မြေကြီးသည် အသွင်သဏ္ဌာန်မရှိ၊ လဟာသက်သက်ဖြစ်၏။ နက်ရှိုင်းရာအရပ်၏မျက်နှာပြင်ကို မှောင်မိုက်ဖုံးလွှမ်း၍ ဘုရားသခင်၏ဝိညာဉ်တော်သည် ရေမျက်နှာပြင်ပေါ်တွင် ရစ်ဝဲလျက်နေတော်မူ၏။
သုတ္တံကျမ်း။ 8:24 - မြန်မာ့စံမီသမ္မာကျမ်း နက်ရှိုင်းသောရေထုများမရှိမီ၊ ရေနှင့်ပြည့်လျှံသောစမ်းရေတွင်းများမဖြစ်ပေါ်မီ ငါ့ကိုဖြစ်တည်စေတော်မူပြီ။ Common Language Bible နက်နဲသောပင်လယ်မဖြစ်၊ ရေနှင့်ကြွယ်ဝသော စမ်းရေတွင်းမဖြစ်မှီ ငါ့ကိုဖြစ်ဘွားစေတော်မူ၏။ Garrad Bible သ မု ဒ္ဒ ရာ နှင့်၊ ပြည့် လျှံ သော စမ်း ရေ သည် မ ဖြစ် မီ ငါ ပေါက် ဖွား ရ ၏။ Judson Bible နက်နဲသောပင်လယ်မဖြစ်၊ ရေနှင့်ကြွယ်ဝသော စမ်းရေတွင်းမဖြစ်မီ ငါ့ကိုဖြစ်ဖွားစေတော်မူ၏။ |
မြေကြီးသည် အသွင်သဏ္ဌာန်မရှိ၊ လဟာသက်သက်ဖြစ်၏။ နက်ရှိုင်းရာအရပ်၏မျက်နှာပြင်ကို မှောင်မိုက်ဖုံးလွှမ်း၍ ဘုရားသခင်၏ဝိညာဉ်တော်သည် ရေမျက်နှာပြင်ပေါ်တွင် ရစ်ဝဲလျက်နေတော်မူ၏။
ပင်လယ်ရေထွက်ပေါက်များရှိရာသို့ သင်ရောက်ဖူးသလော။ အနက်တကာ့အနက်ဆုံးနေရာတွင် သင်သွားလာဖူးသလော။
ထာဝရဘုရား၏ပြဋ္ဌာန်းချက်ကို ငါပြောကြားမည်။ ကိုယ်တော်က “သင်သည် ငါ၏သားဖြစ်၏။ ယနေ့ပင် သင့်ကိုငါဖွားမြင်စေပြီ။
နက်ရှိုင်းသောရေထုသည် သူတို့ကိုဖုံးလွှမ်းလေပြီ။ သူတို့သည် ကျောက်တုံးသဖွယ် ရေနက်ရာထဲသို့ နစ်မြုပ်သွားရလေပြီ။
ကိုယ်တော်၏အသိပညာဖြင့် နက်ရှိုင်းရာအရပ်တို့သည် ပေါက်ထွက် ၍ မိုးတိမ်တို့သည် နှင်းကိုတဖွဲဖွဲကျစေ၏။
နှုတ်ကပတ်တော်သည် လူသားအဖြစ်ကိုခံယူ၍ အကျွန်ုပ်တို့တွင်စံမြန်းတော်မူသဖြင့် အကျွန်ုပ်တို့သည် ကိုယ်တော်၏ဘုန်းတော်ကို ဖူးမြင်ရကြ၏။ ထိုဘုန်းတော်ကား ခမည်းတော်ထံပါး၌ တစ်ပါးတည်းသောသားတော်အဖြစ်ရှိသောဘုန်းတော်ဖြစ်လျက် ကျေးဇူးတော်နှင့်လည်းကောင်း၊ သမ္မာတရားနှင့်လည်းကောင်း ပြည့်စုံ၏။
ဘုရားသခင်သည် မိမိ၏တစ်ပါးတည်းသောသားတော်ကို စွန့်တော်မူသည့်တိုင်အောင် လောကီသားတို့ကိုချစ်တော်မူ၏။ ဤသည်ကား သားတော်ကိုယုံကြည်သောသူတိုင်း မပျက်စီးဘဲ ထာဝရအသက်ကိုရရှိစေရန်ဖြစ်၏။
ခမည်းတော်သည် သားတော်ကိုချစ်တော်မူသောကြောင့် မိမိပြုတော်မူသမျှတို့ကို သားတော်အားပြတော်မူ၏။ သင်တို့အံ့သြခြင်းရှိကြစေရန် ဤထက်ကြီးမြတ်သောအမှုတို့ကိုလည်း သားတော်အား ပြတော်မူလိမ့်မည်။
အကြောင်းမူကား ဘုရားသခင်သည် မည်သည့်ကောင်းကင်တမန်အား “သင်သည် ငါ၏သားဖြစ်၏။ ယနေ့ပင် သင့်ကို ငါဖွားမြင်စေပြီ”ဟူ၍လည်းကောင်း၊ “ငါသည် သူ၏အဖဖြစ်မည်။ သူသည်လည်း ငါ၏သားဖြစ်ရလိမ့်မည်”ဟူ၍လည်းကောင်း မိန့်တော်မူခဲ့ဖူးသနည်း။
ငါတို့သည် သားတော်အားဖြင့် အသက်ရှင်ကြစေရန် ဘုရားသခင်သည် မိမိ၏တစ်ပါးတည်းသောသားတော်ကို ဤလောကသို့ စေလွှတ်တော်မူ၏။ ဤသို့ဖြင့် ဘုရားသခင်၏ချစ်ခြင်းမေတ္တာတော်သည် ငါတို့၌ ထင်ရှား၏။