ထိုအခါ သခင်မသည် ယောသပ်၏အဝတ်ကိုဖမ်းဆွဲ၍ “ငါနှင့်အိပ်ပါ”ဟု ဆိုလေ၏။ သို့သော် ယောသပ်သည် မိမိအဝတ်ကို သခင်မလက်ထဲ၌စွန့်ထားခဲ့၍ အပြင်ဘက်သို့ပြေးထွက်သွားလေ၏။
သုတ္တံကျမ်း။ 7:13 - မြန်မာ့စံမီသမ္မာကျမ်း သူသည် ထိုလုလင်ကိုဆွဲ၍ နမ်းပြီးလျှင် Common Language Bible ထိုလူပျိုကိုတွေ့သောအခါ၊ ရဲသောမျက်နှာနှင့် ဘမ်းဘက်နမ်းရှုပ်လျက်၊ Garrad Bible ထို လူ ပျို ကို ဖက် ယမ်း နမ်း ရှုတ် လျက်၊ မျက် နှာ ပြောင် တိုက်၍ ဆို သည် မှာ၊ Judson Bible ထိုလူပျိုကို တွေ့သောအခါ၊ ရဲသောမျက်နှာနှင့် ဖမ်းဖက်နမ်းရှုပ်လျက်၊ |
ထိုအခါ သခင်မသည် ယောသပ်၏အဝတ်ကိုဖမ်းဆွဲ၍ “ငါနှင့်အိပ်ပါ”ဟု ဆိုလေ၏။ သို့သော် ယောသပ်သည် မိမိအဝတ်ကို သခင်မလက်ထဲ၌စွန့်ထားခဲ့၍ အပြင်ဘက်သို့ပြေးထွက်သွားလေ၏။
နောက်ပိုင်းတွင် သခင်၏မယားသည် ယောသပ်ကိုနှစ်သက်တပ်မက်၍ “ငါနှင့်အိပ်ပါ”ဟု ဆိုလျှင်
အကြောင်းမူကား သူတို့သည် အကျွန်ုပ်၏အသက်ကိုသတ်ရန် ချောင်းမြောင်းကြပါ၏။ ခွန်အားကြီးသောသူတို့သည် အကျွန်ုပ်ကိုဆန့်ကျင်လျက် ပူးပေါင်းကြံစည်ကြပါ၏။ အို ထာဝရဘုရား၊ အကျွန်ုပ်ကျူးလွန်သောအပြစ်ကြောင့် မဟုတ်ပါ။ အကျွန်ုပ်၏အပြစ်ကြောင့်လည်းမဟုတ်ပါ။
ဆိုးယုတ်သောသူသည် မျက်နှာပြောင်တိုက်တတ်၏။ ဖြောင့်မှန်သောသူမူကား မိမိသွားရာလမ်းကို သိရှိနားလည်၏။
လမ်း၌ဖြတ်သန်းသွားလာသောသူများ၊ မိမိတို့လမ်းခရီးကို ဖြောင့်တန်းစွာသွားနေသောသူများအား
ဘုရားရှင်ထာဝရဘုရားသည် ငါ့ကိုကူညီမစတော်မူသောကြောင့် ငါသည် အသရေမပျက်ရ။ ကိုယ့်မျက်နှာကို မီးခတ်ကျောက်ကဲ့သို့ထား၏။ အရှက်ကွဲရလိမ့်မည်မဟုတ်ကြောင်း ငါသိ၏။
ပြည့်တန်ဆာမတို့သည် သူတို့ထံလာသောလူဆီမှ အခကြေးငွေကို ယူတတ်ကြ၏။ သင်မူကား သင်ချစ်သောသူတို့ကို အခကြေးငွေပေးတတ်၏။ အရပ်တကာမှယောက်ျားတို့ သင့်ထံလာ၍ သင်နှင့်ဖောက်ပြန်မှားယွင်းဖို့ သင်သည် သူတို့ကိုငှားရမ်းတတ်၏။
သူတို့သည် ခေါင်းမာသူ၊ စိတ်နှလုံးမာကျောသူများဖြစ်ကြ၏။ ထို့ကြောင့် သူတို့ထံသို့ သင့်ကိုစေလွှတ်၍ ‘ဘုရားရှင်ထာဝရဘုရား ဤသို့မိန့်တော်မူသည်’ဟု ဆင့်ဆိုစေခြင်းဖြစ်၏။
အချင်းလူသား၊ သင့်ကို ဆူးပင်များ၊ ဆူးချုံများ ဝိုင်းရံနေပါစေ၊ ကင်းမြီးကောက်တို့နှင့်နေရပါစေ၊ သူတို့ကို မကြောက်နှင့်။ သူတို့စကားကိုလည်း မကြောက်နှင့်။ သူတို့သည် ပုန်ကန်တတ်သောလူမျိုးဖြစ်သောကြောင့် သူတို့စကားကို မကြောက်နှင့်။ သူတို့မျက်နှာထားကြောင့် မထိတ်လန့်နှင့်။
အစ္စရေးလူမျိုးတို့သည် ရှိတ္တိမ်အရပ်၌ နေထိုင်ကြစဉ် မောဘအမျိုးသမီးတို့နှင့် စ၍ဖောက်ပြန်မှားယွင်းလာကြ၏။
ဤမိန်းမတို့သည် ဗာလမ်၏အကြံပြုချက်အရ အစ္စရေးအမျိုးသားတို့ကို ပေဂုရဘုရားအမှုအားဖြင့် ထာဝရဘုရားအပေါ် သစ္စာမဲ့သောသူဖြစ်စေ၍ ထာဝရဘုရား၏လူထုအပေါ်သို့ ဘေးဒဏ်ကျရောက်စေ၏။
သို့သော် သင့်အား ငါအပြစ်ဆိုစရာရှိ၏။ အကြောင်းမှာ သင်သည် မိမိကိုယ်ကိုပရောဖက်မဟုခေါ်သော ထိုမိန်းမယေဇဗေလကို ပြုလိုရာပြုခွင့်ပေးထားသဖြင့် သူသည် ငါ၏အစေအပါးတို့အား တရားနှင့်မညီမေထုန်ပြုကြရန်နှင့် ရုပ်တုအားပူဇော်ထားသောအရာများကိုစားကြရန် သွန်သင်လျက် သူတို့ကိုလှည့်ဖြားနေ၏။