ငါ့ညီဟာနနိနှင့် ရဲတိုက်မှူးဟာနနိယတို့အား ဂျေရုဆလင်မြို့ကို အုပ်ချုပ်ရန် ခန့်အပ်၏။ ဟာနနိယသည် သစ္စာရှိသောသူ၊ အခြားသူတို့ထက် ဘုရားသခင်ကိုကြောက်ရွံ့သောသူဖြစ်၏။
သုတ္တံကျမ်း။ 28:20 - မြန်မာ့စံမီသမ္မာကျမ်း သစ္စာရှိသောသူသည် ကောင်းချီးမင်္ဂလာများစွာခံစားရလိမ့်မည်။ အလျင်စလိုချမ်းသာကြွယ်ဝလိုသောသူမူကား အပြစ်ဒဏ်နှင့်ကင်းလွတ်လိမ့်မည်မဟုတ်။ Common Language Bible သစ္စာစောင့်သောသူသည် ကောင်းကြီးမင်္ဂလာ နှင့် ကြွယ်ဝလိမ့်မည်။ ငွေရတတ်ခြင်းငှါ အလျင်အမြန် ပြုသောသူမူကား၊ အပြစ်နှင့်မလွတ်ရ။ Garrad Bible သ စ္စာ စောင့် သော သူ သည်၊ ကောင်း ကြီး မင်္ဂ လာ နှင့် ကြွယ် ဝ လိမ့် မည်။ ငွေ ပေါ များ စေ ခြင်း ငှာ၊ အ လျင် လွန် သော သူ မူ ကား၊ အ ပြစ် ဒဏ် နှင့် မ ကင်း မ လွတ် ရ။ Judson Bible သစ္စာစောင့်သောသူသည် ကောင်းချီးမင်္ဂလာနှင့် ကြွယ်ဝလိမ့်မည်။ ငွေရတတ်ခြင်းငှာ အလျင်အမြန်ပြုသောသူမူကား၊ အပြစ်နှင့် မလွတ်ရ။ |
ငါ့ညီဟာနနိနှင့် ရဲတိုက်မှူးဟာနနိယတို့အား ဂျေရုဆလင်မြို့ကို အုပ်ချုပ်ရန် ခန့်အပ်၏။ ဟာနနိယသည် သစ္စာရှိသောသူ၊ အခြားသူတို့ထက် ဘုရားသခင်ကိုကြောက်ရွံ့သောသူဖြစ်၏။
သစ္စာရှိသောပြည်သားတို့သည် အကျွန်ုပ်နှင့်အတူနေထိုင်ရမည့်အကြောင်း သူတို့ကိုအကျွန်ုပ်ကြည့်ရှုပါမည်။ စုံလင်သောတရားလမ်း၌ လျှောက်လှမ်းသောသူသည် အကျွန်ုပ်၏အမှုကို ဆောင်ရွက်ရပါလိမ့်မည်။
ဖြောင့်မတ်သောသူ၏ဦးခေါင်းပေါ်၌ ကောင်းချီးမင်္ဂလာများရှိ၏။ ဆိုးယုတ်သောသူတို့၏နှုတ်သည် ရက်စက်ကြမ်းကြုတ်မှုကိုဖုံးကွယ်တတ်၏။
လွယ်လွယ်ရသောစည်းစိမ်ဥစ္စာသည် လျော့နည်းသွားတတ်၏။ နည်းနည်းချင်းစုဆောင်းသောသူမူကား စည်းစိမ်ဥစ္စာကိုတိုးပွားစေတတ်၏။
ဆင်းရဲသောသူကိုပြက်ရယ်ပြုသောသူသည် သူ၏ဖန်ဆင်းရှင်ကို စော်ကားသောသူဖြစ်၏။ သူတစ်ပါးဘေးဒုက္ခရောက်သည်ကို ဝမ်းမြောက်သောသူသည် အပြစ်ဒဏ်နှင့်ကင်းလွတ်လိမ့်မည်မဟုတ်။
အသိပညာကင်းမဲ့သောစိတ်ဆန္ဒသည် မကောင်းပေ။ အလျင်စလိုခြေလှမ်းသောသူသည် လွဲချော်တတ်၏။
များစွာသောလူတို့သည် မိမိတို့၏မေတ္တာကရုဏာကို ထုတ်ဖော်ပြောဆိုတတ်ကြ၏။ သို့သော် သစ္စာရှိသောသူကို မည်သူရှာတွေ့နိုင်သနည်း။
ချမ်းသာကြွယ်ဝစေရန် ပင်ပန်းကြီးစွာမပြုနှင့်။ သင်၏အသိဉာဏ်အားဖြင့် ထိုသို့ပြုခြင်းကိုရပ်တန့်လော့။
စေးနှဲသောသူသည် စည်းစိမ်ဥစ္စာရရန် အလျင်စလိုလုပ်ဆောင်သော်လည်း ဆင်းရဲခြင်းသည် သူ့ထံသို့ရောက်လာမည်ကို သူမသိချေ။
မိမိ၏အိမ်သူအိမ်သားများအား အချိန်တန်သောအခါ အစားအစာကိုစီစဉ်ပေးရန် သူတို့အပေါ်သခင်ခန့်ထားသည့် သစ္စာနှင့်ပညာသတိရှိသောအစေအပါးကား မည်သူနည်း။
သူ၏သခင်ကလည်း ‘ကောင်းလေစွ။ သစ္စာရှိသောအစေအပါးကောင်း၊ သင်သည် အနည်းငယ်သောအရာ၌ သစ္စာရှိ၏။ များစွာသောအရာတို့ကို သင့်အားကြီးကြပ်စောင့်ရှောက်စေမည်။ သင့်သခင်၏ဝမ်းမြောက်ခြင်း၌ ပါဝင်ဆင်နွှဲလော့’ဟု ဆိုလေ၏။
သခင်ဘုရားကလည်း“မိမိအိမ်သူအိမ်သားများအား အချိန်တန်သောအခါ အစားအစာများစီစဉ်ပေးရန် သူတို့အပေါ်သခင်ခန့်ထားသည့် သစ္စာနှင့်ပညာသတိရှိသောအစေအပါးခေါင်းဆောင်ကား မည်သူနည်း။
ထို့နောက် ကိုယ်တော်သည် တပည့်တော်တို့အား မြွက်ဆိုတော်မူသည်မှာ“သူဌေးတစ်ဦးတွင် ဘဏ္ဍာစိုးတစ်ယောက်ရှိ၏။ ထိုဘဏ္ဍာစိုးသည် သူဌေး၏ဥစ္စာပစ္စည်းများကိုဖြုန်းတီးနေကြောင်း တိုင်ကြားသူရှိသဖြင့်
သင်ခံစားရတော့မည့် ဒုက္ခဝေဒနာများကို မကြောက်နှင့်။ ကြည့်ရှုလော့။ သင်သည် စမ်းသပ်စစ်ဆေးခြင်းကိုခံရမည့်အကြောင်း မာရ်နတ်သည် သင်တို့အထဲမှ အချို့တို့ကို ထောင်ထဲ၌ထည့်ထားတော့မည်။ သင်တို့သည် ဆယ်ရက်ပတ်လုံး ဆင်းရဲဒုက္ခကိုခံကြရလိမ့်မည်။ အသေခံရသည့်တိုင်အောင် သစ္စာစောင့်လော့။ သို့ပြုလျှင် အသက်သရဖူကို သင့်အား ငါပေးမည်။
သင်သည် မည်သည့်အရပ်၌နေထိုင်သည်ကို ငါသိ၏။ ထိုအရပ်၌ စာတန်၏ပလ္လင်ရှိ၏။ ငါ၌သစ္စာရှိသော ငါ၏သက်သေအန္တိပသည် စာတန်နေထိုင်ရာအရပ်ဖြစ်သောသင်တို့ထံ၌ အသတ်ခံရသည့်အချိန်၌ပင် သင်သည် ငါ၏နာမကိုစွဲကိုင်လျက် ငါ့အပေါ်ထားသောယုံကြည်ခြင်းကို မစွန့်ပယ်ခဲ့ချေ။
အဟိမလက်က ရှင်ဘုရင်အား “အရှင်မင်းကြီး၏အမှုထမ်းအပေါင်းတို့တွင် ဒါဝိဒ်ကဲ့သို့ မည်သူသစ္စာရှိသနည်း။ သူသည် အရှင်မင်းကြီး၏သမက်တော်ဖြစ်၏။ အရှင်မင်းကြီး၏ကိုယ်ရံတော်မှူးလည်း ဖြစ်၏။ အရှင်မင်းကြီး၏အိမ်ထောင်မိသားစုတွင် ဂုဏ်သရေရှိသူလည်း ဖြစ်၏။