သုတ္တံကျမ်း။ 10:6 - မြန်မာ့စံမီသမ္မာကျမ်း6 ဖြောင့်မတ်သောသူ၏ဦးခေါင်းပေါ်၌ ကောင်းချီးမင်္ဂလာများရှိ၏။ ဆိုးယုတ်သောသူတို့၏နှုတ်သည် ရက်စက်ကြမ်းကြုတ်မှုကိုဖုံးကွယ်တတ်၏။ အခန်းကိုကြည့်ပါ။Common Language Bible6 တရားသောသူ၏ခေါင်းပေါ်မှာ မင်္ဂလာ သက် ရောက်တတ်၏။ မတရားသောသူ၏နှုတ်ကိုကား ညှဉ်းဆဲ ခြင်းအပြစ်သည် ပိတ်လိမ့်မည်။ အခန်းကိုကြည့်ပါ။Garrad Bible6 သူ တော် ကောင်း ၏ ဦး ခေါင်း ၌ မင်္ဂ လာ တည်၍၊ လူ ဆိုး တို့၏ နှုတ် ကို ကား၊ ကြမ်း ကြုတ် ခြင်း ဖုံး အုပ် လေ ၏။ အခန်းကိုကြည့်ပါ။Judson Bible6 တရားသောသူ၏ခေါင်းပေါ်မှာ မင်္ဂလာသက်ရောက်တတ်၏။ မတရားသောသူ၏နှုတ်ကိုကား ညှဉ်းဆဲခြင်းအပြစ်သည် ပိတ်လိမ့်မည်။ အခန်းကိုကြည့်ပါ။ |
ရှင်ဘုရင်သည် နန်းတော်ဥယျာဉ်မှ စပျစ်ဝိုင်သောက်ရာနေရာသို့ ပြန်ဝင်လာ၍ ဧသတာလျောင်းရာညောင်စောင်းတွင် ဟာမန်ပျပ်ဝပ်နေသည်ကို မြင်လျှင် ရှင်ဘုရင်က “ငါ့မျက်စိရှေ့ နန်းတွင်းမှာပင် မိဖုရားကို ကိုယ်ထိလက်ရောက်စော်ကားမည်လော”ဟု ရှင်ဘုရင်နှုတ်မှ ဆိုလိုက်သည်နှင့် မင်းမှုထမ်းတို့သည် ဟာမန်၏မျက်နှာကို ဖုံးအုပ်လိုက်ကြ၏။