“သခင်၏ကျွန်သည် ကျွန်မ၌ ဤသို့သောအမှုကိုပြုခဲ့ပါ၏”ဟု မိမိမယားပြောသောစကားကို သခင်ကြားသောအခါ အမျက်ထွက်လေ၏။
သုတ္တံကျမ်း။ 6:34 - မြန်မာ့စံမီသမ္မာကျမ်း အကြောင်းမူကား သဝန်တိုမှုသည် ခင်ပွန်းသည်ကို အမျက်ဒေါသထွက်စေသဖြင့် သူသည် လက်စားချေသောနေ့၌ ညှာတာလိမ့်မည်မဟုတ်။ Common Language Bible အကြောင်းမူကား၊ ယောက်ျားသည် မယားကို မယုံသောစိတ်ရှိလျှင်၊ ပြင်းထန်စွာ အမျက်ထွက်တတ်၏။ အပြစ်ပေးချိန်ရောက်သောအခါ သနားခြင်းမရှိတတ်။ Garrad Bible အ သို့ ဆို သော်၊ မ ရှု စိတ် သော သ ဘော ကြောင့်၊ လင် ကြီး သည် ဒေါ သ မီး လောင် သ ဖြင့်၊ လက် စား ချေ ရာ ကာ လ တွင် ညှာ တာ လိမ့် မည် မ ဟုတ်။ Judson Bible အကြောင်းမူကား၊ ယောက်ျားသည် မယားကိုမယုံသောစိတ်ရှိလျှင်၊ ပြင်းထန်စွာ အမျက်ထွက်တတ်၏။ အပြစ်ပေးချိန် ရောက်သောအခါ သနားခြင်းမရှိတတ်။ |
“သခင်၏ကျွန်သည် ကျွန်မ၌ ဤသို့သောအမှုကိုပြုခဲ့ပါ၏”ဟု မိမိမယားပြောသောစကားကို သခင်ကြားသောအခါ အမျက်ထွက်လေ၏။
ထိုမိန်းမသည် ကိုယ်ဝန်ရလာသဖြင့် ဒါဝိဒ်မင်းကြီးထံသို့ လူလွှတ်၍ “အကျွန်ုပ်၌ ကိုယ်ဝန်ရှိနေပြီ”ဟု လျှောက်စေ၏။
အမျက်တော်ထင်ရှားရာနေ့၌ စည်းစိမ်ဥစ္စာသည် အကျိုးမရှိ။ ဖြောင့်မတ်ခြင်းမူကား သေခြင်းမှကယ်နုတ်တတ်၏။
အမျက်ဒေါသသည် ရက်စက်၍ အမျက်သည် လွှမ်းမိုးတတ်၏။ သို့သော် မနာလိုဝန်တိုမှုရှေ့၌ မည်သူခံရပ်နိုင်မည်နည်း။
ထိုသူသည် ရိုက်နှက်ခြင်းနှင့် အရှက်ခွဲခြင်းကိုခံရလိမ့်မည်။ သူခံရသောကဲ့ရဲ့ပြစ်တင်ခြင်းသည်လည်း မည်သည့်အခါမျှပျောက်ပျက်သွားမည်မဟုတ်။
မည်သည့်လျော်ကြေးကိုမျှ လက်ခံလိမ့်မည်မဟုတ်။ များစွာသောတံစိုးလက်ဆောင်ကိုလည်း အလိုရှိလိမ့်မည်မဟုတ်။
အကျွန်ုပ်ကို အရှင့်နှလုံးသားထဲတွင် တံဆိပ်ခတ်ထားပါ။ အရှင့်လက်မောင်းပေါ်တွင် တံဆိပ်ရိုက်ထားပါ။ အချစ်သည် သေမင်းကဲ့သို့ အားကြီးတတ်ပါ၏။ သဝန်တိုခြင်းသည် မရဏာနိုင်ငံကဲ့သို့ ကြမ်းကြုတ်ပါ၏။ အချစ်၏ပူလောင်မှုသည် မီးတောက်၊ အရှိန်ပြင်းသောမီးတောက်ဖြစ်ပါ၏။
ကြည့်ရှုလော့။ ငွေကိုပဓာနမထား၊ ရွှေကိုမနှစ်သက်သော မေဒိလူမျိုးတို့ကို ငါလှုံ့ဆော်မည်။
“ယဇ်ပုရောဟိတ်အာရုန်၏မြေးဖြစ်သော ဧလာဇာ၏သားဖိနဟတ်သည် အစ္စရေးအမျိုးသားတို့အပေါ် ငါသဝန်တိုသကဲ့သို့ သဝန်တိုသဖြင့် ငါ၏အမျက်ဒေါသကို သူတို့ထံမှလွှဲစေပြီ။ ထို့ကြောင့် သဝန်တိုသော်လည်း အစ္စရေးအမျိုးသားတို့ကို ငါမဖျက်ဆီးဘဲနေလေ၏။
မိန်းမသည် မိမိကိုယ်မိမိညစ်ညူးစေသဖြင့် လင်ယောက်ျားသည် သံသယစိတ်ဝင်၍ မိမိမယားအပေါ်သဝန်တိုလျှင်၊ သို့မဟုတ် မိန်းမသည် မိမိကိုယ်မိမိညစ်ညူးစေခြင်းမရှိသော်လည်း လင်ယောက်ျားသည် သံသယစိတ်ဝင်၍ မိမိမယားအပေါ်သဝန်တိုလျှင်လည်းကောင်း
ငါတို့သည် သခင်ဘုရားအား သဝန်တိုစေကြသလော။ ငါတို့သည် ကိုယ်တော်ထက် ခွန်အားကြီးကြသလော။