သို့မဟုတ်လျှင် သင်သည် သင်၏ဂုဏ်သိက္ခာကို သူတစ်ပါးတို့အားလည်းကောင်း၊ သင်၏နှစ်ကာလများကို ရက်စက်သောသူအားလည်းကောင်း ပေးအပ်ရလိမ့်မည်။
သို့မဟုတ် သင်သည် ကိုယ်ဂုဏ်အသရေကို သူ တပါး၌၎င်း၊ ကိုယ်အသက်ကို ကြမ်းတမ်းသော သူတို့၌ ၎င်း အပ်လိမ့်မည်။
သို့ မ ဟုတ် လျှင်၊ သင့် အင် အား ကို သူ တစ် ပါး သို့လည်း ကောင်း၊ သင့် အ သက် ကို ရက် စက် သူ တို့ သို့ လည်း ကောင်း၊ အပ် နှင်း သ ဖြင့်၊
သို့မဟုတ် သင်သည် ကိုယ်ဂုဏ်အသရေကို သူတစ်ပါး၌လည်းကောင်း၊ ကိုယ်အသက်ကို ကြမ်းတမ်းသော သူတို့၌လည်းကောင်းအပ်လိမ့်မည်။
အစ္စရေးဘုရင်ရှောလမုန်မင်းကြီးသည်လည်း ဤနည်းဖြင့် အပြစ်ပြုခဲ့သည်မဟုတ်လော။ တိုင်းနိုင်ငံများတွင် သူနှင့်တူသောဘုရင်မရှိ။ ဘုရားသခင်သည် သူ့ကိုချစ်တော်မူ၍ အစ္စရေးလူမျိုးအားလုံးတို့၏ဘုရင်အဖြစ် သူ့ကိုခန့်ထားတော်မူ၏။ သို့သော် သူသည် တစ်ပါးအမျိုးသားမိန်းမပျိုတို့အားဖြင့် အပြစ်ကျူးလွန်ခဲ့၏။
သင်၏ခွန်အားကို မိန်းမတို့အားလည်းကောင်း၊ သင်၏အားမာန်တို့ကို ရှင်ဘုရင်တို့ကိုဖျက်ဆီးတတ်သောသူတို့အားလည်းကောင်း မပေးနှင့်။
သူစိမ်းတို့သည် သင်၏စည်းစိမ်များနှင့် ပြည့်စုံကြွယ်ဝကြ၍ သင်ခက်ခဲပင်ပန်းစွာရှာထားသောအရာတို့သည် တစ်ပါးအမျိုးသား၏အိမ်သို့ ရောက်လိမ့်မည်။
သင်၏လမ်းကို ထိုသို့သောမိန်းမနှင့် ဝေးကွာစေလော့။ သူ၏အိမ်တံခါးအနီးသို့လည်း မချဉ်းကပ်နှင့်။
အကြောင်းမူကား ပြည့်တန်ဆာမတစ်ယောက်ကို မုန့်တစ်လုံးဖြင့်ရနိုင်၏။ လင်ရှိမယားမူကား အဖိုးတန်သောအသက်ကို လိုက်ဖမ်းတတ်၏။