ဆိုးယုတ်သောသူတို့၏ယဇ်ကောင်ကို ထာဝရဘုရားစက်ဆုပ်ရွံရှာတော်မူ၏။ ဖြောင့်မှန်သောသူတို့၏ဆုတောင်းချက်ကိုကား ကိုယ်တော်နှစ်သက်တော်မူ၏။
သုတ္တံကျမ်း။ 7:14 - မြန်မာ့စံမီသမ္မာကျမ်း “ကျွန်မသည် မိတ်သဟာယယဇ်များပူဇော်ရန်ရှိ၍ ယနေ့ပင် ကျွန်မ၏ကတိသစ္စာတို့ကို ပြည့်စုံစေပါပြီ။ Common Language Bible ငါ၌ မိဿဟာယပူဇော်သက္ကာရှိ၏။ ယနေ့ ငါ့ဂတိဝတ်ကို ငါဖြေပြီ။ Garrad Bible ကျွန် မ၌ မိတ် သ ဟာ ယ ယဇ် ရှိ၏။ သ စ္စာ ဝတ် ကို လည်း ယ နေ့ ပင် ကျွန် မ ဖြေ ခဲ့ ပြီ။ Judson Bible ငါ၌ မိတ်သဟာယပူဇော်သကာရှိ၏။ ယနေ့ ငါ့ကတိဝတ်ကို ငါဖြေပြီ။ |
ဆိုးယုတ်သောသူတို့၏ယဇ်ကောင်ကို ထာဝရဘုရားစက်ဆုပ်ရွံရှာတော်မူ၏။ ဖြောင့်မှန်သောသူတို့၏ဆုတောင်းချက်ကိုကား ကိုယ်တော်နှစ်သက်တော်မူ၏။
ငြိမ်းချမ်းမှုနှင့်ယှဉ်တွဲလျက်ရှိသော မုန့်ခြောက်အနည်းငယ်သည် ခိုက်ရန်ဖြစ်ပွားခြင်းနှင့်ယှဉ်တွဲလျက်ရှိသည့် စားသောက်ဖွယ်အပြည့်ရှိသောအိမ်ထက် ပို၍ကောင်း၏။
ဆိုးယုတ်သောသူ၏ယဇ်ကောင်သည် စက်ဆုပ်ရွံရှာဖွယ်ဖြစ်၏။ ထို့ထက်မက ၎င်းကို ဆိုးညစ်သောအကြံဖြင့် ယူဆောင်လာလျှင် ပို၍ပင် စက်ဆုပ်ရွံရှာဖွယ်ဖြစ်၏။
ထို့ကြောင့် သင့်ကိုကြိုဆိုရန် ထွက်လာ၏။ သင့်ကိုကြိုးစားရှာ၍ ယခုတွေ့ပါပြီ။
အချည်းနှီးသောပူဇော်သက္ကာကို နောက်တစ်ဖန်မယူဆောင်လာကြနှင့်။ နံ့သာပေါင်းသည် ငါ့အတွက်စက်ဆုပ်ရွံရှာဖွယ်ရာဖြစ်၏။ လဆန်းနေ့၊ ဥပုသ်နေ့၊ ဓမ္မစည်းဝေးပွဲနေ့စသည့် ဒုစရိုက်နှင့်ရောပြွမ်းနေသည့်စည်းဝေးခြင်းနေ့မျိုးကို ငါသည်းမခံနိုင်တော့ချေ။
ထို့နောက် သူတို့သည် ယေရှုကို ကယာဖထံမှ ဘုရင်ခံရုံးတော်သို့ ခေါ်ဆောင်သွားကြ၏။ အချိန်ကား နံနက်စောစောအချိန်ဖြစ်၏။ သူတို့သည် ညစ်ညူးခြင်းနှင့်ကင်းလွတ်၍ ပသခါပွဲတော်ကိုစားနိုင်ရန် ရုံးတော်ထဲသို့မဝင်ဘဲနေကြ၏။