ဝတ်ပြု 7:11 - မြန်မာ့စံမီသမ္မာကျမ်း11 ထာဝရဘုရားအား ပူဇော်သည့် မိတ်သဟာယယဇ်နှင့်ဆိုင်သောတရားကား ဤသို့ဖြစ်၏။ အခန်းကိုကြည့်ပါ။Common Language Bible11 ထာဝရဘုရားအားပူဇော်သောမိတ်သဟာ ယယဇ်နှင့်ဆိုင်ရာပြဋ္ဌာန်းချက်များသည် ကား အောက်ပါအတိုင်းဖြစ်သည်။- အခန်းကိုကြည့်ပါ။Garrad Bible11 ထာ ဝ ရ ဘု ရား ထံ ဆက် ကပ် ရ သော မိတ် သ ဟာ ယ ပူ ဇော် သ က္ကာ တ ရား ဟူ မူ ကား၊ အခန်းကိုကြည့်ပါ။Judson Bible11 ထာဝရဘုရားအားပြုရသော မိတ်သဟာယယဇ်ပူဇော်ခြင်းတရားဟူမူကား၊ အခန်းကိုကြည့်ပါ။ |
ထိုအခါ ဟေဇကိမင်းကြီးက သူတို့အား “သင်တို့သည် ထာဝရဘုရားထံ မိမိတို့ကိုယ်ကိုဆက်ကပ်ကြပြီဖြစ်၍ ထာဝရဘုရား၏အိမ်တော်သို့ ပူဇော်သက္ကာများ၊ ကျေးဇူးတော်ချီးမွမ်းခြင်းယဇ်များကို ယူဆောင်လာကြလော့”ဟု မိန့်ဆို၏။ လူအစုအဝေးတို့သည်လည်း ပူဇော်သက္ကာများ၊ ကျေးဇူးတော်ချီးမွမ်းခြင်းယဇ်များကို ယူဆောင်လာကြ၏။ စေတနာစိတ်အလျောက်ပူဇော်သော မီးရှို့ရာယဇ်အပေါင်းတို့ကိုလည်း ယူဆောင်လာကြ၏။