သူကြီး 10:14 - Common Language Bible14 သင်တို့ရွေးချယ်ထားသည့်အခြားဘုရား များထံသို့သွား၍အော်ဟစ်ကြလော့။ သင် တို့ဒုက္ခရောက်ရာကာလ၌ထိုဘုရားတို့ သည်သင်တို့အားကယ်ဆယ်ပါလေစေ။'' အခန်းကိုကြည့်ပါ။Garrad Bible14 သင် တို့ ရွေး ချယ် သော ဘု ရား များ ထံ သွား၍ အော် ဟစ် ကြ လော့။ ဒု က္ခ ရောက် သော အ ခါ သူ တို့ ပင် ကယ် ကြ စေ ဟု ဣ သ ရေ လ အ မျိုး သား တို့ အား မိန့် တော် မူ လျှင်၊ အခန်းကိုကြည့်ပါ။Judson Bible14 သင်တို့ ရွေးယူသောဘုရားတို့ကို သွား၍ ဟစ်ကြော်ကြလော့။ အမှုရောက်သော ယခုကာလ၌ သူတို့သည် ကယ်နုတ်ကြစေဟု ဣသရေလအမျိုးသားတို့အား မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း14 သင်တို့ရွေးချယ်ခဲ့သောဘုရားများထံသို့ သွား၍အော်ဟစ်ကြလော့။ သင်တို့ ဆင်းရဲဒုက္ခရောက်ချိန်၌ သူတို့သည် သင်တို့ကို ကယ်တင်ပါစေ”ဟု မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။ |
သင်တို့အားဘုရားသခင်အပြစ်ဒဏ်ခတ် တော်မူသောအခါ သင်တို့အဘယ်သို့ပြု ကြပါမည်နည်း။ ကိုယ်တော်သည်သင်တို့အား ရပ်ဝေးဒေသမှဘေးအန္တရာယ်ဆိုးနှင့်တွေ့ ကြုံစေတော်မူသောအခါ၊ သင်တို့အဘယ် သို့ပြုကြပါမည်နည်း။ အကူအညီတောင်း ခံရန်အဘယ်သူထံသို့ပြေးကြပါမည်နည်း။ မိမိတို့၏စည်းစိမ်ဥစ္စာများကိုအဘယ်မှာ သိုဝှက်ထားကြပါမည်နည်း။-
ဧလိရှဲကဣသရေလဘုရင်အား``အဘယ် ကြောင့်သင့်အား ငါကူညီရပါမည်နည်း။ သင် ၏ခမည်းတော်၊ မယ်တော်တို့၏အတိုင်ပင်ခံ ပရောဖက်များထံသို့သွား၍တိုင်ပင်ပါလော့'' ဟုဆို၏။ ယောရံက``ဤသို့မဆိုပါနှင့်။ ငါတို့မင်းသုံး ပါးကို မောဘဘုရင်၏လက်သို့အပ်တော်မူ သောအရှင်မှာ ထာဝရဘုရားပင်ဖြစ်တော် မူပါ၏'' ဟုဆို၏။
သူတို့သည်ထိုဘုရားကိုပခုံးထက်တွင် ထမ်း၍ ဆောင်ယူကာနေရာချထား၏။ ဘုရားသည်လည်းမိမိတည်ရှိသည့် နေရာမှ မရွေ့မလျားနိုင်ရပ်လျက်သာနေ၏။ အကယ်၍သူ့အားတစ်စုံတစ်ယောက်သော သူက ဆုတောင်းပတ္ထနာပြုပါမူသူသည်အဖြေ မပေးနိုင်။ ထိုသူ့အားဘေးအန္တရာယ်မှလည်းမကယ်နိုင်။
မိမိတို့အားကူမပါရန်သင်တို့ဟစ်အော် တောင်းခံကြသောအခါ ထိုရုပ်တုများသည် သင်တို့ကိုကယ်ကြပါလေစေ။ ယင်းတို့သည် လေတစ်ချက်မှုတ်လိုက်လျှင် လွင့်စင်၍သွား ကြပေလိမ့်မည်။ သို့ရာတွင်ငါ့ကိုယုံကြည် ကိုးစားသူတို့မူကားပြည်တော်တွင်နေထိုင် ရလျက် ငါ၏သန့်ရှင်းသောဗိမာန်တော်တွင် ဝတ်ပြုကိုးကွယ်ရကြလိမ့်မည်'' ဟုမိန့် တော်မူ၏။
အရှင်ထာဝရဘုရားက``အချင်းဣသရေလ အမျိုးသားအပေါင်းတို့၊ ယခုသင်တို့သည်တစ် ယောက်မကျန်မိမိတို့ရှိရုပ်တုများကိုသွား၍ ရှိခိုးဝတ်ပြုကြလော့။ သို့ရာတွင်ယခုမှစ၍ သင်တို့သည်ငါ၏စကားကိုနားထောင်ရကြ မည်။ ရုပ်တုတို့အားပူဇော်သကာများဆက်သ ခြင်းအားဖြင့် ငါ၏သန့်ရှင်းမြင့်မြတ်သည့် နာမတော်ကိုနောက်တစ်ဖန်မရှုတ်ချရ။-