သုတ္တံကျမ်း။ 9 - Garrad Bible1 ဉာဏ် ပ ညာ သည်၊ တိုင် ခု နစ် လုံး ကို ရွေ့၍၊ အိမ် ကို ဆောက် လေ ပြီ။ 2 ဟင်း ကောင် များ ကို စီ ရင် လျက် စ ပျစ် ရည် ကို ရော စပ်၍ စား ပွဲ ပြင် ဆင် လေ ပြီ။ 3-4 ရံ ရွေ တို့ ကို စေ လွှတ် ပြီး လျှင်၊ မ လိ မ္မာ သူ မည် သူ မ ဆို၊ ဤ တွင် လှည့် ဝင် စေ ဟု၊ မြို့ ရှိ အ ထွဋ် အ ထိပ် များ အ ပေါ် တွင် ကြွေး ကြော် လေ၏။ ဉာဏ် မဲ့ သော သူ့ အား လည်း၊ 5 လာ လော့။ ငါ့ မုန့် ကို စား၍၊ ရော စပ် ပြီး သော စ ပျစ် ရည် ကို သောက် လော့။ 6 အ သက် ချမ်း သာ ရ စေ ရန်၊ မ လိ မ္မာ သော သူ တို့ ကို စွန့်၍၊ ဉာဏ် ပ ဋိ ဘာန် လမ်း ကို လျှောက် လိုက် လော့ ဟု မြွက် ဆို သ တည်း။ 7 မ ထီ လေး စား ပြု သော သူ့ ကို ဆုံး မ သူ သည်၊ အ ရှက် ကွဲ ရ လျက်၊ လူ ဆိုး ကို ပဲ့ ပြင် သော သူ လည်း၊ အ စွန်း နှင့် မ လွတ် ရာ၊ 8 မ ထီ လေး စား ပြု သူ့ ကို မ ပဲ့ ပြင် နှင့်။ ပဲ့ ပြင် လျှင် မုန်း ထား လိမ့် မည်။ ပ ညာ ရှိ ကို ပဲ့ ပြင် လျင် မူ ကား၊ ချစ် လိမ့် မည်။ 9 ပ ညာ ရှိ ကို ဆုံး မ လျှင်၊ သူ၌ ပ ညာ တိုး ပွား လိမ့် မည်။ ဖြောင့် မတ် သော သူ့ ကို သွန် သင် လျှင်၊ သူ၌ အ သိ အ မြင် များ ပြား လိမ့် မည်။ 10 ထာ ဝ ရ ဘု ရား ကို ခန့် ညား သော သ ဘော သည်၊ ဉာဏ် ပ ညာ၏ အ စ မူ လ ဖြစ်၏။ သန့် ရှင်း တော် မူ သော အ ရှင် ကို သိ ကျွမ်း ခြင်း သည်၊ ဉာဏ် ပ ဋိ ဘာန် ဖြစ်၏။ 11 သင်၏ အ သက် တာ သည်၊ ငါ့ ကြောင့် တိုး တက်၍၊ နှစ် ပေါင်း များ စွာ ရှည် ကြာ လိမ့် မည်။ 12 ဉာဏ် ပ ညာ ရှိ လျှင်၊ ကိုယ် ကျိုး ဖြစ်၏။ မ ထီ လေး စား ပြု လျှင်၊ ကိုယ့် ပြစ် ခံ ရ လိမ့် မည်။ 13 မိုက် မဲ သော မိန်း မ သည်၊ ဆူ ညံ၍ မ လိ မ္မာ သ ဖြင့် အ လျှင်း မ သိ တတ်။ 14 အိမ် တံ ခါး အ နီး၊ မြို့ ရှိ အ ထွဋ် အ ထိပ် တွင်၊ ခုံ ပေါ်၌ ထိုင် လျက်၊ 15-16 မ လိ မ္မာ သူ မည် သူ မ ဆို၊ ဤ တွင် လှည့် ဝင် စေ ဟု၊ စိုက် စိုက် လမ်း လျှောက် ကြ သော သူ တို့ အား၊ ဟစ် ခေါ် လေ၏။ ဉာဏ် မဲ့ သော သူ အား လည်း၊ ခိုး၍ သောက် သော ရေ သည် ချို ၏။ 17 ဝှက်၍ စား သော မုန့် လည်း မြိန် ရှက် သည် ဟု ဆို တတ် ၏။ 18 ၎င်း အ ရပ် တွင် သေ လွန် သူ တို့ ရှိ ကြောင်း၊ မ ရ ဏာ့ ချောက် ထဲ တွင် ထို မိန်း မ ခေါ် ဖိတ် ခံ ရ သော သူ တို့ နေ ရ ကြ ကြောင်း များ ကို၊ ထို မ လိ မ္မာ သူ မ သိ ချေ။ |
Garrad Holy Bible © Bible Society of Myanmar, 1928.
Bible Society of Myanmar