ကောက်ကျစ်သောစိတ်နှလုံးသည် အကျွန်ုပ်ထံမှ ထွက်ခွာသွားရပါလိမ့်မည်။ အကျွန်ုပ်သည် မကောင်းမှုနှင့် ပတ်သက်မည်မဟုတ်ပါ။
သုတ္တံကျမ်း။ 29:27 - မြန်မာ့စံမီသမ္မာကျမ်း ဖြောင့်မတ်သောသူသည် မတရားသောသူကို စက်ဆုပ်ရွံရှာတတ်၏။ ဆိုးယုတ်သောသူမူကား ဖြောင့်မှန်စွာပြုမူကျင့်ကြံသောသူကို စက်ဆုပ်ရွံရှာတတ်၏။ Common Language Bible တရားသောသူသည် မတရားသောသူကို၎င်း၊ မတရားသော သူသည်တရားသဖြင့် ကျင့်သောသူကို၎င်း၊ စက်ဆုပ်ရွံရှာ တတ်၏။ Garrad Bible ဒု စ ရိုက် ပြု ကျင့် တတ် သူ သည်၊ သူ တော် ကောင်း တို့ စက် ဆုပ် ရွံ့ ရှာ ဖွယ်၊ ဖြောင့် မှန် စွာ လျှောက် လိုက် သော သူ လည်း၊ လူ ဆိုး တို့၏ စက် ဆုပ် ရွံ့ ရှာ ဖွယ် ဖြစ်၏။ Judson Bible တရားသောသူသည် မတရားသောသူကိုလည်းကောင်း၊ မတရားသောသူသည် တရားသဖြင့် ကျင့်သောသူကိုလည်းကောင်း၊ စက်ဆုပ်ရွံရှာတတ်၏။ |
ကောက်ကျစ်သောစိတ်နှလုံးသည် အကျွန်ုပ်ထံမှ ထွက်ခွာသွားရပါလိမ့်မည်။ အကျွန်ုပ်သည် မကောင်းမှုနှင့် ပတ်သက်မည်မဟုတ်ပါ။
ဆိုးညစ်သောအမှုကိုပြုသောသူတို့၊ ငါ့ထံမှဖယ်ခွာကြလော့။ ငါသည် ငါ့ဘုရားသခင်၏ပညတ်တော်တို့ကို လိုက်နာကျင့်သုံးမည်။
အို ထာဝရဘုရား၊ ကိုယ်တော်ကိုမုန်းသောသူတို့ကို အကျွန်ုပ်မုန်းသည်မဟုတ်လော။ ကိုယ်တော်ကိုဆန့်ကျင်သောသူတို့ကိုလည်း အကျွန်ုပ် စက်ဆုပ်သည်မဟုတ်လော။
အကျွန်ုပ်သည် သူတို့ကိုအမုန်းကြီးမုန်းပါ၏။ အကျွန်ုပ်၏ရန်သူများအဖြစ် မှတ်ယူပါ၏။
အပြစ်ဒုစရိုက်ပြုသောသူအပေါင်းတို့၊ ငါ့ထံမှထွက်သွားကြလော့။ အကြောင်းမူကား ထာဝရဘုရားသည် ငါ၏ငိုကြွေးသံကိုကြားတော်မူပြီ။
အကျွန်ုပ်ကို အကြောင်းမဲ့မုန်းသောသူတို့သည် အကျွန်ုပ်၏ဦးခေါင်းပေါ်ရှိဆံပင်များထက် ပို၍များပြားကြပါ၏။ အကျွန်ုပ်ကိုဖယ်ရှားသုတ်သင်လိုသည့် လှည့်ဖြားတတ်သော အကျွန်ုပ်၏ရန်သူတို့သည် အားကြီးကြပါ၏။ အကျွန်ုပ်မလုယူခဲ့သည့်အရာကို အကျွန်ုပ်ပြန်ပေးရပါမည်လော။
လူသည် မိမိ၏ဉာဏ်စွမ်းနှင့်အညီ ချီးမွမ်းခြင်းခံရလိမ့်မည်။ ကောက်သောစိတ်သဘောရှိသူမူကား မထီမဲ့မြင်ပြုခြင်းခံရလိမ့်မည်။
အလိုဆန္ဒပြည့်ဝခြင်းသည် စိတ်ဝိညာဉ်အတွက် နှစ်သက်ဖွယ်ဖြစ်၏။ သို့သော် မကောင်းမှုမှဖယ်ခွာခြင်းသည် မိုက်မဲသောသူတို့အတွက် စက်ဆုပ်ရွံရှာဖွယ်ဖြစ်၏။
မိုက်မဲဆိုးညစ်သောအကြံသည် အပြစ်ဖြစ်၏။ ပြက်ရယ်ပြုတတ်သောသူသည်လည်း လူတို့အတွက်စက်ဆုပ်ရွံရှာဖွယ်ဖြစ်၏။
သွေးဆာသောသူတို့သည် အပြစ်တင်စရာမရှိသောသူကိုမုန်း၍ ဖြောင့်မှန်သောသူ၏အသက်ကိုသတ်ရန် ရှာကြံတတ်ကြ၏။
ယာကေ၏သားအာဂုရ၏ဩဝါဒစကားများ။ အာဂုရသည် ဣသေလအား၊ ဣသေလနှင့်ဥကလတို့အား မိန့်ကြားသည်ကား
တစ်လတည်းတွင် သိုးထိန်းသုံးဦးကို ငါဖယ်ရှားပစ်၏။ ငါသည် သူတို့ကို သည်းမခံနိုင်။ သူတို့သည်လည်း ငါ့ကို မုန်းကြ၏။
လူအပေါင်းတို့သည်လည်း ငါ့နာမကြောင့် သင်တို့ကိုမုန်းတီးကြလိမ့်မည်။ သို့သော် အဆုံးတိုင်အောင်တည်ကြည်သောသူသည် ကယ်တင်ခြင်းခံရလိမ့်မည်။
ထို့နောက် လူတို့သည် သင်တို့ကိုနှိပ်စက်ရန် အပ်နှံ၍ သင်တို့ကို သတ်ဖြတ်ကြလိမ့်မည်။ သင်တို့သည် ငါ့နာမကြောင့် လူမျိုးတကာတို့၏မုန်းတီးခြင်းကို ခံရကြလိမ့်မည်။
အကျွန်ုပ်သည် ကိုယ်တော်၏နှုတ်ကပတ်တရားကို သူတို့အားပေးအပ်ခဲ့ပါပြီ။ သို့ရာတွင် အကျွန်ုပ်သည် ဤလောကနှင့်မဆိုင်သကဲ့သို့ သူတို့သည်လည်း ဤလောကနှင့်မဆိုင်ကြသောကြောင့် လောကီသားတို့သည် သူတို့ကိုမုန်းကြပါ၏။
လောကီသားတို့သည် သင်တို့ကိုမမုန်းနိုင်။ ငါ့ကိုမူကား မုန်းကြ၏။ အဘယ်ကြောင့်ဆိုသော် ငါသည် သူတို့ပြုသောအမှုများမကောင်းကြောင်းကို ထောက်ပြသောကြောင့်ဖြစ်၏။