သို့သော် ယောရှဖတ်မင်းကြီးက အစ္စရေးဘုရင်အား “ထာဝရဘုရားမည်သို့မိန့်တော်မူမည်ကို ဦးစွာမေးလျှောက်ကြည့်ပါလော့”ဟု ဆို၏။
သူကြီး 1:1 - မြန်မာ့စံမီသမ္မာကျမ်း ယောရှုသေဆုံးပြီးနောက် အစ္စရေးအမျိုးသားတို့က ထာဝရဘုရားအား “ခါနာန်လူမျိုးတို့ကို မည်သူ ဦးစွာသွား၍တိုက်ခိုက်ရမည်နည်း”ဟု မေးလျှောက်ကြလျှင် Common Language Bible ယောရှုကွယ်လွန်သွားသောအခါ ဣသရေလ အမျိုးသားတို့က``မည်သည့်အနွယ်ဝင်သည် ခါနာန်ပြည်သားတို့အား ဦးစွာပထမသွား ရောက်တိုက်ခိုက်ရပါမည်နည်း'' ဟုထာဝရ ဘုရားအားမေးလျှောက်ကြ၏။ Garrad Bible ယော ရှု ကွယ် လွန် ပြီး နောက်၊ ဣ သ ရေ လ အ မျိုး သား တို့ က၊ ခါ န နိ လူ မျိုး နှင့် စစ် ပြိုင် ရန် အ ကျွန်ုပ် တို့ ဘက်၌ မည် သူ တပ် ဦး ချီ တက် ရ ပါ မည် နည်း ဟု ထာ ဝ ရ ဘု ရား အား မေး လျှောက် ကြ ရာ၊ Judson Bible ယောရှု အနိစ္စရောက်သောနောက်၊ ဣသရေလအမျိုးသားတို့က၊ အကျွန်ုပ်တို့တွင် အဘယ်သူသည် ခါနနိလူတို့ရှိရာသို့ ရှေ့ဦးစွာချီသွားရပါမည်နည်းဟု ထာဝရဘုရားအား မေးလျှောက်ကြလျှင်၊ |
သို့သော် ယောရှဖတ်မင်းကြီးက အစ္စရေးဘုရင်အား “ထာဝရဘုရားမည်သို့မိန့်တော်မူမည်ကို ဦးစွာမေးလျှောက်ကြည့်ပါလော့”ဟု ဆို၏။
မောရှေကလည်း သူ၏ယောက္ခမအား “လူတို့သည် အကျွန်ုပ်ထံသို့လာ၍ ဘုရားသခင်အား မေးလျှောက်လိုကြသောကြောင့်ဖြစ်ပါ၏။
တရားစီရင်ခြင်းဆိုင်ရာရင်ခံပြားထဲ၌ ဥရိမ်၊ သုမိမ်ကိုထည့်ထားရမည်။ အာရုန်သည် ထာဝရဘုရားရှေ့တော်သို့ဝင်သောအခါ ဥရိမ်၊ သုမိမ်သည် သူ၏နှလုံးပေါ်တွင်ရှိနေရမည်။ ဤသို့ဖြင့် ထာဝရဘုရားရှေ့တော်၌ အာရုန်သည် အစ္စရေးအမျိုးသားတို့နှင့်ဆိုင်သောတရားစီရင်ချက်ကို မိမိ၏နှလုံးပေါ်တွင် အစဉ်ဆောင်ထားရမည်။
သူသည် ယဇ်ပုရောဟိတ်ဧလာဇာရှေ့၌ ရပ်၍ ထာဝရဘုရားရှေ့တော်တွင် ယဇ်ပုရောဟိတ်က ဥရိမ်၏ဆုံးဖြတ်ချက်ကို မေးမြန်းပေးရမည်။ သူမှစ၍ သူနှင့်အတူရှိသောလူထုအပေါင်းဖြစ်သည့်အစ္စရေးအမျိုးသားအပေါင်းတို့သည် သူ၏စီရင်ဆုံးဖြတ်ချက်အတိုင်း သွားလာရမည်”ဟု မိန့်တော်မူ၏။
မနာရှေအမျိုးအနွယ်သည် ဗက်ရှန်မြို့နှင့် ဝန်းကျင်ရှိမြို့ရွာများ၊ တာနက်မြို့နှင့် ဝန်းကျင်ရှိမြို့ရွာများ၊ ဒေါရမြို့နှင့် ဝန်းကျင်ရှိမြို့ရွာများ၊ ဣဗလံမြို့နှင့် ဝန်းကျင်ရှိမြို့ရွာများ၊ မေဂိဒ္ဒေါမြို့နှင့် ဝန်းကျင်ရှိမြို့ရွာများ စသည်တို့၌နေထိုင်သောသူတို့ကို မနှင်ထုတ်နိုင်ကြ။ ခါနာန်လူမျိုးတို့သည် ထိုပြည်၌ အတင်းနေထိုင်ကြ၏။
ယောရှုသေလွန်ပြီးမှ သူတို့ထဲတွင် ကျန်နေခဲ့သောမည်သည့်လူမျိုးခြားကိုမျှ သူတို့ရှေ့မှ ငါနှင်ထုတ်တော့မည်မဟုတ်။
ဂါရှတောင်၏မြောက်ဘက်၊ ဧဖရိမ်တောင်ပေါ်ဒေသရှိ သူအမွေမြေရထားသော တိမနသေရမြို့တွင် သူ့ကို သင်္ဂြိုဟ်ကြ၏။
အစ္စရေးအမျိုးသားတို့သည် ထ၍ ဗေသလမြို့သို့ တက်သွားပြီးလျှင် ဘုရားသခင်အား “ဗင်္ယာမိန်အမျိုးသားတို့ကို မည်သူဦးစွာသွားတိုက်ရမည်နည်း”ဟု မေးလျှောက်ကြလျှင် ထာဝရဘုရားက “ယုဒအမျိုး ဦးစွာချီတက်ရမည်”ဟု မိန့်တော်မူ၏။
အစ္စရေးအမျိုးသားတို့သည် ထာဝရဘုရားရှေ့တော်သို့တက်သွား၍ နေဝင်ချိန်တိုင်အောင် ငိုကြွေးလျက် ထာဝရဘုရားအား “အကျွန်ုပ်တို့၏ညီအစ်ကိုဖြစ်သော ဗင်္ယာမိန်အမျိုးသားတို့ကို တစ်ဖန်သွားတိုက်ရမည်လော”ဟု မေးလျှောက်ကြလျှင် ထာဝရဘုရားက “တိုက်လော့”ဟု မိန့်တော်မူ၏။
တစ်ဖန် အစ္စရေးအမျိုးသားတို့သည် ထာဝရဘုရားအား မေးလျှောက်ကြ၏။ (ထိုစဉ်က ဘုရားသခင်၏ပဋိညာဉ်သေတ္တာတော်သည် ဗေသလအရပ်တွင် ရှိ၍
အာရုန်၏မြေး၊ ဧလာဇာ၏သား ဖိနဟတ်က အမှုတော်ဆောင်လျက်ရှိ၏။) သူတို့က “အကျွန်ုပ်တို့၏ညီအစ်ကို ဗင်္ယာမိန်အမျိုးသားတို့ကို နောက်တစ်ဖန် သွားတိုက်ရမည်လော၊ မတိုက်ဘဲ နေရမည်လော”ဟု ဆိုလေရာ ထာဝရဘုရားကလည်း “သွားလော့။ မနက်ဖြန် သူတို့ကို သင်တို့လက်သို့ အပ်မည်”ဟု မိန့်တော်မူ၏။
ထိုအခါ လူတို့က ထာဝရဘုရားအား “ဤနေရာသို့ သူမရောက်လာသေးသလော”ဟု မေးလျှောက်လျှင် ထာဝရဘုရားက “ကြည့်ရှုလော့။ အထုပ်အပိုးများကြားတွင် သူပုန်းနေသည်”ဟု မိန့်တော်မူ၏။