ဆာလံ 119:115 - မြန်မာ့စံမီသမ္မာကျမ်း115 ဆိုးညစ်သောအမှုကိုပြုသောသူတို့၊ ငါ့ထံမှဖယ်ခွာကြလော့။ ငါသည် ငါ့ဘုရားသခင်၏ပညတ်တော်တို့ကို လိုက်နာကျင့်သုံးမည်။ အခန်းကိုကြည့်ပါ။Common Language Bible115 အခင်းအပြစ်ကူးသူတို့"ငါ့ထံမှသွား ကြလော့။ ငါ၏ဘုရားသခင်ပညတ်တော်တို့ကို ငါစောင့်ထိန်းမည်။ အခန်းကိုကြည့်ပါ။Garrad Bible115 ဒု စ ရိုက် ကို ပြု သော သူ တို့၊ ဘု ရား သ ခင့် ပ ညတ် တော် များ ကို စောင့် ထိန်း ခွင့် ရ ရှိ စေ ရန်၊ ငါ့ ထံ မှ ထွက် သွား ကြ လော့။ အခန်းကိုကြည့်ပါ။Judson Bible115 ဒုစရိုက်ကို ပြုသောသူတို့၊ ငါ့ထံမှ ဖယ်သွားကြ။ ငါသည် ဘုရားသခင်၏ ပညတ်တော်တို့ကို ကျင့်စောင့်မည်။ အခန်းကိုကြည့်ပါ။ |
ထာဝရဘုရားကို ဝတ်မပြုသင့်ဟု သင်တို့ထင်မှတ်လျှင် ယနေ့ သင်တို့ဝတ်ပြုလိုသည့်ဘုရားကို သင်တို့ရွေးချယ်လော့။ ယူဖရေးတီးမြစ်တစ်ဖက်ကမ်း၌ သင်တို့ဘိုးဘေးဝတ်ပြုခဲ့သောအခြားဘုရားများကို ဝတ်ပြုမည်လော၊ သင်တို့နေထိုင်ရာပြည်ရှိ အာမောရိလူမျိုးတို့၏ဘုရားကို ဝတ်ပြုမည်လော။ ငါနှင့်ငါ့အိမ်သူအိမ်သားတို့မူကား ထာဝရဘုရားကိုသာ ဝတ်ပြုမည်”ဟု ဆို၏။