ယောဘဝတ္တု။ 37:22 - မြန်မာ့စံမီသမ္မာကျမ်း22 မြောက်အရပ်မှ ရွှေရောင်အလင်းတန်း ဖြာထွက်လာ၏။ ဘုရားသခင်၏ဘုန်းကျက်သရေတော်မှာ အံ့မခန်းဖွယ်ပါတကား။ အခန်းကိုကြည့်ပါ။Common Language Bible22 မြောက်မျက်နှာမှ ရွှေရောင်ခြည်ထွက်တတ်၏။ ဘုရားသခင်သည် ကြောက်မက်ဘွယ်သော ဘုန်းအာနု ဘော်နှင့် ပြည့်စုံတော်မူ၏။ အခန်းကိုကြည့်ပါ။Garrad Bible22 မြောက် မျက် နှာ မှ တိမ် တောက် သည် နှင့် အ ညီ၊ ကြောက် မက် ဖွယ် ဘုန်း တော် ကို၊ ဘု ရား သ ခင် ဆင် ယင် တော် မူ၏။ အခန်းကိုကြည့်ပါ။Judson Bible22 မြောက်မျက်နှာမှ ရွှေရောင်ခြည်ထွက်တတ်၏။ ဘုရားသခင်သည် ကြောက်မက်ဖွယ်သော ဘုန်းအာနုဘော်နှင့် ပြည့်စုံတော်မူ၏။ အခန်းကိုကြည့်ပါ။ |
သားတော်သည် ဘုရားသခင်၏ဘုန်းတော်ရောင်ခြည်နှင့် ဇာတိအဖြစ်တော်တို့ကို ထင်ဟပ်သောပုံသဏ္ဌာန်ဖြစ်တော်မူပြီး မိမိ၏တန်ခိုးနှင့်ပြည့်စုံသော နှုတ်ကပတ်တော်အားဖြင့် အရာခပ်သိမ်းကိုတည်စေ၍ အပြစ်များအတွက် စင်ကြယ်ခြင်းဝတ်ကိုပြုပြီးလျှင် အထက်ကောင်းကင်၌ ဘုန်းတန်ခိုးရှင်၏လက်ယာဘက်တွင် ထိုင်တော်မူ၏။
အို ထာဝရဘုရား၊ ကိုယ်တော်သည် ကြီးမြတ်တော်မူပါ၏။ အစွမ်းတန်ခိုး၊ ဘုန်းတော်၊ ဂုဏ်တော်နှင့်ပြည့်စုံပါ၏။ ခန့်ညားထည်ဝါပါ၏။ ကောင်းကင်နှင့် မြေကြီးပေါ်ရှိအရာအားလုံးကို ပိုင်သတော်မူပါ၏။ နိုင်ငံတော်သည် ထာဝရဘုရားပိုင်တော်မူရာဖြစ်ပါ၏။ ကိုယ်တော်သည် အရာခပ်သိမ်း၏ဦးခေါင်းထက်တွင် ချီးမြှောက်ခြင်းခံရသောအရှင် ဖြစ်တော်မူပါ၏။