သင်တို့ရွေးချယ်ခဲ့သောဘုရားများထံသို့ သွား၍အော်ဟစ်ကြလော့။ သင်တို့ ဆင်းရဲဒုက္ခရောက်ချိန်၌ သူတို့သည် သင်တို့ကို ကယ်တင်ပါစေ”ဟု မိန့်တော်မူ၏။
သင်တို့ရွေးချယ်ထားသည့်အခြားဘုရား များထံသို့သွား၍အော်ဟစ်ကြလော့။ သင် တို့ဒုက္ခရောက်ရာကာလ၌ထိုဘုရားတို့ သည်သင်တို့အားကယ်ဆယ်ပါလေစေ။''
သင် တို့ ရွေး ချယ် သော ဘု ရား များ ထံ သွား၍ အော် ဟစ် ကြ လော့။ ဒု က္ခ ရောက် သော အ ခါ သူ တို့ ပင် ကယ် ကြ စေ ဟု ဣ သ ရေ လ အ မျိုး သား တို့ အား မိန့် တော် မူ လျှင်၊
သင်တို့ ရွေးယူသောဘုရားတို့ကို သွား၍ ဟစ်ကြော်ကြလော့။ အမှုရောက်သော ယခုကာလ၌ သူတို့သည် ကယ်နုတ်ကြစေဟု ဣသရေလအမျိုးသားတို့အား မိန့်တော်မူ၏။
ဧလိရှဲက အစ္စရေးဘုရင်အား “ငါသည် မင်းကြီးနှင့်မည်သို့ဆိုင်သနည်း။ အရှင့်ခမည်းတော်၏ပရောဖက်များ၊ မယ်တော်၏ပရောဖက်များထံသို့ သွားမေးပါလော့”ဟု ဆို၏။ ထိုအခါ အစ္စရေးဘုရင်က “ထိုသို့မဆိုပါနှင့်။ အကျွန်ုပ်တို့ဤဘုရင်သုံးပါးကို မောဘလူမျိုးလက်သို့ အပ်ဖို့ ထာဝရဘုရား ခေါ်ထုတ်တော်မူပြီ”ဟု ပြန်ပြော၏။
စစ်ကြောစီရင်ရာနေ့၊ ဝေးသောအရပ်မှဖျက်ဆီးခြင်းဘေး ရောက်လာသောနေ့၌ သင်တို့မည်သို့ပြုကြမည်နည်း။ မည်သူ့ထံပြေး၍ အကူအညီတောင်းကြမည်နည်း။ သင်တို့၏စည်းစိမ်ဥစ္စာများကို မည်သည့်နေရာ၌ထားခဲ့ကြမည်နည်း။
သူတို့သည် ထိုရုပ်တုကို ပခုံးပေါ်ထမ်း၍ သယ်ဆောင်သွားကြ၏။ ထိုရုပ်တုသည် ချထားသောနေရာ၌ မတ်တတ်နေရ၏။ နေရာမှမရွေ့နိုင်။ အော်ဟစ်အသနားခံသောသူကိုလည်း ပြန်မထူးနိုင်။ သူ့ကိုလည်း ဆင်းရဲဒုက္ခထဲမှ မကယ်တင်နိုင်။
သင်အော်ဟစ်သောအခါ ရုပ်တုတို့သည် သင့်ကိုကယ်နုတ်ပါစေ။ သို့သော် ထိုအရာအားလုံးကို လေတိုက်သွားမည်။ ထွက်သက်လေတစ်ချက်က လွင့်သွားစေမည်။ ငါ၌ခိုလှုံသောသူမူကား ပြည်တော်ကိုအမွေဆက်ခံရမည်။ ငါ၏သန့်ရှင်းသောတောင်ကို ပိုင်ဆိုင်ရမည်။
သင့်အတွက် သင်လုပ်သော ဘုရားများသည် အဘယ်မှာနည်း။ သင်ဒုက္ခရောက်ချိန်၌ ထိုဘုရားတို့သည် သင့်ကို ကယ်တင်နိုင်လျှင် ထ၍ကယ်ကြပါစေ။ အို ယုဒပြည်၊ သင့်မြို့အရေအတွက်များသည်နှင့်အမျှ သင့်ဘုရားသည်လည်း များပါသည်တကား။
အို အစ္စရေးအမျိုးအနွယ်တို့၊ ဘုရားရှင်ထာဝရဘုရားက ‘သွားကြ၊ ကိုယ့်ရုပ်တုကို ကိုယ်ကိုးကွယ်ကြလော့။ နောက်မှ ရုပ်တုများကို ပူဇော်ပြီး သန့်ရှင်းသောငါ့နာမကို မရှုတ်ချတော့ဘဲ ငါ့စကားကို နားထောင်ရမည့်အချိန် ရောက်လာလိမ့်မည်’ဟု မိန့်တော်မူ၏။