သူကြီး 10:1 - မြန်မာ့စံမီသမ္မာကျမ်း အဘိမလက် သေဆုံးပြီးနောက်တွင် အစ္စရေးလူမျိုးတို့ကို ကယ်တင်ရန် ဣသခါအမျိုးသား၊ ဒေါဒေါ၏မြေး၊ ဖုဝါ၏သားတောလ ပေါ်ထွန်း၏။ သူသည် ဧဖရိမ်တောင်ကုန်း၊ ရှမိရမြို့တွင် နေထိုင်၏။ Common Language Bible အဘိမလက်ကွယ်လွန်ပြီးနောက် ဣသရေလ လူမျိုးကိုကယ်ဆယ်ရန်ဒေါဒေါ၏မြေး၊ ဖုဝါ ၏သားတောလပေါ်ထွန်းလာ၏။ သူသည်ဣသ ခါအနွယ်ဝင်ဖြစ်၍ ဧဖရိမ်တောင်ကုန်းရှိ ရှမိရမြို့တွင်နေထိုင်၏။- Garrad Bible အ ဘိ မ လက် နောက် ဣ သ ခါ့ အ နွယ်၊ ဒေါ ဒေါ့ မြေး၊ ဖု ဝါ့ သား တော လ သည် ဣ သ ရေ လ လူ မျိုး ကို ကယ် ဆယ် ရန် ပေါ် ထွန်း၍ ဧ ဖ ရိမ် ခင် တန်း ပေါ်၊ ရှ မိ ရ မြို့၌ နေ ထိုင် လျက် Judson Bible အဘိမလက်လက်ထက်နောက်မှ၊ ဣသရေလအမျိုးကို ကယ်တင်သောသူ ဣသခါအမျိုး၊ ဒေါဒေါသားဖုဝါ၏သား တောလသည် ပေါ်ထွန်း၍၊ ဧဖရိမ်တောင်ပေါ်၊ ရှမိရမြို့မှာ နေလေ၏။ |
သူသည် အစ္စရေးလူမျိုးတို့ကို နှစ်ပေါင်းနှစ်ဆယ့်သုံးနှစ် စီရင်အုပ်ချုပ်ပြီးမှ သေဆုံးသဖြင့် ရှမိရမြို့တွင် သူ့ကိုသင်္ဂြိုဟ်ကြ၏။
ယေဖသသေဆုံးပြီးနောက်တွင် ဗက်လင်မြို့သား ဣဗဇန်သည် အစ္စရေးလူမျိုးတို့ကို စီရင်အုပ်ချုပ်၏။
ထို့နောက်မှ ထာဝရဘုရားသည် တိုက်ခိုက်လုယက်သောသူတို့လက်မှ သူတို့ကို ကယ်တင်ပေးမည့် တရားသူကြီးများကို ပေါ်ထွန်းစေတော်မူ၏။
ဧဖရိမ်တောင်ပေါ်သို့ရောက်သောအခါ တံပိုးကိုမှုတ်လေ၏။ အစ္စရေးအမျိုးသားတို့သည်လည်း တောင်ပေါ်မှဆင်းလာ၍ သူကဦးဆောင်လျက်
သို့သော် အစ္စရေးအမျိုးသားတို့ ထာဝရဘုရားထံ အော်ဟစ်သောအခါ ထာဝရဘုရားသည် သူတို့ကို ကယ်တင်မည့်ကယ်တင်ရှင်တစ်ဦးကို အစ္စရေးလူမျိုးထဲမှ ပေါ်ထွန်းစေတော်မူ၏။ ထိုသူကား ကာလက်၏တူ၊ ကေနတ်၏သား ဩသံယေလပေတည်း။
ဘုရားသခင်သည် ရှေခင်အမျိုးသားတို့ပြုခဲ့သောမကောင်းမှုအလုံးစုံတို့ကို သူတို့၏ခေါင်းပေါ်သို့ ပြန်ကျစေတော်မူ၏။ ယေရုဗ္ဗာလ၏သားယောသံ၏ကျိန်ခြင်းသည် သူတို့အပေါ် ကျရောက်လေ၏။