စိတ်ဆတ်၍ ငြင်းခုံရန်တွေ့တတ်သောမယားနှင့် နေရခြင်းထက် တောကန္တာရအရပ်၌နေရခြင်းသည် ပို၍ကောင်း၏။
သုတ္တံကျမ်း။ 9:13 - မြန်မာ့စံမီသမ္မာကျမ်း မိုက်မဲသောမိန်းမသည် အာကျယ်၍ ဉာဏ်တိမ်ပြီး မည်သည့်အရာကိုမျှမသိတတ်။ Common Language Bible မိုက်သောမိန်းမသည် စကားသံကျယ်၍ ဥာဏ် တိမ်သဖြင့် အလျှင်းမသိတတ်။ Garrad Bible မိုက် မဲ သော မိန်း မ သည်၊ ဆူ ညံ၍ မ လိ မ္မာ သ ဖြင့် အ လျှင်း မ သိ တတ်။ Judson Bible မိုက်သောမိန်းမသည် စကားသံကျယ်၍ ဉာဏ်တိမ်သဖြင့် အလျှင်းမသိတတ်။ |
စိတ်ဆတ်၍ ငြင်းခုံရန်တွေ့တတ်သောမယားနှင့် နေရခြင်းထက် တောကန္တာရအရပ်၌နေရခြင်းသည် ပို၍ကောင်း၏။
ငြင်းခုံရန်တွေ့တတ်သောမယားနှင့် တစ်အိမ်တည်းအတူနေရခြင်းထက် ခေါင်မိုးပြင်ထောင့်၌နေရခြင်းသည် ပို၍ကောင်း၏။
သူသည် အသက်ရှင်ခြင်းလမ်းကို ချင့်ချိန်သုံးသပ်ခြင်းမရှိ။ သူ၏လမ်းတို့သည် ဦးတည်ရာမဲ့ဖြစ်နေသည်ကို သူမသိ။
အရှက်မရှိ ဖောက်ပြန်မှားယွင်းမှုရှိသမျှကို ပြုရလောက်အောင် သင့်စိတ်ထားယုတ်ညံ့လှချေတကား’ဟု ဘုရားရှင်ထာဝရဘုရားမိန့်တော်မူ၏။
ထိုသူသည် ဘဝင်မြင့်၍ မည်သည့်အရာကိုမျှမသိဘဲ အငြင်းပွားမှုနှင့် စကားလုံးအသုံးအနှုန်းအပေါ်ငြင်းခုံခြင်းတို့၌သာ စွဲလမ်းနေသူဖြစ်၏။ ထိုအရာများကြောင့် မလိုမုန်းထားခြင်း၊ ပဋိပက္ခဖြစ်ခြင်း၊ စော်ကားပြောဆိုခြင်းနှင့် ဆိုးညစ်သောသံသယစိတ်ရှိခြင်းစသည်တို့ဖြစ်ပေါ်လာတတ်၏။