တွင်း ဣ သ ရေ လ အ မျိုး သား တို့ လည်း စည်း ဝေး၍ မိ ဇ ပါ မြို့ မှာ စွဲ ရပ် ကြ စဉ်၊ Judson Bible အမ္မုန်အမျိုးသားတို့သည် စည်းဝေး၍ ဂိလဒ်ပြည်၌ တပ်ချကြ၏။ ဣသရေလ အမျိုးသားတို့သည် စည်းဝေး၍ မိဇပါမြို့မှာ တပ်ချကြ၏။ |
မိဇပါ ဟူ၍လည်းကောင်း ခေါ်၏။ အကြောင်းမူကား လာဗန်က “ငါတို့သည် တစ်ဦးနှင့်တစ်ဦးမတွေ့မမြင်နိုင်ကြသောအခါ သင်နှင့်ငါကြား၌ ထာဝရဘုရားစောင့်ကြည့်တော်မူပါစေ။
ဟေရှဘုန်မြို့မှ ရာမတ်မိဇပါမြို့၊ ဗေတောနိမ်မြို့အထိ၊ မဟာနိမ်မြို့မှ ဒေဗိရမြို့နယ်နိမိတ်အထိ၊
ဂိလဒ်ပြည်သားအကြီးအကဲတို့က “အမ္မုန်အမျိုးသားတို့ကို မည်သူဦးဆောင်တိုက်ခိုက်မည်နည်း။ ထိုသူကို ဂိလဒ်ပြည်၏ခေါင်းဆောင်ဖြစ်စေမည်”ဟု အချင်းချင်းပြောဆိုကြ၏။
ထို့ကြောင့် ယေဖသသည် ဂိလဒ်ပြည်သက်ကြီးဝါကြီးတို့နှင့်အတူ လိုက်သွား၏။ သူတို့သည် ယေဖသကို သူတို့၏ခေါင်းဆောင်၊ ဦးစီးဦးဆောင်သူအဖြစ် ခန့်ထားကြ၏။ ယေဖသသည် ထိုသူတို့နှင့်ပြောခဲ့သောစကားအလုံးစုံကို မိဇပါမြို့တွင် ထာဝရဘုရားရှေ့တော်၌ လျှောက်တင်လေ၏။
ထာဝရဘုရား၏ဝိညာဉ်တော်သည် ယေဖသအပေါ် သက်ရောက်တော်မူသဖြင့် သူသည် ဂိလဒ်ပြည်၊ မနာရှေပြည်တို့ကိုဖြတ်၍ ဂိလဒ်ပြည်ရှိ မိဇပါမြို့သို့ ချီတက်သွား၏။ ဂိလဒ်ပြည် မိဇပါမြို့မှ အမ္မုန်အမျိုးသားတို့ရှိရာသို့ ဆက်၍ချီတက်သွား၏။
ယေဖသသည် မိဇပါမြို့ရှိ မိမိအိမ်သို့ပြန်လာသောအခါ သူ၏သမီးသည် သူ့ကိုကြိုဆိုရန် ပတ်သာတီးလျက်၊ ကခုန်လျက် ထွက်လာလေ၏။ သူသည် တစ်ဦးတည်းသောသမီးဖြစ်၏။ ထိုသမီးမှလွဲ၍ သူ၌ အခြားသောသားသမီး မရှိ။
ထိုသို့ဖြစ်ပျက်ပြီးနောက်တွင် အမ္မုန်အမျိုးသားတို့သည် အစ္စရေးလူမျိုးတို့ကို တိုက်ခိုက်လာကြ၏။
သူတို့က ယေဖသအား “လာပါ။ ငါတို့သည် အမ္မုန်အမျိုးသားတို့ကို တိုက်ခိုက်နိုင်ရန် ငါတို့ကို ဦးဆောင်ပါ”ဟု ဆိုကြ၏။
ထိုအခါ ရှမွေလက သူတို့အား “အစ္စရေးတစ်မျိုးသားလုံးကို မိဇပါမြို့၌ စုဝေးစေကြလော့။ သင်တို့အဖို့ ထာဝရဘုရားထံ ငါဆုတောင်းပေးမည်”ဟု ဆို၏။