Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဟေ​ဗြဲ 1:5 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

5 အကြောင်းမူကား ဘုရားသခင်​သည် မည်သည့်​ကောင်းကင်​တမန်​အား “သင်​သည် ငါ​၏​သား​ဖြစ်​၏။ ယနေ့​ပင် သင့်​ကို ငါ​ဖွားမြင်​စေ​ပြီ”​ဟူ၍​လည်းကောင်း၊ “ငါ​သည် သူ​၏​အဖ​ဖြစ်​မည်။ သူ​သည်​လည်း ငါ​၏​သား​ဖြစ်​ရ​လိမ့်မည်”​ဟူ၍​လည်းကောင်း မိန့်​တော်မူ​ခဲ့​ဖူး​သနည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

5 ဘု​ရား​သ​ခင်​က​အ​ဘယ်​ကောင်း​ကင်​တ​မန်​ကို​မျှ ``သင်​သည်​ငါ​၏​သား​ဖြစ်​၏။ ယ​နေ့​ပင်​ငါ​သည်​သင်​၏​အ​ဖ​ဖြစ်​လာ​၏'' ဟူ​၍​သော်​လည်း​ကောင်း၊ အ​ဘယ်​ကောင်း​ကင်​တ​မန်​နှင့်​မျှ​ပတ်​သက်​၍ ``ငါ​သည်​သူ​၏​အ​ဖ​ဖြစ်​မည်။ သူ​သည်​လည်း​ငါ​၏​သား​ဖြစ်​ရ​လိမ့်​မည်'' ဟူ​၍​သော်​လည်း​ကောင်း မိန့်​မြွက်​တော်​မူ​ခဲ့​ဖူး​သည်​မ​ရှိ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

5 သင် သည် ငါ့ သား ဖြစ်၏။ ယ နေ့ သင့် ကို ငါ ဖြစ် ပွား စေ ပြီ ဟူ၍ လည်း ကောင်း၊ ငါ နှင့် သူ သည် သား အဘ ဖြစ် မည် ဟူ၍ လည်း ကောင်း၊ မည် သည့် စေ တ မန် တော် အား ဗျာ ဒိတ် တော် ရှိ ဘူး သ နည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

5 အ​ကြောင်း​မူ​ကား၊ သင်​သည်​ငါ့​သား​ဖြစ်၏။ ယ​နေ့​ပင် သင့်​ကို ငါ​ဖြစ်​ဖွား​စေ​ပြီ​ဟူ၍​လည်း​ကောင်း၊ ငါ​သည်​သူ၏ အ​ဘ​ဖြစ်​မည်၊ သူ​သည်​လည်း ငါ၏​သား​ဖြစ်​လိမ့်​မည် ဟူ၍​လည်း​ကောင်း၊ အ​ဘယ်​မည်​သော ကောင်း​ကင်​တ​မန်​ကို တစ်​ခါ​မျှ မိန့်​တော်​မူ​သ​နည်း။-

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

5 ဘုရားသခင်​သည် မည်သည့်​ကောင်းကင်တမန်​ကို​မျှ “သင်​သည် ငါ့​သား​ဖြစ်၏။ ယနေ့​ပင် ငါ​သည် သင်​၏ ဖခင်​ဖြစ်လာ၏” ဟူ၍ လည်းကောင်း၊ “ငါ​သည် သူ​၏​ဖခင်​ဖြစ်မည်။ သူ​သည် ငါ့​သား ဖြစ်​လိမ့်မည်” ဟူ၍ လည်းကောင်း မိန့်တော်မမူခဲ့။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဟေ​ဗြဲ 1:5
8 ပူးပေါင်းရင်းမြစ်များ  

ငါ​သည် သူ​၏​အဖ​ဖြစ်​မည်​။ သူ​သည်​လည်း ငါ့​သား​ဖြစ်​မည်​။ သူ​အမှားပြု​မိ​လျှင် သူ့​ကို လူ​သုံး​ကြိမ်လုံး​နှင့် ဆုံးမ​မည်​။ လူ​တို့ ရိုက်​တတ်​သကဲ့သို့ သူ့​ကို ရိုက်​မည်​။


ငါ​သည် သူ​၏​အဖ​ဖြစ်​မည်​။ သူ​သည်​လည်း ငါ့​သား​ဖြစ်​မည်​။ ငါ့​မေတ္တာကရုဏာ​ကို သင့်​အလျင်​ရှိ​ခဲ့​သော​ရှင်ဘုရင်​ထံမှ ငါ​ရုပ်သိမ်း​သကဲ့သို့ သူ့​ထံမှ ငါ​ရုပ်သိမ်း​မည်​မ​ဟုတ်​။


သူ​သည် ငါ့​နာမ​တည်​ရာ​အိမ်​တော်​ကို တည်ဆောက်​လိမ့်မည်​။ သူ​သည် ငါ့​သား​ဖြစ်​မည်​။ ငါ​သည်​လည်း သူ့​အဖ​ဖြစ်​မည်​။ သူ​သည် အစ္စရေး​လူမျိုး​တို့​ကို အုပ်ချုပ်​၍ သူ့​နိုင်ငံ​၏​ရာဇပလ္လင်​ကို​လည်း ငါ​တည်မြဲ​စေ​မည်’​ဟု မိန့်ဆို​ပြီ​။


ထို့ပြင် ငါ့​အား ‘​သင့်​သား​ရှောလမုန်​သည် ငါ့​အိမ်​တော်​နှင့် ဝင်း​တော်​ကို တည်ဆောက်​လိမ့်မည်​။ သူ့​ကို​ငါ​ရွေးချယ်​ပြီး သူ​သည် ငါ့​သား​ဖြစ်၍ ငါ​သည်​လည်း သူ့​ဖခင် ဖြစ်​မည်​။


ထာဝရဘုရား​၏​ပြဋ္ဌာန်းချက်​ကို ငါ​ပြောကြား​မည်​။ ကိုယ်တော်​က “​သင်​သည် ငါ​၏​သား​ဖြစ်​၏​။ ယနေ့​ပင် သင့်​ကို​ငါ​ဖွားမြင်​စေ​ပြီ​။


ဘုရားသခင်​သည် ယေရှု​ကို​ထမြောက်​စေ​၍ ဘိုးဘေး​တို့​၏​သားသမီး​များ​ဖြစ်​ကြ​သော​ငါ​တို့​အတွက် ထို​ကတိ​တော်​တို့​ကို ပြည့်စုံ​စေ​တော်မူ​ပြီ။ ဤသည်ကား ဒုတိယ​မြောက်​သော​ဆာလံ​ကျမ်း​၌ ‘သင်​သည် ငါ​၏​သား​ဖြစ်​၏။ ယနေ့​ပင် သင့်​ကို ငါ​ဖွားမြင်​စေ​ပြီ’​ဟု ရေး​ထား​သည့်​အတိုင်း​ဖြစ်​၏။


ထိုနည်းတူ ခရစ်တော်​သည်​လည်း ယဇ်ပုရောဟိတ်​မင်း​အရာ​၌ မိမိကိုယ်ကို​ချီးမြှောက်​သည်​မ​ဟုတ်။ “သင်​သည် ငါ​၏​သား​ဖြစ်​၏။ ယနေ့​ပင် သင့်​ကို ငါ​ဖွားမြင်​စေ​ပြီ”​ဟု ကိုယ်တော်​အား​မိန့်​တော်မူ​သော​အရှင်​က ချီးမြှောက်​တော်မူ​ခြင်း​ဖြစ်​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ