သူတို့သည် စိတ်နှလုံးထဲ၌ မကောင်းမှုများကို ကြံစည်လျက် စစ်ပွဲများဖြစ်ပွားအောင် နေ့စဉ်နေ့တိုင်း ပူးပေါင်းကြံစည်တတ်ကြပါ၏။
သုတ္တံကျမ်း။ 6:14 - မြန်မာ့စံမီသမ္မာကျမ်း ဖောက်ပြန်လွဲမှားသောစိတ်နှလုံးဖြင့် မကောင်းမှုကိုတွေးတောကြံစည်လျက် ငြင်းခုံရန်တွေ့ခြင်းကို အစဉ်အမြဲဖြစ်ပွားစေတတ်၏။ Common Language Bible ကောက်သော စိတ်သဘောနှင့် ပြည့်စုံ၍၊ မကောင်းသော အကြံကို အစဉ်ကြံစည်တတ်၏။ သူတပါးချင်းရန်တွေ့စေခြင်းငှါ ပြုတတ်၏။ Garrad Bible ကောက် ကျစ် သော စိတ် နှင့် ပြည့်၍။ အ ခါ ခပ် သိမ်း အ ဆိုး ကို သာ ကြံ စည် သ ဖြင့်၊ ရန် တွေ့ ခြင်း ကို ဖြစ် ပွား စေ တတ် ၏။ Judson Bible ကောက်သောစိတ်သဘောနှင့် ပြည့်စုံ၍၊ မကောင်းသောအကြံကို အစဉ် ကြံစည်တတ်၏။ သူတစ်ပါးချင်း ရန်တွေ့စေခြင်းငှာ ပြုတတ်၏။ |
သူတို့သည် စိတ်နှလုံးထဲ၌ မကောင်းမှုများကို ကြံစည်လျက် စစ်ပွဲများဖြစ်ပွားအောင် နေ့စဉ်နေ့တိုင်း ပူးပေါင်းကြံစည်တတ်ကြပါ၏။
သူတို့သည် မိမိတို့လျှာကို မြွေ၏လျှာကဲ့သို့ ချွန်ထက်စေတတ်ကြပါ၏။ သူတို့၏နှုတ်ခမ်းအောက်တွင် မြွေဆိုး၏အဆိပ်ရှိပါ၏။(စေလာ)
သူသည် မိမိအိပ်ရာပေါ်၌ပင် အပြစ်ဒုစရိုက်ကိုကြံစည်တတ်၏။ မကောင်းသောလမ်းသို့အမြဲလိုက်၍ မကောင်းမှုကို စွန့်ပယ်ခြင်းမရှိ။”
မကောင်းမှုကို တွေးတောကြံစည်သောသူတို့သည် လမ်းလွဲသွားကြသည်မဟုတ်လော။ ကောင်းသောအမှုကို တွေးတောကြံစည်သောသူတို့မူကား မေတ္တာကရုဏာနှင့်သမ္မာတရားကို တွေ့ရှိကြလိမ့်မည်။
ဆိုးညစ်သောသူသည် မကောင်းမှုကိုတူးဆွတတ်၏။ သူ၏စကားသည်လည်း တောက်လောင်နေသော မီးကဲ့သို့ဖြစ်၏။
စိတ်နှလုံးကောက်ကျစ်သောသူသည် ကောင်းသောအရာကိုတွေ့ရမည်မဟုတ်။ လိမ်လည်ပြောဆိုသောသူသည်လည်း ဒုက္ခတွင်းထဲသို့ကျရောက်လိမ့်မည်။
မကောင်းမှုပြုခြင်း၌ဝမ်းမြောက်၍ ဖောက်ပြန်လွဲမှားသောမကောင်းမှု၌ ပျော်မွေ့သောသူများ၊
အပြစ်ရှိသောသူ၏လမ်းသည် ကွေ့ကောက်၏။ သန့်ရှင်းစင်ကြယ်သောသူ၏လုပ်ဆောင်ချက်မူကား ဖြောင့်မှန်၏။
မတရားမှုမျိုးစေ့ကိုကြဲသောသူသည် ဆင်းရဲဒုက္ခကိုရိတ်သိမ်းရ၍ သူ၏ဒေါသကြိမ်လုံးသည် ပျက်စီးသွားလိမ့်မည်။
သင့်အနီးတွင် ဘေးကင်းလုံခြုံစွာနေထိုင်သော သင်၏အိမ်နီးချင်းအပေါ် မကောင်းမှုပြုရန် တွေးတောကြံစည်ခြင်းမရှိနှင့်။
အကြောင်းမူကား သွေဖည်လွဲမှားသောသူတို့ကို ထာဝရဘုရားစက်ဆုပ်ရွံရှာတော်မူ၏။ ဖြောင့်မှန်သောသူတို့နှင့်ကား ရင်းနှီးကျွမ်းဝင်တော်မူ၏။
လူလိမ်လူကောက်၏လက်နက်ကား မကောင်းမှုဖြစ်၏။ ဆင်းရဲသားပြောသောစကား မှန်ကန်ခဲ့လျှင်ပင် ဆင်းရဲသားတို့ကို မုသားစကားဖြင့် ဖျက်ဆီးရန် ဆိုးညစ်သောအမှုကို ကြံစည်တတ်၏။
ဆိုးယုတ်သောသူတို့သည် မငြိမ်မသက်လှိုင်းထနေသောပင်လယ်နှင့်တူ၏။ ပင်လယ်ရေသည် ရွှံ့နှင့်အမှိုက်တို့ကို ထကြွလှုပ်ရှားစေတတ်၏။
ထိုအခါ ငါ့အား “အချင်းလူသား၊ ဤလူတို့သည် မကောင်းသောအကြံကိုကြံစည်သောသူများ၊ ဤမြို့သားတို့ကို မကောင်းသောအကြံဉာဏ်ပေးသောသူများဖြစ်၏။
သူတို့သည် လေကိုကြဲသဖြင့် လေပွေကိုသာ ရိတ်ရလိမ့်မည်။ ကောက်ပဲသီးနှံတို့လည်း အညှောက်မထွက်။ ထွက်ပြန်လျှင်လည်း အသီးမသီး။ သီးပြန်လျှင်လည်း သူစိမ်းလူတို့ စားသွားလိမ့်မည်။
အိပ်ရာထက်တွင် ဒုစရိုက်ပြုဖို့ကြံစည်နေသူ၊ မကောင်းမှုပြုဖို့တွေးနေသူတို့သည် အမင်္ဂလာရှိ၏။ ထိုသူတို့သည် လုပ်နိုင်စွမ်းရှိသည့်အတိုင်း မိုးလင်းသောအခါ ထိုအကြံအတိုင်း လုပ်တတ်ကြ၏။
ညီအစ်ကိုတို့၊ သင်တို့ခံယူပြီးသောသွန်သင်ချက်ကိုဆန့်ကျင်၍ ကွဲပြားခြင်းနှင့်မှားယွင်းခြင်းတို့ကို ဖြစ်ပွားစေသောသူတို့ကိုသတိပြုလျက် ရှောင်ရှားကြရန်သင်တို့အား ငါတိုက်တွန်းနှိုးဆော်၏။