သူ့အတွက် အကျွန်ုပ်အာမခံပါ၏။ သူ့ကို အကျွန်ုပ်တာဝန်ယူပါမည်။ အကယ်၍ အကျွန်ုပ်သည် သူ့ကိုအဖေ့ထံသို့ ပြန်မခေါ်လာ၊ အဖေ့ထံပြန်မအပ်လျှင် အကျွန်ုပ်သည် အဖေ့၏အပြစ်တင်ခြင်းကို တစ်သက်လုံးခံယူပါမည်။
သုတ္တံကျမ်း။ 6:1 - မြန်မာ့စံမီသမ္မာကျမ်း ငါ့သား၊ သင်သည် သင်၏အိမ်နီးချင်းအတွက် အာမခံမိ၍ သူစိမ်းအတွက် တာဝန်ခံမိလျှင် Common Language Bible ငါ့သား၊ သင်သည် အဆွေခင်ပွန်းအတွက် အာမခံမိသော်၎င်း၊ သူတပါးနှင့်လက်ဝါးချင်း ရိုက်မိ သော်၎င်း၊ Garrad Bible ငါ့ သား၊ သင် သည် အ ပေါင်း အ ဖော် အ တွက် လည်း ကောင်း၊ သူ စိမ်း အ တွက် လည်း ကောင်း၊ လက် ဝါး ရိုက်၍ အာ မ ခံ မိ သည် ဖြစ် လျှင်၊ Judson Bible ငါ့သား၊ သင်သည် အဆွေခင်ပွန်းအတွက် အာမခံမိသော်လည်းကောင်း၊ သူတစ်ပါးနှင့် လက်ဝါးချင်း ရိုက်မိသော်လည်းကောင်း၊ |
သူ့အတွက် အကျွန်ုပ်အာမခံပါ၏။ သူ့ကို အကျွန်ုပ်တာဝန်ယူပါမည်။ အကယ်၍ အကျွန်ုပ်သည် သူ့ကိုအဖေ့ထံသို့ ပြန်မခေါ်လာ၊ အဖေ့ထံပြန်မအပ်လျှင် အကျွန်ုပ်သည် အဖေ့၏အပြစ်တင်ခြင်းကို တစ်သက်လုံးခံယူပါမည်။
ကိုယ်တော်တိုင် အကျွန်ုပ်အတွက် အာမခံပေးတော်မူပါ။ မည်သူသည် အကျွန်ုပ်အတွက် အာမခံပေးမည်နည်း။
သူစိမ်းအတွက်အာမခံသောသူသည် အမှန်တကယ်ဒုက္ခရောက်လိမ့်မည်။ တာဝန်ခံပေးရသည်ကိုမုန်းသောသူမူကား ဘေးကင်းလုံခြုံစွာနေရလိမ့်မည်။
အသိဉာဏ်မရှိသောသူသည် သူတစ်ပါးအတွက် တာဝန်ခံပေး၍ မိမိ၏အိမ်နီးချင်းအတွက် အာမခံပေးတတ်၏။
သူစိမ်းအတွက် အာမခံသောသူ၏အဝတ်ကိုယူထားလော့။ ကိုယ်ကျင့်တရားပျက်ပြားသောမိန်းမအတွက် အာမခံသောသူထံမှ အပေါင်ပစ္စည်းကိုယူထားလော့။
ကတိခံဝန်ချက်ပေးသောသူများနှင့် ကြွေးမြီများအတွက် အာမခံသောသူများထဲတွင် မပါနှင့်။
သူစိမ်းအတွက် အာမခံသောသူ၏အဝတ်ကို ယူထားလော့။ ကိုယ်ကျင့်တရားပျက်ပြားသောမိန်းမအတွက် အာမခံသောသူထံမှ အပေါင်ပစ္စည်းကိုယူထားလော့။
ကိုယ့်နှုတ်ထွက်စကားနှင့်ကိုယ်ကျော့မိ၍ ကိုယ့်နှုတ်ထွက်စကားနှင့်ကိုယ် အဖမ်းခံရလေပြီ။
အကယ်စင်စစ် ကိုယ်တော်သည် ယာကုပ်အမျိုးအနွယ်ဖြစ်သော ကိုယ်တော်၏လူမျိုးတော်ကို ပစ်ပယ်တော်မူပြီ။ အကြောင်းမူကား သူတို့သည် အရှေ့ပြည်၏ဓလေ့ကိုကျင့်သုံးသူနှင့်ပြည့်၍ ဖိလိတ္တိလူမျိုးများကဲ့သို့ ဗေဒင်အတတ်ကို ကျင့်သုံးကြ၏။ တစ်ပါးအမျိုးသားတို့၏သားသမီးများနှင့်လည်း လက်ဝါးချင်းရိုက်ကြ၏။