“ငါသည် ဆုံးမပဲ့ပြင်ခြင်းကိုမုန်း၍ ငါ၏စိတ်နှလုံးသည် ဆိုဆုံးမစကားကို မထီလေးစားပြုခဲ့၏။
ငါသည် သွန်သင်ခြင်းကို မုန်းလေပြီတကား။ ဆုံးမခြင်းကို စိတ်နှလုံးထဲမှာ မထီမဲ့မြင်ပြုလေပြီ တကား။
သင် က၊ ငါ သည် ဆုံး မ ခြင်း ကို မုန်း ထား၍၊ ပဲ့ ပြင် ခြင်း ကို လည်း စိတ်၌ မ ထီ မဲ့ မြင် ပြု ခဲ့ မိ လေ ပြီ။
ငါသည် သွန်သင်ခြင်းကို မုန်းလေပြီတကား။ ဆုံးမခြင်းကို စိတ်နှလုံးထဲမှာ မထီမဲ့မြင်ပြုလေပြီတကား။
ထိုသူတို့ကလည်း “ဘေးဖယ်လော့”ဟု ဆိုကြပြီးလျှင် “ဤသူသည် ဧည့်သည်အဖြစ်လာရောက်နေထိုင်သူဖြစ်လျက်နှင့် တရားသူကြီးအလွန်လုပ်သည်တကား။ ယခု သင့်ကို ထိုသူတို့ထက် ဆိုးရွားစွာပြုမည်”ဟု ပြောဆိုကြ၏။ ထို့နောက် သူတို့သည် လောတကို ကြမ်းတမ်းစွာတွန်း၍ တံခါးကိုချိုးဖျက်ရန် ချဉ်းကပ်လာကြ၏။
ထိုသို့ ပရောဖက်ပြောဆိုနေသည်ကို အာမဇိမင်းကြီးက “သင့်ကို ရှင်ဘုရင်၏အတိုင်ပင်ခံအဖြစ် ခန့်ထားသလော။ တိတ်တိတ်နေလော့။ အဘယ်ကြောင့် ကိုယ့်ကိုယ်ကိုယ် အသတ်ခံရအောင်လုပ်သနည်း”ဟု ပြန်ပြောရာ ပရောဖက်က “ငါပေးသောအကြံကို သင်နားမထောင်၊ ဤအမှုကို သင်ပြုသောကြောင့် ဘုရားသခင်သည် သင့်ကိုဖျက်ဆီးပစ်ရန် ကြံရွယ်ထားသည်ကို ငါသိ၏”ဟု ဆိုလေ၏။
သို့သော် လူမျိုးတော်အပေါ် ထာဝရဘုရားအမျက်တော်ထွက်၍ ချမ်းသာမပေးနိုင်သည့်တိုင်အောင် သူတို့သည် ဘုရားသခင်စေလွှတ်သောတမန်များကို လှောင်ပြောင်ကြ၏။ စကားတော်ကို မထီမဲ့မြင်ပြုကြ၏။ ပရောဖက်တို့ကို ပြက်ရယ်ပြုကြ၏။
အကြောင်းမူကား သင်သည် ဆုံးမပဲ့ပြင်ခြင်းကိုမုန်း၏။ ငါ၏စကားတို့ကို သင့်နောက်၌သာ ပစ်ထား၏။
အကျွန်ုပ်သည် အသိတရားမဲ့၍ မည်သည့်အရာမျှမသိ။ ကိုယ်တော်၏ရှေ့တော်၌ တိရစ္ဆာန်ကဲ့သို့ဖြစ်ခဲ့ပါ၏။
“အသိဉာဏ်နည်းပါးသောသူတို့သည် အသိဉာဏ်နည်းပါးခြင်းကိုနှစ်သက်လျက်၊ ပြက်ရယ်ပြုတတ်သောသူတို့သည် မိမိတို့၏ပြက်ရယ်ပြုခြင်း၌မွေ့လျော်လျက်၊ မိုက်မဲသောသူတို့သည် အသိပညာကိုမုန်းတီးလျက် မည်မျှကြာအောင်နေကြဦးမည်နည်း။
သင်တို့သည် ငါပေးသောအကြံဉာဏ်အားလုံးကို လျစ်လျူရှုကြပြီး ငါ၏ဆိုဆုံးမခြင်းကိုလည်း အလိုမရှိကြ။
ထာဝရဘုရားကိုကြောက်ရွံ့ခြင်းသည် အသိပညာ၏အရင်းအမြစ်ဖြစ်၏။ ဆိုးမိုက်သောသူတို့သည် ဉာဏ်ပညာနှင့် ဆုံးမပဲ့ပြင်ခြင်းကို မထီမဲ့မြင်ပြုတတ်ကြ၏။
ဆုံးမပဲ့ပြင်ခြင်းကို စောင့်ထိန်းသောသူသည် အသက်ရှင်ခြင်းလမ်း၌ရှိ၏။ ဆိုဆုံးမစကားကိုငြင်းပယ်သောသူမူကား လမ်းလွဲတတ်၏။
ဆုံးမပဲ့ပြင်ခြင်းကိုနှစ်သက်သောသူသည် အသိပညာကိုနှစ်သက်သောသူဖြစ်၏။ ဆိုဆုံးမခြင်းကိုမုန်းသောသူမူကား အသိတရားမဲ့သောသူဖြစ်၏။
ဆင်းရဲခြင်းနှင့်အရှက်ကွဲခြင်းသည် ဆုံးမပဲ့ပြင်ခြင်းကိုလျစ်လျူရှုသောသူထံသို့ ရောက်လာလိမ့်မည်။ ဆိုဆုံးမစကားကိုစောင့်ထိန်းသောသူမူကား ဂုဏ်ပြုချီးမွမ်းခြင်းခံရလိမ့်မည်။
ဆိုးမိုက်သောသူသည် မိမိဖခင်၏ဆုံးမပဲ့ပြင်ခြင်းကို မထီလေးစားပြုတတ်၏။ ဆိုဆုံးမစကားကိုစောင့်ထိန်းသောသူမူကား နှိုင်းချင့်မျှော်ခေါ်တတ်၏။
နောက်ဆုံး၌ သင်၏အသွေးအသားနှင့် သင်၏ကိုယ်ခန္ဓာသည် ပျက်စီးသောအခါ သင်သည် ညည်းတွားလျက်
အကြောင်းမူကား ပညတ်ချက်သည် မီးခွက်ဖြစ်၍ သွန်သင်ချက်သည် အလင်းဖြစ်၏။ ဆုံးမပဲ့ပြင်ပေးသောဆိုဆုံးမစကားတို့သည်လည်း အသက်လမ်းဖြစ်၍
ငါနှင့်လွဲသွားသောသူမူကား ကိုယ့်ကိုယ်ကိုယ်အကျိုးနည်းစေ၏။ ငါ့ကိုမုန်းသောသူရှိသမျှတို့သည် သေခြင်းကိုချစ်ကြ၏။
ငါ့အစေအပါးပရောဖက်အပေါင်းတို့ကို သင်တို့ရှိရာသို့ အကြိမ်ကြိမ်စေလွှတ်၍ ငါမုန်းသော ဤစက်ဆုပ်ရွံရှာဖွယ်အမှုကို မပြုကြနှင့်ဟု ဆင့်ဆိုစေခဲ့၏။