ဆိုးယုတ်သောသူတို့၏လမ်းထဲသို့ မဝင်နှင့်။ မကောင်းမှုပြုသောသူတို့သွားရာလမ်းကိုလည်း မလိုက်နှင့်။
သုတ္တံကျမ်း။ 5:8 - မြန်မာ့စံမီသမ္မာကျမ်း သင်၏လမ်းကို ထိုသို့သောမိန်းမနှင့် ဝေးကွာစေလော့။ သူ၏အိမ်တံခါးအနီးသို့လည်း မချဉ်းကပ်နှင့်။ Common Language Bible ထိုသို့သောမိန်းမကို ဝေးစွာရှောင်သွားလော့။ သူ့နေရာတံခါးဝသို့ မချဉ်းနှင့်။ Garrad Bible သင်၏ လမ်း သည် ထို သို့ သော မိန်း မ နှင့် ဝေး ကွာ စေ သ ဖြင့်၊ အိမ် တံ ခါး ဝ သို့ ပင် မ ချဉ်း မ ကပ် နှင့်။ Judson Bible ထိုသို့သောမိန်းမကို ဝေးစွာရှောင်သွားလော့။ သူ့နေရာ တံခါးဝသို့မချဉ်းနှင့်။ |
ဆိုးယုတ်သောသူတို့၏လမ်းထဲသို့ မဝင်နှင့်။ မကောင်းမှုပြုသောသူတို့သွားရာလမ်းကိုလည်း မလိုက်နှင့်။
သို့မဟုတ်လျှင် သင်သည် သင်၏ဂုဏ်သိက္ခာကို သူတစ်ပါးတို့အားလည်းကောင်း၊ သင်၏နှစ်ကာလများကို ရက်စက်သောသူအားလည်းကောင်း ပေးအပ်ရလိမ့်မည်။
သင်၏စိတ်နှလုံးကို ထိုမိန်းမ၏လမ်းများဘက်သို့ မလှည့်စေနှင့်။ လမ်းလွဲ၍ သူသွားရာလမ်းများထဲသို့ မသွားနှင့်။
ထိုသူသည် မိန်းမတစ်ဦးနေထိုင်ရာ လမ်းထောင့်နားမှဖြတ်သွား၍ ထိုမိန်းမ၏အိမ်ရှိရာလမ်းသို့လျှောက်သွားလေ၏။
သူသည် မိမိ၏အိမ်တံခါးဝ၌လည်းကောင်း၊ မြို့၏မြင့်သောအရပ်ရှိထိုင်ခုံပေါ်၌လည်းကောင်း ထိုင်လျက်
ဖြားယောင်းသွေးဆောင်ရာသို့ မလိုက်မပါစေဘဲ မကောင်းသောအမှုအရာမှ အကျွန်ုပ်တို့ကို ကယ်နုတ်တော်မူပါ။ [အကြောင်းမူကား နိုင်ငံတော်၊ တန်ခိုးတော်နှင့် ဘုန်းအသရေတော်သည် ကမ္ဘာအဆက်ဆက် ကိုယ်တော်၌ရှိပါ၏။ အာမင်။]
အကျိုးမဲ့သောမှောင်မိုက်ခြင်း၏အမှုတို့၌ မပါဝင်ကြသည်သာမက ထိုအမှုတို့၏အပြစ်ကို ဖော်ပြကြလော့။