ဒါဝိဒ်မင်းကြီးသည် အစ္စရေးတစ်မျိုးလုံးကို အုပ်စိုး၍ ပြည်သူပြည်သားအပေါင်းတို့ကို တရားမျှတစွာ၊ ဖြောင့်မတ်စွာ အုပ်ချုပ်၏။
သုတ္တံကျမ်း။ 31:9 - မြန်မာ့စံမီသမ္မာကျမ်း သင်၏နှုတ်ကိုဖွင့်လျက် ဖြောင့်မတ်စွာတရားစီရင်လော့။ အဖိနှိပ်ခံရသောသူနှင့် နွမ်းပါးသောသူ၏အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ပေးလော့။ Common Language Bible စကားပြောလျက်၊ တရားသဖြင့်စီရင်လျက်၊ ဆင်းရဲငတ်မွတ်သောသူတို့၏ အမှုကိုစောင့်လော့။ Garrad Bible ဆင်း ရဲ သူ၊ နွမ်း ပါး သူ တို့ အ မှု ကို၊ နှုတ် မြွက်၍ တ ရား သ ဖြင့် စီ ရင် လော့။ Judson Bible စကားပြောလျက်၊ တရားသဖြင့် စီရင်လျက်၊ ဆင်းရဲငတ်မွတ်သော သူတို့၏အမှုကို စောင့်လော့။ |
ဒါဝိဒ်မင်းကြီးသည် အစ္စရေးတစ်မျိုးလုံးကို အုပ်စိုး၍ ပြည်သူပြည်သားအပေါင်းတို့ကို တရားမျှတစွာ၊ ဖြောင့်မတ်စွာ အုပ်ချုပ်၏။
ငါသည် အကူအညီအော်ဟစ်တောင်းခံသောဆင်းရဲသားနှင့် အကူအညီမဲ့သောဖတဆိုးတို့ကို ကယ်မပေးခဲ့၏။
ဆင်းရဲသောသူနှင့်မိဘမဲ့သူအတွက် တရားစီရင်ပေးကြလော့။ အဖိနှိပ်ခံရသောသူနှင့်ဆင်းရဲသားအတွက် ဖြောင့်မတ်စွာစီရင်ပေးကြလော့။
ရာဇပလ္လင်သည် ဖြောင့်မတ်ခြင်းအားဖြင့် တည်မြဲသည်ဖြစ်၍ ရှင်ဘုရင်တို့သည် ဆိုးယုတ်သောအမှုပြုရမည်ကို စက်ဆုပ်ရွံရှာကြ၏။
တရားစီရင်ရာပလ္လင်ပေါ်တွင်ထိုင်သော ရှင်ဘုရင်သည် မကောင်းမှုရှိသမျှကို မိမိ၏မျက်စိဖြင့် လွင့်သွားစေတတ်၏။
ဖြောင့်မတ်သောသူသည် ဆင်းရဲသောသူတို့၏အမှုအခင်းကို သိမြင်တတ်၏။ ဆိုးယုတ်သောသူသည် ထိုသို့သောအသိမျိုးကို နားမလည်တတ်။
ကောင်းသောအမှုကိုပြုရန် သင်ယူကြလော့။ တရားမျှတမှုကို ရှာကြလော့။ အဖိနှိပ်ခံရသူကို ကူမကြလော့။ ဖတဆိုးဘက်မှ တရားသဖြင့်စီရင်ကြလော့။ မုဆိုးမဘက်မှ ရင်ဆိုင်ဖြေရှင်းပေးကြလော့”ဟု မိန့်တော်မူ၏။
သင်၏အကြီးအကဲတို့သည် သူပုန်ဖြစ်ကြပြီ။ သူခိုးလက်ခံဖြစ်ကြပြီ။ သူတို့အားလုံးသည် တံစိုးလက်ဆောင်ကိုနှစ်သက်၍ ဂုဏ်ပကာသနနောက်သို့လိုက်ကြပြီ။ သူတို့သည် ဖတဆိုးဘက်မှ တရားသဖြင့်မစီရင်ကြ။ မုဆိုးမ၏အမှုကိုလည်း မဖြေရှင်းကြ။
ဆင်းရဲသောသူတို့ကို ဖြောင့်မတ်စွာတရားစီရင်မည်။ နိမ့်ကျသောမြေကြီးသားတို့အတွက် တရားမျှတစွာဆုံးဖြတ်မည်။ မြေကြီးကို သူ၏နှုတ်ကြိမ်လုံးဖြင့် ရိုက်နှက်၍ ဆိုးယုတ်သောသူတို့ကို နှုတ်ထွက်လေဖြင့် ကွပ်မျက်မည်။
ထာဝရဘုရားက “အို ဒါဝိဒ်အမျိုးအနွယ်တို့၊ နံနက်တိုင်း တရားသဖြင့်စစ်ကြောစီရင်ကြလော့။ နှိပ်စက်ခံရသူကို နှိပ်စက်သောသူ၏လက်မှ ကယ်နုတ်လော့။ သို့မဟုတ်လျှင် သင်တို့၏ဆိုးညစ်သောလုပ်ရပ်ကြောင့် ငါ့အမျက်သည် မည်သူမျှမငြှိမ်းနိုင်အောင် မီးကဲ့သို့တောက်လောင်လိမ့်မည်”ဟု မိန့်တော်မူ၏။
ထာဝရဘုရားက တရားမျှတစွာ၊ ဖြောင့်မတ်စွာပြုကြလော့။ နှိပ်စက်ခံရသူကို နှိပ်စက်သူ၏လက်မှကယ်နုတ်လော့။ တိုင်းတစ်ပါးသား၊ ဖတဆိုး၊ မုဆိုးမတို့ကို နိုင်ထက်စီးနင်းမပြုနှင့်။ အကြမ်းမဖက်နှင့်။ ဤအရပ်၌ အပြစ်မဲ့သောသူကို မသတ်နှင့်။
ထာဝရဘုရားက “ကြည့်ရှုလော့။ အချိန်ကျရောက်ပြီ။ ဖြောင့်မတ်ခြင်းအကိုင်းကို ဒါဝိဒ်အမျိုးမှ ငါပေါ်ထွက်စေမည်။ သူသည် ဘုရင်အဖြစ်အုပ်စိုးမည်။ ပညာသတိရှိလျက် ပြည်တော်၌ တရားမျှတစွာ၊ ဖြောင့်မတ်စွာ စီရင်မည်။
သူတို့သည် ဝဖြိုးစိုပြည်ကြ၏။ မကောင်းမှုကို အတောမသတ်ပြုကြ၏။ သူတို့ကောင်းစားရေးအတွက် မိဘမဲ့တို့၏အမှုကို မတရားသဖြင့်စီရင်ကြ၏။ နွမ်းပါးသူတို့အတွက် တရားမျှတစွာမစီရင်ကြ။
သို့ဖြစ်၍ အို အရှင်မင်းကြီး၊ အကျွန်ုပ်အကြံပေးသည်ကို လက်ခံပါ။ ဖြောင့်မတ်စွာပြု၍ အပြစ်ကိုရှောင်ကြဉ်ပါ။ ဆင်းရဲသားတို့ကို သနား၍ မတရားမှုများကို စွန့်ပစ်ပါ။ သို့ပြုလျှင် မင်းကြီး၏နန်းစည်းစိမ်သည် တာရှည်တည်ပါလိမ့်မည်”ဟု ပြန်လျှောက်လေ၏။
တရားစီရင်ရာတွင် မတရားသဖြင့် မစီရင်ရ။ ဆင်းရဲသောသူကို ဘက်မလိုက်ရ။ ချမ်းသာသောသူကိုလည်း မလိုက်လျောရ။ သင်၏အိမ်နီးချင်းကို ဖြောင့်မတ်စွာတရားစီရင်ရမည်။
“ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက ‘အမှန်ကို အမှန်အတိုင်းစီရင်ဆုံးဖြတ်ကြလော့။ တစ်ဦးကိုတစ်ဦး မေတ္တာကရုဏာ ပြကြလော့။ သနားစုံမက်ကြလော့။
အို ဇိအုန်သမီးပျို၊ အားရရွှင်လန်းလော့။ အို ဂျေရုဆလင်သမီးပျို၊ ဝမ်းမြောက်စွာကြွေးကြော်လော့။ ကြည့်ရှုလော့။ သင်၏ရှင်ဘုရင်သည် သင့်ထံသို့ ကြွလာပြီ။ သူသည် ဖြောင့်မတ်သောအရှင်၊ ကယ်တင်ပိုင်သောအရှင်ဖြစ်တော်မူ၏။ နှိမ့်ချသောအရှင်လည်းဖြစ်တော်မူ၏။ မြည်းမ၏သားငယ် မြည်းကလေးကိုစီး၍ ကြွလာတော်မူ၏။
အပြင်ပန်းအားဖြင့် လူကိုမစီရင်ဘဲ တရားမျှတစွာစီရင်ကြလော့”ဟု မိန့်တော်မူ၏။
ထိုအချိန်က သင်တို့၏တရားသူကြီးများကိုလည်း ‘သင်တို့၏အမျိုးသားချင်းတို့ထဲ၌ရှိသောအမှုများကိုနားထောင်၍ အမျိုးသားအချင်းချင်းကြား၌ဖြစ်စေ၊ အမျိုးသားချင်းနှင့် သူ့ထံ၌တည်းခိုနေထိုင်သောတိုင်းတစ်ပါးသားကြား၌ဖြစ်စေ ဖြောင့်မတ်စွာတရားစီရင်ရမည်။
ကိုယ်တော်သည် ဖြောင့်မတ်ခြင်းကိုနှစ်သက်တော်မူ၍ တရားမဲ့ခြင်းကိုမုန်းတော်မူ၏။ ထို့ကြောင့် ကိုယ်တော်၏ဘုရားသခင်တည်းဟူသော ဘုရားသခင်သည် ကိုယ်တော်၏အပေါင်းအဖော်များထက် ကိုယ်တော်ကို ရွှင်မြူးခြင်းဆီနှင့် ဘိသိက်ပေးတော်မူ၏။”
ထို့နောက် ငါကြည့်လိုက်ရာ ကောင်းကင်သည်ပွင့်လျက်နေ၍ မြင်းဖြူတစ်ကောင်ရှိ၏။ ၎င်းပေါ်တွင်ထိုင်သောသူကား သစ္စာရှိသောသူ၊ ဖြောင့်မှန်သောသူဟု ခေါ်ဝေါ်ခြင်းခံရ၏။ သူသည် ဖြောင့်မတ်စွာတရားစီရင်၍ စစ်တိုက်လေ၏။
ထို့နောက် ယောနသန်သည် ခမည်းတော်ရှောလုမင်းကြီးအား ဒါဝိဒ်၏ကောင်းကြောင်းကို ပြောပြလျက် “အရှင်မင်းကြီး၊ အရှင်၏အမှုထမ်းဒါဝိဒ်ကို မပြစ်မှားပါနှင့်။ သူသည် အရှင်မင်းကြီးကို မပြစ်မှားပါ။ သူလုပ်ဆောင်သမျှသည် အရှင့်အဖို့ အကျိုးကြီးလှပါ၏။
ယောနသန်ကလည်း ခမည်းတော်ရှောလုမင်းကြီးအား “အဘယ်ကြောင့် သူသေရမည်နည်း။ မည်သည့်အမှုကို သူပြုမိသနည်း”ဟု မေးလျှောက်လျှင်