ပျားရည်ကိုတွေ့လျှင် သင့်အတွက် လုံလောက်ရုံမျှသာစားလော့။ ထိုသို့မစားဘဲ ဝအီအောင်စားလျှင် ၎င်းကိုအန်ထုတ်ရလိမ့်မည်။
သုတ္တံကျမ်း။ 25:27 - မြန်မာ့စံမီသမ္မာကျမ်း ပျားရည်ကို များစွာစားသုံးခြင်းသည်မကောင်းပေ။ ဂုဏ်သရေပေါ် ဂုဏ်သရေထပ်၍ရှာခြင်းသည်လည်း ထိုနည်းတူဖြစ်၏။ Garrad Bible ပျား ရည် ကို စား ကြူး ခြင်း သည် မ လျော် သည့် နည်း တူ၊ ကိုယ် ကို ဂုဏ် လုပ် ခြင်း သည် မ တင့် တယ်။ Judson Bible ပျားရည်ကိုစားကြူးလျှင် မကောင်းသကဲ့သို့၊ ကိုယ်ဂုဏ်သရေကိုရှာလျှင် ဂုဏ်အသရေမရှိ။ |
ပျားရည်ကိုတွေ့လျှင် သင့်အတွက် လုံလောက်ရုံမျှသာစားလော့။ ထိုသို့မစားဘဲ ဝအီအောင်စားလျှင် ၎င်းကိုအန်ထုတ်ရလိမ့်မည်။
ဘုရားသခင်၏ဘုန်းအသရေကား အမှုကိစ္စကိုဝှက်ထားခြင်းဖြစ်၏။ ရှင်ဘုရင်တို့၏ဘုန်းအသရေကား အမှုကိစ္စကိုစူးစမ်းခြင်းဖြစ်၏။
သင့်နှုတ်မဟုတ်ဘဲ အခြားသောသူကလည်းကောင်း၊ သင့်နှုတ်ခမ်းမဟုတ်ဘဲ သူတစ်ပါးကလည်းကောင်း သင့်ကိုချီးမွမ်းပါစေ။
အကြောင်းမူကား မိမိကိုယ်ကိုချီးမြှောက်သောသူတိုင်းသည် နှိမ့်ချခြင်းကိုခံရ၍ မိမိကိုယ်ကိုနှိမ့်ချသောသူသည် ချီးမြှောက်ခြင်းကိုခံရလိမ့်မည်”ဟု မိန့်တော်မူ၏။
အချင်းချင်းပေးသော ဘုန်းအသရေကိုခံယူကြပြီး တစ်ဆူတည်းသောဘုရားသခင်ပေးသော ဘုန်းအသရေကိုမလိုလားသော သင်တို့သည် မည်သို့ယုံကြည်နိုင်ကြမည်နည်း။
ငါသည် ဝါကြွားရမည်ဖြစ်၍ အကျိုးမရှိသော်လည်း သခင်ဘုရားပေးတော်မူသော ရူပါရုံနှင့်ဗျာဒိတ်တော်အကြောင်းများကို ဆက်၍ပြောပါမည်။
ငါသည် မိုက်မဲသောသူဖြစ်ခဲ့လေပြီ။ သင်တို့သည် ငါ့ကို အတင်းအကျပ် ထိုသို့ဖြစ်စေကြ၏။ အမှန်စင်စစ် ငါသည် သင်တို့၏ထောက်ခံချီးကျူးမှုကို ခံထိုက်၏။ အကြောင်းမူကား ငါသည် မပြောပလောက်သောသူဖြစ်သော်လည်း ထိပ်တန်းတမန်တော်များထက် အနည်းငယ်မျှမညံ့ပေ။
မည်သည့်အမှုကိုမျှ တုပြိုင်လိုသောစိတ်နှင့်လည်းကောင်း၊ အချည်းနှီးကျော်စောလိုသောစိတ်နှင့်လည်းကောင်း မပြုဘဲ နှိမ့်ချသောစိတ်ရှိလျက် သူတစ်ပါးတို့သည် မိမိတို့ထက် ထူးမြတ်သည်ဟု မှတ်ယူကြလော့။