“ခိုးသောက်သောရေသည် ချို၍ ဝှက်စားသောမုန့်သည် အရသာရှိ၏”ဟု ဆို၏။
ခိုးသောရေသည် ချို၏။ တိတ်ဆိတ်စွာစား သောမုန့်လည်း မြိန်သည်ဟု ဆိုတတ်၏။
ဝှက်၍ စား သော မုန့် လည်း မြိန် ရှက် သည် ဟု ဆို တတ် ၏။
ခိုးသောရေသည်ချို၏။ တိတ်ဆိတ်စွာစားသောမုန့်လည်းမြိန်သည်ဟု ဆိုတတ်၏။
ထိုအပင်မှာ စားချင်စဖွယ်ကောင်း၍ အမြင်အားဖြင့်လည်းတင့်တယ်ပြီး ပညာတိုးပွားစေရန်လည်း နှစ်လိုဖွယ်ကောင်းသောအပင်ဖြစ်သည်ကို မိန်းမသည်မြင်လျှင် ထိုအပင်၏အသီးကို ဆွတ်ယူ၍စားလေ၏။ မိမိနှင့်အတူရှိသောခင်ပွန်းအားလည်းပေး၍ သူသည်လည်း စားလေ၏။
လှည့်ဖြား၍ရသောအစားအစာသည် စားသူအတွက်ချိုမြိန်သော်လည်း နောက်မှ သူ၏နှုတ်သည် ကျောက်စရစ်များနှင့်ပြည့်လိမ့်မည်။
အိမ်ထောင်ရေးဖောက်ပြန်သော မိန်းမ၏လမ်းသည်လည်း ထိုနည်းတူဖြစ်၏။ သူသည် စားသောက်ပြီးမှ မိမိ၏ပါးစပ်ကိုသုတ်ပြီး “မည်သည့်အပြစ်ဒုစရိုက်ကိုမျှ ငါမပြု”ဟု ဆိုတတ်၏။
သင်၏စမ်းရေများကို လမ်းပေါ်သို့လျှံထွက်စေ၍ လမ်းမများကို ရေစီးသောချောင်းများဖြစ်စေရသလော။
သင်၏စမ်းရေတွင်းသည် မင်္ဂလာရှိပါစေ။ သင်ပျိုရွယ်စဉ်ကတည်းကပေါင်းဖက်ခဲ့သောမယား၌ ဝမ်းမြောက်ပါစေ။
သို့သော် အပြစ်သည် ပညတ်တော်အားဖြင့် အခွင့်ရကာ ငါ၌ တပ်မက်ခြင်းမျိုးစုံကို ဖြစ်ပေါ်စေ၏။ တစ်နည်းဆိုသော် ပညတ်တရားမရှိလျှင် အပြစ်သည် အသေဖြစ်၏။
အကြောင်းမူကား ဆိတ်ကွယ်ရာ၌ သူတို့ပြုနေသောအရာများကို ပြောဆိုရန်ပင် ရှက်ဖွယ်ကောင်း၏။