ထိုအခါ ဒါဝိဒ်မင်းကြီးက ဂဒ်အား “ငါသည် အကျဉ်းအကျပ်ထဲသို့ ရောက်ပါပြီတကား။ ထာဝရဘုရားသည် သနားခြင်းကရုဏာကြီးမားသည်ဖြစ်၍ ထာဝရဘုရားလက်တော်ထဲသို့သာ ငါတို့ကျရောက်ပါစေ၊ လူ့လက်ထဲသို့ မကျရောက်ပါစေနှင့်”ဟု မိန့်ဆို၏။
သုတ္တံကျမ်း။ 6:3 - မြန်မာ့စံမီသမ္မာကျမ်း ယခုသင်သည် သင်၏အိမ်နီးချင်းလက်သို့ ကျရောက်လေပြီ။ ထို့ကြောင့် ငါ့သား၊ ဤသို့ပြု၍ ကိုယ့်ကိုယ်ကိုယ်ကယ်နုတ်လော့။ သင်၏အိမ်နီးချင်းထံသွား၍ ကိုယ့်ကိုယ်ကိုယ် နှိမ့်ချလျက် ကြပ်ကြပ်တောင်းပန်လော့။ Common Language Bible ငါ့သား၊ သင်သည် အဆွေခင်ပွန်းလက်သို့ ရောက်မိလျှင်၊ ကိုယ်ကို နှုတ်အံ့သောငှါ အဘယ်သို့ ပြုရမည်နည်းဟူမူကား၊ အဆွေခင်ပွန်းထံသို့ သွား၍၊ ကိုယ်ကိုနှိမ့်ချလျက်သူ့ကို နှိုးဆော်လော့။ Garrad Bible ငါ့ သား၊ သင် သည် အ ပေါင်း အ ဖော် တို့ လက် တွင်း သို့ ရောက် သော်၊ လွတ် မြောက် ခွင့် ရ စေ ရန် ထို သူ့ ထံ တိုး လျှိုး တောင်း ပန် လော့။ Judson Bible ငါ့သား၊ သင်သည် အဆွေခင်ပွန်းလက်သို့ ရောက်မိလျှင်၊ ကိုယ်ကိုနုတ်အံ့သောငှာ အဘယ်သို့ ပြုရမည်နည်းဟူမူကား၊ အဆွေခင်ပွန်းထံသို့သွား၍၊ ကိုယ်ကိုနှိမ့်ချလျက် သူ့ကိုနှိုးဆော်လော့။ |
ထိုအခါ ဒါဝိဒ်မင်းကြီးက ဂဒ်အား “ငါသည် အကျဉ်းအကျပ်ထဲသို့ ရောက်ပါပြီတကား။ ထာဝရဘုရားသည် သနားခြင်းကရုဏာကြီးမားသည်ဖြစ်၍ ထာဝရဘုရားလက်တော်ထဲသို့သာ ငါတို့ကျရောက်ပါစေ၊ လူ့လက်ထဲသို့ မကျရောက်ပါစေနှင့်”ဟု မိန့်ဆို၏။
ထိုအခါ ရှိရှက်မင်းကြီးကြောင့် ဂျေရုဆလင်မြို့တွင် စုဝေးနေကြသော ရောဗောင်မင်းကြီးနှင့် ယုဒခေါင်းဆောင်များထံသို့ ပရောဖက်ရှေမာယရောက်လာ၍ သူတို့အား “ ‘သင်တို့သည် ငါ့ကိုစွန့်ပယ်ခဲ့သောကြောင့် ငါသည်လည်း သင်တို့ကိုစွန့်ပြီး ရှိရှက်မင်းကြီးလက်သို့ အပ်လိုက်ပြီ’ဟူ၍ ထာဝရဘုရားမိန့်တော်မူပြီ”ဟု ဆင့်ဆိုလေ၏။
သူသည် သူ၏ဘုရားသခင်ထာဝရဘုရားရှေ့တော်တွင် မကောင်းမှုကိုပြု၏။ ထာဝရဘုရား၏နှုတ်ကပတ်တော်ကို ဆင့်ဆိုသောပရောဖက်ယေရမိရှေ့တွင် မိမိကိုယ်ကိုနှိမ့်ချခြင်းမရှိ။
အကျွန်ုပ်ကို ရန်သူ၏လက်သို့အပ်တော်မမူဘဲ အကျွန်ုပ်၏ခြေကို ကျယ်ဝန်းသောအရပ်၌ ရပ်စေတော်မူပြီ။
မောရှေနှင့်အာရုန်တို့သည်လည်း ဖာရောမင်းကြီးထံသို့ဝင်၍ “ဟေဗြဲလူမျိုးတို့၏ဘုရားသခင်ထာဝရဘုရားက ‘သင်သည် ငါ့ရှေ့၌ ကိုယ့်ကိုယ်ကိုယ် မနှိမ့်ချဘဲ မည်မျှကြာအောင်တင်းခံနေမည်နည်း။ ငါ၏လူမျိုးတော်သည် ငါ့ကိုဝတ်ပြုရန် သူတို့ကိုလွှတ်လော့။
ကိုယ့်နှုတ်ထွက်စကားနှင့်ကိုယ်ကျော့မိ၍ ကိုယ့်နှုတ်ထွက်စကားနှင့်ကိုယ် အဖမ်းခံရလေပြီ။
သင့်မျက်စိကို အိပ်စက်ခွင့်မပြုနှင့်။ သင့်မျက်လွှာကိုလည်း ပိတ်ခွင့်မပြုနှင့်။
ထာဝရဘုရားရှေ့တော်၌ မိမိကိုယ်ကိုနှိမ့်ချကြလော့။ သို့ပြုလျှင် ကိုယ်တော်သည် သင်တို့ကိုချီးမြှောက်တော်မူလိမ့်မည်။