ဧသတာ၏အစေခံမိန်းကလေးများနှင့် မိန်းမစိုးတို့သည်လာ၍ မော်ဒကဲအကြောင်းကို လျှောက်ထားကြသောအခါ မိဖုရားသည် အလွန်ပင်စိတ်မကောင်းဖြစ်လေ၏။ လျှော်တေအဝတ်ကိုလဲဝတ်ရန် အဝတ်များကိုပေးလိုက်သော်လည်း မော်ဒကဲသည် လက်မခံ။
သုတ္တံကျမ်း။ 31:26 - မြန်မာ့စံမီသမ္မာကျမ်း သူသည် ဉာဏ်ပညာဖြင့် မိမိနှုတ်ကိုဖွင့်တတ်၏။ သူ၏လျှာပေါ်၌ မေတ္တာကရုဏာနှင့်ပြည့်စုံသော သွန်သင်ချက်ရှိ၏။ Common Language Bible ပညာစကားကို ပြောတတ်၍၊ မေတ္တာတရား အားဖြင့် နှုတ်မြွတ်တတ်၏။ Garrad Bible ဉာဏ် ပ ညာ နှင့် ယှဉ်၍ နှုတ် မြွက် သည့် ပြင်၊ က ရု ဏာ တ ရား လည်း လျှာ တွင် တည်၏။ Judson Bible ပညာစကားကိုပြောတတ်၍၊ မေတ္တာတရားအားဖြင့် နှုတ်မြွက်တတ်၏။ |
ဧသတာ၏အစေခံမိန်းကလေးများနှင့် မိန်းမစိုးတို့သည်လာ၍ မော်ဒကဲအကြောင်းကို လျှောက်ထားကြသောအခါ မိဖုရားသည် အလွန်ပင်စိတ်မကောင်းဖြစ်လေ၏။ လျှော်တေအဝတ်ကိုလဲဝတ်ရန် အဝတ်များကိုပေးလိုက်သော်လည်း မော်ဒကဲသည် လက်မခံ။
အရှင်မင်းကြီးသည် ကျွန်တော်မျိုးမကို မျက်နှာသာပေး၍ ကျွန်တော်မျိုးမ တောင်းဆိုသောအရာကို အရှင်မင်းကြီးပေးသနားလိုသောစေတနာစိတ်ရှိလျှင် ကျွန်တော်မျိုးမ ပြင်ဆင်မည့်စားသောက်ပွဲသို့ အရှင်မင်းကြီးနှင့်ဟာမန်တို့ နောက်တစ်ဖန်ကြွရောက်တော်မူပါ။ အရှင်မင်းကြီးမိန့်ဆိုသောအရာကိုလည်း နက်ဖြန်နေ့တွင် ဖြေကြားပါမည်”ဟု ပြန်လျှောက်လေ၏။
ဖြောင့်မတ်သောသူ၏နှုတ်သည် ဉာဏ်ပညာကိုတိုးပွားစေ၏။ ဖောက်ပြန်လွဲမှားသောလျှာမူကား အဖြတ်ခံရလိမ့်မည်။
ဓားနှင့်ထိုးသကဲ့သို့ မဆင်မခြင်ပြောဆိုတတ်သောသူရှိ၏။ ပညာရှိသောသူတို့၏စကားမူကား ဒဏ်ရာဒဏ်ချက်ကို ပျောက်ကင်းစေတတ်၏။
နှစ်လိုဖွယ်စကားတို့သည် ပျားလပို့မှပျားရည်ကဲ့သို့ စိတ်ဝိညာဉ်၌ချိုမြိန်၍ အရိုးကိုကျန်းမာစေတတ်၏။
အိမ်ရာနှင့်စည်းစိမ်ဥစ္စာသည် မိဘဘိုးဘွားတို့ပေးသောအမွေဖြစ်၏။ ပညာသတိရှိသောမယားမူကား ထာဝရဘုရားပေးသနားတော်မူရာဖြစ်၏။
စိတ်ရှည်ခြင်းအားဖြင့် ဦးစီးဦးဆောင်သူကို ဖျောင်းဖျနိုင်၏။ နူးညံ့သိမ်မွေ့သောစကားသည်လည်း အရိုးကိုကျိုးစေနိုင်၏။
မိမိအိမ်သူအိမ်သားတို့၏အရေးကိစ္စများကို သေချာစွာကြည့်ရှုတတ်၏။ ပျင်းရိခြင်းအစာကို မစားတတ်။
ကျောက်ဆောင်များကြား၊ ချောက်ကမ်းပါးများကြားတွင် ခိုအောင်းနေသော ငါ၏ချိုးငှက်လေးရေ၊ သင့်မျက်နှာကို မြင်လိုပါ၏။ သင့်အသံကို ကြားလိုပါ၏။ သင့်အသံသည် နားဝင်ချိုလှ၏။ သင့်မျက်နှာသည်လည်း တင့်တယ်လှပပေ၏’ဟု ဆို၏။”
အို ငါ့သတို့သမီး၊ သင့်နှုတ်ခမ်းတို့သည် ပျားလပို့မှ ပျားရည်ယိုသကဲ့သို့ ဖြစ်ပါ၏။ သင့်လျှာအောက်တွင် ပျားရည်၊ နို့ရည်တို့ ရှိပါ၏။ သင့်အဝတ်အစားတို့၏ရနံ့သည်လည်း လက်ဘနွန်ရနံ့နှင့် တူပါ၏။
သူ့နှုတ်၌ မှန်ကန်သောသွန်သင်ချက် ရှိ၏။ သူ့နှုတ်ခမ်း၌ မတရားမှု မရှိ။ သူသည် ငါနှင့်အတူ သင့်မြတ်တည်ကြည်စွာ သွားလာနေထိုင်ပြီး လူအများကို ဒုစရိုက်လမ်းမှ ပြန်လှည့်လာစေ၏။
ထိုအခါ မာရိက “ကျွန်မသည် ထာဝရဘုရား၏အစေအပါးဖြစ်ပါ၏။ အရှင်၏စကားအတိုင်း ကျွန်မ၌ဖြစ်ပါစေ”ဟု ဝန်ခံ၏။ ထို့နောက် ကောင်းကင်တမန်သည် မာရိထံမှ ထွက်ခွာသွားလေ၏။
သူသည် ဝတ်ပြုစည်းဝေးကျောင်း၌ ရဲရင့်စွာဟောပြောလေ၏။ ပြစ်ကိလနှင့်အာကုလတို့သည် သူဟောပြောသည်ကိုကြားကြသောအခါ သူ့ကိုဖိတ်ခေါ်၍ ဘုရားသခင်၏တရားလမ်းကို ပို၍သေချာစွာရှင်းပြကြ၏။
တရားလွှတ်တော်၌ ထိုင်နေသောသူအပေါင်းတို့သည် သတေဖန်ကို စေ့စေ့ကြည့်လျှင် သူ၏မျက်နှာသည် ကောင်းကင်တမန်၏မျက်နှာကဲ့သို့ဖြစ်သည်ကို တွေ့မြင်ရကြ၏။
သင်တို့၏နှုတ်ထဲမှ မကောင်းသောစကားတစ်ခွန်းကိုမျှ မထွက်စေနှင့်။ ကြားရသောသူတို့ကို ကျေးဇူးပြုနိုင်ရန် လိုအပ်ချက်နှင့်အညီ တည်ဆောက်စရာဖြစ်စေသည့် ကောင်းသောစကားတို့ကိုသာ ပြောဆိုကြလော့။
အပြင်လူတို့ရှေ့တွင် ဉာဏ်ပညာရှိစွာအသက်ရှင်လျှောက်လှမ်း၍ အချိန်အခါကို ကောင်းစွာအသုံးချကြလော့။
ထိုနည်းတူ ဇနီးသည်တို့၊ မိမိတို့၏ခင်ပွန်းသည်ကို နာခံကြလော့။ သို့ပြုလျှင် အချို့သောခင်ပွန်းသည်တို့သည် နှုတ်ကပတ်တရားကိုမယုံကြည်ကြလျှင်ပင် သင်တို့၏ကြောက်ရွံ့ရိုသေမှုနှင့် သန့်ရှင်းစင်ကြယ်သောအသက်ရှင်နေထိုင်မှုကိုမြင်လျက် ဇနီးသည်၏စကားအားဖြင့်မဟုတ်ဘဲ အသက်ရှင်နေထိုင်မှုအားဖြင့် ပြောင်းလဲလာကြလိမ့်မည်။
သူ့မယားကလည်း “ထာဝရဘုရားသည် ငါတို့ကို သေစေလိုလျှင် ငါတို့ပူဇော်သော မီးရှို့ရာယဇ်နှင့် ဘောဇဉ်ပူဇော်သက္ကာကို လက်ခံတော်မူမည်မဟုတ်။ ငါတို့အား ဤအဖြစ်အပျက်များကို ပြတော်မူမည်မဟုတ်၊ ယခုကဲ့သို့ ငါတို့ကို စကားပြောတော်မူမည်မဟုတ်”ဟု ပြန်ပြောလေ၏။