သင့်အမျိုးအနွယ်နှင့် သင့်နိုင်ငံသည် သင့်ရှေ့မှာ အစဉ်အမြဲတည်မြဲလိမ့်မည်။ သင်၏ရာဇပလ္လင်သည်လည်း အစဉ်အမြဲတည်လိမ့်မည်ဟု မိန့်တော်မူသည်’ဟူ၍ ဆင့်ဆိုလော့”ဟု မိန့်ဆို၏။
သုတ္တံကျမ်း။ 27:24 - မြန်မာ့စံမီသမ္မာကျမ်း အကြောင်းမူကား စည်းစိမ်သည် အစဉ်အမြဲတည်သည်မဟုတ်။ ရာဇသရဖူသည်လည်း မျိုးဆက်အစဉ်အဆက် တည်သည်မဟုတ်။ Common Language Bible စည်းစိမ်သည် အမြဲမတည်တတ်။ ရှင်ဘုရင်၏ စည်းစိမ်သော်လည်း၊ လူမျိုးအစဉ်အဆက် မတည် တတ်။ Garrad Bible အ သို့ ဆို သော်၊ ဥ စ္စာ ဘ ဏ္ဍာ သည် အ မြဲ မ တည် တတ်။ သ ရ ဖူ ကို လည်း အ စဉ် အ ဆက် မ ခံ ရ။ Judson Bible စည်းစိမ်သည် အမြဲမတည်တတ်။ ရှင်ဘုရင်၏စည်းစိမ်သော်လည်း၊ လူမျိုးအစဉ်အဆက် မတည်တတ်။ |
သင့်အမျိုးအနွယ်နှင့် သင့်နိုင်ငံသည် သင့်ရှေ့မှာ အစဉ်အမြဲတည်မြဲလိမ့်မည်။ သင်၏ရာဇပလ္လင်သည်လည်း အစဉ်အမြဲတည်လိမ့်မည်ဟု မိန့်တော်မူသည်’ဟူ၍ ဆင့်ဆိုလော့”ဟု မိန့်ဆို၏။
ငါ့ဂုဏ်သိက္ခာကို ဖယ်ရှားတော်မူပြီ။ ငါ့ဦးခေါင်းမှသရဖူကို ချွတ်ပစ်တော်မူပြီ။
သူ၏အမျိုးအနွယ်သည် အစဉ်အမြဲတည်လိမ့်မည်။ သူ၏ပလ္လင်သည်လည်း ငါ့ရှေ့တွင် နေကဲ့သို့ဖြစ်လိမ့်မည်။
ကိုယ်တော်၏အစေအပါးနှင့်ဖွဲ့တော်မူသော ပဋိညာဉ်ကိုပယ်ဖျက်၍ သူ၏ဘုန်းသရဖူကို မြေတိုင်အောင်ရှုတ်ချတော်မူပြီ။
ချမ်းသာကြွယ်ဝစေရန် ပင်ပန်းကြီးစွာမပြုနှင့်။ သင်၏အသိဉာဏ်အားဖြင့် ထိုသို့ပြုခြင်းကိုရပ်တန့်လော့။
ထိုချမ်းသာကြွယ်ဝမှုကို သင်၏မျက်စိဖြင့် ဝေ့ကြည့်လိုက်သောအခါ ၎င်းသည် ရှိတော့မည်မဟုတ်။ အကြောင်းမူကား ၎င်းသည် ရုတ်တရက်အတောင်ပေါက်၍ လင်းယုန်ကဲ့သို့ ကောင်းကင်သို့ပျံသန်းသွားလိမ့်မည်။
နေအောက်တွင် ငါတွေ့မြင်ရသည့် ဆိုးရွား၍ငြီးငွေ့ဖွယ်ကောင်းသောအမှုတစ်ခုရှိ၏။ ထိုအမှုမှာ ဓနဥစ္စာသည် ၎င်းကိုထိန်းသိမ်းထားသောပိုင်ရှင်အား ဒုက္ခပေးခြင်းပင်ဖြစ်၏။
သူ၏အာဏာစက်သည် အစဉ်တိုးပွား၍ ငြိမ်သက်ခြင်းသည် အဆုံးမရှိ။ ဒါဝိဒ်၏ရာဇပလ္လင်ပေါ်တွင်ထိုင်၍ နိုင်ငံတော်ကို ယခုမှစ၍ နောင်ကာလအစဉ် တရားမျှတခြင်း၊ ဖြောင့်မတ်ခြင်းတို့ဖြင့် တည်တံ့ခိုင်မြဲစေမည်။ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသည် စိတ်အားထက်သန်စွာဖြင့် ဤအမှုကို ပြုတော်မူလိမ့်မည်။
ရှင်ဘုရင်နှင့်မယ်တော်အား “သင်တို့၏ဘုန်းသရဖူသည် သင်တို့၏ခေါင်းမှ ပြုတ်ကျပြီဖြစ်၍ နိမ့်ကျသောနေရာ၌ ထိုင်လော့”ဟု ပြောလော့။
အကျွန်ုပ်တို့ခေါင်းပေါ်မှ သရဖူသည် ပြုတ်ကျလေပြီ။ အကျွန်ုပ်တို့ပြုမိသောအပြစ်ကြောင့် ယခုမှာ အမင်္ဂလာဖြစ်လေပြီ။
ဘုရားရှင်ထာဝရဘုရားက ‘ခေါင်းပေါင်းကိုချွတ်လော့။ သရဖူကိုဖယ်ရှားလော့။ ဤအတိုင်းမရှိစေရ။ နိမ့်ကျသောသူကိုချီးမြှောက်၍ ကြီးမြတ်သောသူကို နိမ့်ကျစေမည်။
ထာဝရဘုရား၏အမျက်တော်ကျရောက်သောနေ့၌ သူတို့၏ရွှေငွေများသည် သူတို့ကို ကယ်တင်နိုင်မည်မဟုတ်။ သဝန်တိုခြင်းမီးသည် မြေတစ်ပြင်လုံးကို လောင်ကျွမ်းသွားလိမ့်မည်။ မြေကြီးသားအပေါင်းတို့ကို ထိတ်လန့်တုန်လှုပ်စွာဖြင့် ဘဝနိဂုံးချုပ်စေမည်။
ချမ်းသာသောသူသည် မိမိနှိမ့်ချခြင်းခံရသောအခါ ဂုဏ်ယူဝမ်းမြောက်စေ။ အကြောင်းမူကား ချမ်းသာသောသူသည် မြက်ပွင့်ကဲ့သို့ ကွယ်ပျောက်သွားလိမ့်မည်။
ယခုမှာ သင့်အား ထာဝရဘုရား မိန့်မှာထားသည့်အတိုင်း သင်မစောင့်ထိန်းသောကြောင့် သင်၏နိုင်ငံ တည်မြဲမည်မဟုတ်။ ထာဝရဘုရားသည် မိမိစိတ်နှင့်တွေ့သောသူကို ရှာတော်မူပြီ။ ထာဝရဘုရားသည် ထိုသူအား မိမိလူမျိုးတော်ကို အုပ်ချုပ်သူမင်းအဖြစ် ခန့်ထားတော်မူလိမ့်မည်”ဟု ဆို၏။