အကျွန်ုပ်၏ဘုရားသခင်၊ ကိုယ်တော်၏အလိုတော်ဆောင်ရွက်ရသည်ကို အကျွန်ုပ်နှစ်သက်ပါ၏။ ကိုယ်တော်၏တရားတော်သည်လည်း အကျွန်ုပ်၏စိတ်နှလုံးထဲ၌ရှိပါ၏”ဟု လျှောက်၏။
သုတ္တံကျမ်း။ 4:21 - မြန်မာ့စံမီသမ္မာကျမ်း ထိုစကားတို့ကို သင်၏မျက်မှောက်မှ မကွာစေနှင့်။ သင်၏စိတ်နှလုံးအတွင်း၌ ထိန်းသိမ်းထားလော့။ Common Language Bible သင့်မျက်မှောက်မှ မကွာစေနှင့်။ နှလုံးတွင်း၌ စောင့်ထားလော့။ Garrad Bible ထို စ ကား သည် တွေ့ ခွင့် ရ ရှိ သူ တို့ အ သက် ရှင် ခြင်း၊ ကိုယ် ခ န္ဓာ သန် မာ ခြင်း ဖြစ်၍၊ Judson Bible သင့်မျက်မှောက်မှ မကွာစေနှင့်။ နှလုံးတွင်း၌ စောင့်ထားလော့။ |
အကျွန်ုပ်၏ဘုရားသခင်၊ ကိုယ်တော်၏အလိုတော်ဆောင်ရွက်ရသည်ကို အကျွန်ုပ်နှစ်သက်ပါ၏။ ကိုယ်တော်၏တရားတော်သည်လည်း အကျွန်ုပ်၏စိတ်နှလုံးထဲ၌ရှိပါ၏”ဟု လျှောက်၏။
ငါ့သား၊ သင်သည် ငါ့စကားတို့ကိုခံယူ၍ ငါ၏ပညတ်ချက်တို့ကို သင့်အထဲ၌သိုမှီးထားကာ
အကြောင်းမူကား ထိုအရာတို့ကို သင့်အထဲ၌ စောင့်ထိန်းထား၍ ထိုအရာရှိသမျှတို့ကို သင်၏နှုတ်၌အသင့်ရှိစေလျှင် နှစ်လိုဖွယ်ကောင်းသောအရာဖြစ်လိမ့်မည်။
ငါ့သား၊ ငါ၏သွန်သင်ချက်ကို မမေ့လျော့နှင့်။ ငါ၏ပညတ်ချက်တို့ကိုလည်း သင်၏စိတ်နှလုံးသည် ထိန်းသိမ်းစောင့်ရှောက်ပါစေ။
ငါ့သား၊ မှန်ကန်ပြည့်စုံသောဉာဏ်နှင့် အလိမ္မာဉာဏ်ကိုထိန်းသိမ်းစောင့်ရှောက်လော့။ ၎င်းတို့ကို သင်၏မျက်မှောက်မှ မကွာစေနှင့်။
မေတ္တာကရုဏာနှင့်သမ္မာတရားကို သင့်ထံမှစွန့်ခွာမသွားစေနှင့်။ ၎င်းတို့ကို သင်၏လည်ပင်း၌ဆွဲထား၍ သင့်နှလုံးသားပြင်၌ ရေးထားလော့။
၎င်းတို့ကို သင်၏စိတ်နှလုံးတွင် အစဉ်မပြတ်ချည်ထား၍ သင်၏လည်ပင်း၌ဆွဲထားလော့။
၎င်းတို့ကို သင်၏လက်ချောင်းတို့တွင်ချည်ထား၍ သင်၏နှလုံးသားပြင်၌ ရေးထားလော့။
သင်တို့သတိပြုကြလော့။ သင်တို့မျက်စိဖြင့်တွေ့မြင်ခဲ့ရသောအမှုအရာများကို သင်တို့မမေ့လျော့စေရန်နှင့် သင်တို့အသက်ရှင်သမျှကာလပတ်လုံး သင်တို့စိတ်နှလုံးလမ်းမလွဲစေရန် သင်တို့၏စိတ်ကိုအထူးစောင့်ထိန်းလော့။ သင်တို့၏သားမြေးတို့ကိုလည်း ပြောပြကြလော့။