အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




သုတ္တံကျမ်း။ 28:5 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

မကောင်းမှု​ပြု​သော​သူ​တို့​သည် တရားမျှတမှု​ကို​နား​မ​လည်​ကြ​။ ထာဝရဘုရား​ကို​ရှာ​သော​သူ​တို့​မူကား အပြည့်အဝ​နားလည်​ကြ​၏​။

အခန်းကိုကြည့်ပါ။

Common Language Bible

အဓမ္မလူသည် တရားစီရင်ခြင်းကို နားမလည် တတ်။ ထာဝရဘုရားကို ရှာသောသူမူကား၊ ခပ်သိမ်း သော စီရင်ခြင်းကို နားလည်တတ်၏။

အခန်းကိုကြည့်ပါ။

Garrad Bible

ဆိုး သွမ်း တတ် သော သူ တို့ သည်၊ တ ရား သ ဖြင့် ပြု မူ ခြင်း ကို နား မ လည် တတ် ကြ။ ထာ ဝ ရ ဘု ရား ကို ရှာ ဖွေ သော သူ တို့ မူ ကား၊ အ ကုန် အ စင် နား လည် တတ် ကြ၏။

အခန်းကိုကြည့်ပါ။

Judson Bible

အ​ဓ​မ္မ​လူ​သည် တ​ရား​စီ​ရင်​ခြင်း​ကို နား​မ​လည်​တတ်။ ထာ​ဝ​ရ​ဘု​ရား​ကို​ရှာ​သော​သူ​မူ​ကား၊ ခပ်​သိမ်း​သော စီ​ရင်​ခြင်း​ကို နား​လည်​တတ်၏။

အခန်းကိုကြည့်ပါ။



သုတ္တံကျမ်း။ 28:5
18 ပူးပေါင်းရင်းမြစ်များ  

အကျွန်ုပ်​သည် ကိုယ်တော်​၏​ဥပဒေသ​တို့​ကို လိုက်နာကျင့်သုံး​သည်​ဖြစ်၍ အသက်ကြီး​သော​သူ​တို့​ထက် ပို၍​အသိဉာဏ်​ရှိ​ပါ​၏​။


ကိုယ်တော်​၏​ပညတ်တော်​သည် အကျွန်ုပ်​၏​ရန်သူ​များ​ထက် အကျွန်ုပ်​ကို ပို၍​ဉာဏ်ပညာရှိ​စေ​ပါ​၏​။ အကြောင်းမူကား ထို​ပညတ်တော်​သည် အကျွန်ုပ်​နှင့်အတူ အစဉ်အမြဲ​ရှိ​ပါ​၏​။


ထာဝရဘုရား​သည် မိမိ​ကို​ကြောက်ရွံ့​သော​သူ​တို့​နှင့်​ရင်းနှီးကျွမ်းဝင်​တော်မူ​၏​။ မိမိ​၏​ပဋိညာဉ်​တော်​ကို​လည်း သူ​တို့​အား သိ​စေ​တော်မူ​၏​။


ဤ​အရာ​သည် အသိတရားမဲ့​သော​သူ​မ​သိ​နိုင်​သကဲ့သို့ မိုက်မဲ​သော​သူ​နား​မ​လည်​နိုင်​သည့်​အရာ​ဖြစ်​၏​။


အသက်ရှင်​ခြင်း​လမ်း​သည် ပညာသတိ​ရှိ​သော​သူ​ကို အထက်​အရပ်​သို့​ပို့ဆောင်​ပေး​၏​။ ထိုသို့​အားဖြင့် သူ​သည် အောက်​မရဏာနိုင်ငံ​မှ​ဖယ်ခွာ​နိုင်​မည်​ဖြစ်​၏​။


ထိုအခါ သင်​သည် ဖြောင့်မတ်​ခြင်း​၊ တရားမျှတ​ခြင်း​၊ သမာသမတ်​ရှိ​ခြင်း​နှင့် ကောင်းမြတ်​သော​လမ်း​ရှိသမျှ​တို့​ကို နားလည်​လိမ့်မည်​။


ဆိုးမိုက်​သော​သူ​အတွက် ဉာဏ်ပညာ​သည် မြင့်မား​လွန်း​၏​။ သူ​သည် မြို့​တံခါး​၌ မိမိ​နှုတ်​ကို​မ​ဖွင့်​ပေ​။


နွား​သည် မိမိ​ပိုင်ရှင်​ကို​သိ​၏​။ မြည်း​သည်​လည်း သခင်​ကျွေး​သော​စားခွက်​ကို​သိ​၏​။ သို့သော် အစ္စရေး​လူမျိုး​သည် မ​သိ​။ ငါ​၏​လူမျိုး​တော်​သည် နား​မ​လည်​ပါတကား​”​ဟု မိန့်​တော်မူ​၏​။


သူ​တို့​၏​မျက်စိ​သည် မ​မြင်​နိုင်​အောင်​၊ သူ​တို့​၏​စိတ်နှလုံး​သည် နား​မ​လည်​နိုင်​အောင်​ပိတ်​လျက်​ရှိ​သဖြင့် သူ​တို့​သည် ဘာမျှ​မ​သိ​၊ ဘာမျှ​နား​မ​လည်​ကြ​။


ကိုယ်တော်​က​လည်း “​ဤ​လူမျိုး​ထံ​သွား​၍ ‘​သင်​တို့​သည် ကြား​လျက်ပင် နား​မ​လည်​ဘဲ ကြား​ကြ​လိမ့်မည်​။ မြင်​လျက်ပင် သတိ​မ​မူ​ဘဲ မြင်​ကြ​လိမ့်မည်​’​ဟု ပြော​လော့​။


“ငါ့​လူမျိုး​တော်​တို့​သည် ဆိုးမိုက်​သော​သူ​များ​ဖြစ်​ကြ​၏​။ ငါ့​ကို​မ​သိ​ကြ​။ မိုက်မဲ​သော​သားသမီး​များ​ဖြစ်​ကြ​၏​။ အသိဉာဏ်​မ​ရှိ​ကြ​။ ဆိုးညစ်​သော​အမှု​ကို​ပြု​ရာ​၌ ကျွမ်းကျင်​၍ ကောင်း​သော​အမှု​ကို​မ​ပြု​ကြ​။”


စင်စစ် သူ​တို့​သည် မှန်ကန်​ရာ​ကို မ​ပြု​တတ်​ကြ​။ သူ​တို့​၏​ခံတပ်​တွင် အကြမ်းဖက် လုယူထား​သော​ပစ္စည်း​ကို သို​ထား​ကြ​ပြီ​”​ဟု ထာဝရဘုရား​မိန့်​တော်မူ​၏​။


မည်သူမဆို ထို​အရှင်​၏​အလို​တော်​ကို ဆောင်ရွက်​လို​သော​ဆန္ဒ​ရှိ​လျှင် ဤ​သွန်သင်​ချက်​သည် ဘုရားသခင်​ထံမှ​လာ​သလော​၊ သို့မဟုတ် ငါ​သည် ကိုယ့်​ဆန္ဒ​အလျောက်​ဟောပြော​နေ​သလော​ဆို​သည်​ကို သိ​လိမ့်မည်။


သင်​တို့​ထဲတွင် ဉာဏ်ပညာ​လိုအပ်​သော​သူ​ရှိ​လျှင် ကဲ့ရဲ့​ပြစ်တင်​ခြင်း​ကို​ပြု​တော်​မ​မူ​ဘဲ ခပ်သိမ်း​သော​သူ​တို့​အား ရက်ရော​စွာ​ပေး​တော်မူ​သော​ဘုရားသခင်​ထံ တောင်းလျှောက်​စေ။ တောင်း​လျှင်​ရ​လိမ့်မည်။


သင်​တို့​မူကား သန့်ရှင်း​တော်မူ​သော​အရှင်​ထံမှ ဘိသိက်​ကျေးဇူး​ကို ခံစား​ရ​သည်​ဖြစ်၍ ခပ်သိမ်း​သော​အရာ​တို့​ကို​သိ​ကြ​၏။


သင်​တို့​မူကား ကိုယ်တော်​ထံမှ​ခံစား​ရ​သော​ဘိသိက်​ကျေးဇူး​သည် သင်​တို့​၌​တည်ရှိ​သည်​ဖြစ်၍ မည်သူ​က​မျှ သင်​တို့​ကို​သင်ပေး​ရန် မ​လိုအပ်​ပေ။ ထို​ဘိသိက်​ကျေးဇူး​သည် မှန်ကန်​၍ လိမ်လည်​ခြင်း​ကင်း​လျက် အရာ​ခပ်သိမ်း​တို့​ကို သင်​တို့​အား သင်ပေး​တော်မူ​သည်​ဖြစ်၍ သင်​တို့​အား သင်ပေး​တော်မူ​သည့်​အတိုင်း ကိုယ်တော်​၌​တည်​နေ​ကြ​လော့။