ဖာရောမင်းကြီးသည် မိမိ၏လက်မှ တံဆိပ်တုံးလက်စွပ်ကိုချွတ်၍ ယောသပ်၏လက်၌စွပ်ပေး၏။ ပိတ်ချောထည်အဝတ်တို့ကိုလည်းဝတ်ပေး၍ သူ၏လည်ပင်း၌ ရွှေဆွဲကြိုးကိုဆွဲပေးပြီး
သုတ္တံကျမ်း။ 31:22 - မြန်မာ့စံမီသမ္မာကျမ်း သူသည် မိမိအတွက် အိပ်ရာခင်းများကိုပြုလုပ်၍ သူ၏အဝတ်တန်ဆာသည် ဗီသွာချည်ထည်နှင့် ခရမ်းရောင်အထည်ဖြစ်၏။ Common Language Bible ကိုယ်အလို့စောင်တို့ကို ရက်၍၊ ပိတ်ချောနှင့် မောင်းသောအထည်ကို ဝတ်တတ်ကြ၏။ Garrad Bible ကိုယ် အ ဖို့ အိပ် ရာ ခင်း များ ကို ရက်၍၊ ပိတ် ချော နှင့် မောင်း သော အ ထည် ကို ဝတ် ဆင် တတ်၏။ Judson Bible ကိုယ်အဖို့ စောင်တို့ကိုရက်၍၊ ပိတ်ချောနှင့် မောင်းသောအထည်ကို ဝတ်တတ်၏။ |
ဖာရောမင်းကြီးသည် မိမိ၏လက်မှ တံဆိပ်တုံးလက်စွပ်ကိုချွတ်၍ ယောသပ်၏လက်၌စွပ်ပေး၏။ ပိတ်ချောထည်အဝတ်တို့ကိုလည်းဝတ်ပေး၍ သူ၏လည်ပင်း၌ ရွှေဆွဲကြိုးကိုဆွဲပေးပြီး
ထို့နောက် သုံးရက်မြောက်နေ့တွင် ဧသတာသည် နန်းဝတ်နန်းစားကိုဝတ်ဆင်၍ ဘုရင့်ခန်းမဆောင်နှင့်မျက်နှာချင်းဆိုင် နန်းတွင်းဆောင်တွင် ရပ်နေ၏။ ရှင်ဘုရင်သည်လည်း ဘုရင့်ခန်းမဆောင်အဝင်ဝသို့မျက်နှာမူလျက် ခန်းမတွင်းရှိရာဇပလ္လင်ပေါ်တွင် စံမြန်းနေ၏။
မော်ဒကဲသည် အပြာရောင်နှင့်အဖြူရောင်ချည်ချောထည် မင်းအဝတ်တန်ဆာဝတ်ဆင်၍ ရွှေသရဖူကြီးကိုဆောင်းလျက်၊ ခရမ်းရောင်ပိတ်ချောဝတ်လုံကိုခြုံလျက် ဘုရင့်ထံမှထွက်လာသောအခါ ရှုရှန်နန်းတော်တစ်ခုလုံး ဝမ်းမြောက်စွာ ကြွေးကြော်ကြလေ၏။
တစ်ခါက ခရမ်းရောင်ဝတ်ရုံနှင့် ပိတ်ချောထည်များကိုဝတ်ဆင်ကာ နေ့စဉ် စည်းစိမ်ခံစားလျက် ပျော်မွေ့နေသည့် သူဌေးတစ်ဦးရှိ၏။
သင်တို့၏တန်ဆာဆင်ခြင်းသည် ဆံပင်ကျစ်ခြင်း၊ ရွှေတန်ဆာဆင်မြန်းခြင်း၊ အဝတ်အစားများဖြင့်ဆင်ယင်ခြင်းတည်းဟူသော အပြင်ပန်းတန်ဆာဆင်ခြင်းမဖြစ်စေဘဲ
ကောင်းကင်ဗိုလ်ခြေတို့သည် စင်ကြယ်သောပိတ်ချောဖြူကိုဝတ်ဆင်လျက် မြင်းဖြူကိုစီးကာ သူ၏နောက်သို့လိုက်ကြ၏။
ထိုသတို့သမီးသည် စင်ကြယ်တောက်ပသောပိတ်ချောထည်ကို ဝတ်ဆင်ခွင့်ရရှိ၏။ ထိုပိတ်ချောထည်ကား သန့်ရှင်းသူတို့၏ဖြောင့်မတ်သောအကျင့်ဖြစ်၏”ဟု ဆိုသည်ကို ငါကြားရ၏။
ဂိဒေါင်ရရှိသောရွှေနားကွင်း၏အလေးချိန်မှာ ရွှေတစ်ထောင့်ခုနစ်ရာရှယ်ကယ် ဖြစ်၏။ ထို့ပြင် မိဒျန်ဘုရင်တို့ထံမှ လခြမ်းသဏ္ဌာန်တန်ဆာ၊ ဆွဲသီး၊ ခရမ်းရောင်အဝတ်တို့မှစ၍ သူတို့ကုလားအုတ်၏လည်ပင်း၌ဆွဲထားသော လည်ပတ်ကြိုးများလည်း ရသေး၏။