ဟေဗြုန်မြို့သို့ အာဗနာပြန်ရောက်လာသောအခါ ယွာဘက သူ့အား သီးခြားစကားပြောလိုသည်ဟု ဆို၍ သူ့ကိုမြို့တံခါးအတွင်းသို့ ခေါ်သွားပြီးလျှင် သူ့ဗိုက်ကို ဓားနှင့်ထိုးလိုက်လေ၏။ ယွာဘညီ အာသဟေလကို သတ်သောသွေးကြွေးအတွက် အာဗနာသေရလေ၏။
သုတ္တံကျမ်း။ 7:26 - မြန်မာ့စံမီသမ္မာကျမ်း အကြောင်းမူကား သူသည် များစွာသောသူတို့ကိုဒဏ်ရာရစေ၍ လဲကျစေခဲ့၏။ သူ၏သတ်ဖြတ်ခြင်းခံရသောသူအားလုံးသည် အင်အားကြီးသောသူများဖြစ်ကြ၏။ Common Language Bible အကြောင်းမူကား၊ သူသည်စစ်သူရဲအများတို့ကို လှဲလေပြီ။ ခွန်အားကြီးသော သူအများတို့ကို သတ်လေပြီ။ Garrad Bible လူ အ များ တို့ သည် သူ့ ကြောင့် နာ ကျင် ခံ ရ လျက်၊ လဲ၍ သေ ရ သူ များ လေ စွ တ ကား။ Judson Bible အကြောင်းမူကား၊ သူသည် စစ်သူရဲအများတို့ကို လှဲလေပြီ။ ခွန်အားကြီးသော သူအများတို့ကို သတ်လေပြီ။ |
ဟေဗြုန်မြို့သို့ အာဗနာပြန်ရောက်လာသောအခါ ယွာဘက သူ့အား သီးခြားစကားပြောလိုသည်ဟု ဆို၍ သူ့ကိုမြို့တံခါးအတွင်းသို့ ခေါ်သွားပြီးလျှင် သူ့ဗိုက်ကို ဓားနှင့်ထိုးလိုက်လေ၏။ ယွာဘညီ အာသဟေလကို သတ်သောသွေးကြွေးအတွက် အာဗနာသေရလေ၏။
အစ္စရေးဘုရင်ရှောလမုန်မင်းကြီးသည်လည်း ဤနည်းဖြင့် အပြစ်ပြုခဲ့သည်မဟုတ်လော။ တိုင်းနိုင်ငံများတွင် သူနှင့်တူသောဘုရင်မရှိ။ ဘုရားသခင်သည် သူ့ကိုချစ်တော်မူ၍ အစ္စရေးလူမျိုးအားလုံးတို့၏ဘုရင်အဖြစ် သူ့ကိုခန့်ထားတော်မူ၏။ သို့သော် သူသည် တစ်ပါးအမျိုးသားမိန်းမပျိုတို့အားဖြင့် အပြစ်ကျူးလွန်ခဲ့၏။
သူ၏အိမ်သည် သေခြင်းသို့လည်းကောင်း၊ သူ၏လမ်းတို့သည် သေသူ၏ ဝိညာဉ်များ ရှိရာသို့လည်းကောင်း ဆင်းသွား၏။
ထိုမိန်းမသည် ဓားပြကဲ့သို့ချောင်းမြောင်း၍ ယောက်ျားတို့ထဲတွင် သစ္စာမဲ့သောသူကိုများပြားစေတတ်၏။
ထိုသူသည် ရိုက်နှက်ခြင်းနှင့် အရှက်ခွဲခြင်းကိုခံရလိမ့်မည်။ သူခံရသောကဲ့ရဲ့ပြစ်တင်ခြင်းသည်လည်း မည်သည့်အခါမျှပျောက်ပျက်သွားမည်မဟုတ်။
သူ၏အိမ်သည် သေခြင်း၏အတွင်းခန်းများသို့ ဆင်းသွားသည့် မရဏာနိုင်ငံသို့သွားရာလမ်းများဖြစ်၏။
သို့ရာတွင် ထိုအရပ်၌ သေသူ၏ဝိညာဉ်များရှိကြသည်ကိုလည်းကောင်း၊ ထိုမိန်းမ၏ဧည့်သည်များသည် မရဏာနိုင်ငံ၏နက်ရာအရပ်များ၌ ရှိကြသည်ကိုလည်းကောင်း ထိုသူမသိချေ။
သူတို့ထဲမှ အချို့တို့သည် တရားနှင့်မညီမေထုန်ပြုသကဲ့သို့ ငါတို့သည် တရားနှင့်မညီမေထုန်ပြုခြင်းအမှုကို မပြုဘဲ နေကြကုန်စို့။ သူတို့သည် တရားနှင့်မညီမေထုန်ပြုသဖြင့် တစ်ရက်အတွင်း လူနှစ်သောင်းသုံးထောင်သေဆုံးခဲ့ကြ၏။
နောက်တစ်ဖန် ငါလာသောအခါ ဘုရားသခင်သည် သင်တို့ရှေ့၌ ငါ့ကိုနှိမ့်ချတော်မူ၍ ယခင်က အပြစ်ကျူးလွန်ခဲ့လျက်ပင် မိမိတို့ပြုကျင့်ခဲ့သည့် ညစ်ညူးခြင်း၊ တရားနှင့်မညီမေထုန်ပြုခြင်းနှင့် ကာမဂုဏ်လိုက်စားခြင်းတို့ကို နောင်တမရသေးသောသူများစွာရှိသည့်အတွက် ငါဝမ်းနည်းကြေကွဲရမည်ကိုလည်း ငါစိုးရိမ်၏။
ချစ်ရသောသူတို့၊ သင်တို့သည် ဧည့်သည်အာဂန္တုများဖြစ်ကြသဖြင့် စိတ်ဝိညာဉ်ကိုဆန့်ကျင်တိုက်ခိုက်သော ကိုယ်ကာယတပ်မက်ခြင်းများကို ရှောင်ကြဉ်ကြရန် ငါတိုက်တွန်းနှိုးဆော်ပါ၏။
ဖိလိတ္တိလူမျိုးတို့ကလည်း သူ့ကိုဖမ်းချုပ်ပြီး မျက်စိနှစ်ဖက်ကို ဖောက်ထုတ်ပစ်၏။ ထို့နောက် သူ့ကို ကြေးနီကြိုးဖြင့် ချည်နှောင်ထား၍ ဂါဇမြို့သို့ ခေါ်ဆောင်သွား၏။ ထို့နောက် သူ့ကိုအကျဉ်းချထား၍ ကြိတ်ဆုံကြိတ်ရသည့်အလုပ်ကို လုပ်စေ၏။