မြောက်အရပ်မှ ရွှေရောင်အလင်းတန်း ဖြာထွက်လာ၏။ ဘုရားသခင်၏ဘုန်းကျက်သရေတော်မှာ အံ့မခန်းဖွယ်ပါတကား။
သုတ္တံကျမ်း။ 25:23 - မြန်မာ့စံမီသမ္မာကျမ်း မြောက်လေသည် မိုးကိုဖြစ်ပေါ်စေတတ်၏။ အတင်းပြောသောလျှာသည်လည်း ဒေါသမျက်နှာထားကို ဖြစ်ပေါ်စေတတ်၏။ Garrad Bible မြောက် လေ သည်၊ မိုး ရေ ကို ဆောင် တတ် သ ကဲ့ သို့၊ ကုန်း ချော တတ် သော လျှာ သည်၊ မျက် နှာ ထား ခြင်း ကို ဆောင် တတ်၏။ Judson Bible မြောက်လေသည် မိုးရေကိုဆောင်တတ်သကဲ့သို့၊ ကုန်းတိုက်သောလျှာသည် ဒေါသမျက်နှာကို ဆောင်တတ်၏။ |
မြောက်အရပ်မှ ရွှေရောင်အလင်းတန်း ဖြာထွက်လာ၏။ ဘုရားသခင်၏ဘုန်းကျက်သရေတော်မှာ အံ့မခန်းဖွယ်ပါတကား။
လေပွေသည် တောင်အရပ်မှလည်းကောင်း၊ အေးမြသောလေသည် မြောက်အရပ်မှလည်းကောင်း တိုက်ခတ်လာ၏။
မိမိ၏အိမ်နီးချင်းကို ကွယ်ရာတွင် မတရားစွပ်စွဲပြောဆိုသောသူကို အကျွန်ုပ်ဖယ်ရှားသုတ်သင်ပါမည်။ ဘဝင်မြင့်သောမျက်နှာနှင့် မော်ကြွားသောစိတ်နှလုံးရှိသူကို အကျွန်ုပ်သည်းခံမည်မဟုတ်ပါ။
မိမိနှုတ်ဖြင့်အတင်းပြောဆိုခြင်းမပြုသောသူ၊ မိမိ၏အိမ်နီးချင်းအပေါ်မကောင်းမှုကိုမပြုသောသူ၊ မိမိဝန်းကျင်၌ရှိသောသူကို ကဲ့ရဲ့ပြစ်တင်ခြင်းမပြုသောသူ၊
ပွဲ၌လှောင်ပြောင်ကဲ့ရဲ့တတ်သော ဘုရားတရားမဲ့သူများကဲ့သို့ သူတို့သည် ငါ့ကိုကြည့်လျက် အံကြိတ်ကြ၏။
ထင်းမရှိလျှင် မီးသည်ငြိမ်းသွားတတ်၏။ အတင်းအဖျင်းပြောဆိုသောသူမရှိလျှင်လည်း အငြင်းပွားမှုသည် ငြိမ်သက်သွားတတ်၏။
ပုတ်ခတ်ပြောဆိုသောသူ၊ ဘုရားသခင်ကိုမုန်းသောသူ၊ မိုက်ရိုင်းသောသူ၊ မာနထောင်လွှားသောသူ၊ ကြွားဝါသောသူ၊ မကောင်းသောအမှုများကို တီထွင်ကြံစည်သောသူ၊ မိဘစကားကိုနားမထောင်သောသူ၊
ငါရောက်လာသောအခါ အကြောင်းတစ်စုံတစ်ခုကြောင့် သင်တို့ကို ငါတွေ့မြင်လိုသည့်အတိုင်း မတွေ့မြင်ရသကဲ့သို့ ငါ့ကိုလည်း သင်တို့တွေ့မြင်လိုသည့်အတိုင်း မတွေ့မြင်ရမည်ကိုလည်းကောင်း၊ ပဋိပက္ခဖြစ်ခြင်း၊ မနာလိုခြင်း၊ ဒေါသကြီးခြင်း၊ တစ်ကိုယ်ကောင်းဆန်ခြင်း၊ ပုတ်ခတ်ပြောဆိုခြင်း၊ အတင်းအဖျင်းပြောဆိုခြင်း၊ မာနထောင်လွှားခြင်းနှင့် ရုန်းရင်းဆန်ခတ်ဖြစ်ခြင်းများ ရှိမည်ကိုလည်းကောင်း ငါစိုးရိမ်၏။