သင်စားပြီးသော တစ်လုတ်စာကို အန်ထုတ်ရလိမ့်မည်။ သင်၏နှစ်လိုဖွယ်ကောင်းသောစကားတို့သည်လည်း အလဟဿဖြစ်သွားလိမ့်မည်။
သုတ္တံကျမ်း။ 25:16 - မြန်မာ့စံမီသမ္မာကျမ်း ပျားရည်ကိုတွေ့လျှင် သင့်အတွက် လုံလောက်ရုံမျှသာစားလော့။ ထိုသို့မစားဘဲ ဝအီအောင်စားလျှင် ၎င်းကိုအန်ထုတ်ရလိမ့်မည်။ Garrad Bible ပျား ရည် ကို တွေ့ လျှင်၊ သင့် ရုံ သာ စား လော့။ စား ကြူး လျှင်၊ အန် လိမ့် မည်။ Judson Bible ပျားရည်ကို တွေ့သလော။ ဝရုံသာစားတော့။ အစားကြူးလျှင် ရင်ပြည့်၍ အန်ရလိမ့်မည်။ |
သင်စားပြီးသော တစ်လုတ်စာကို အန်ထုတ်ရလိမ့်မည်။ သင်၏နှစ်လိုဖွယ်ကောင်းသောစကားတို့သည်လည်း အလဟဿဖြစ်သွားလိမ့်မည်။
သင်၏အိမ်နီးချင်းအိမ်သို့ တစ်ခါတစ်ရံသာ ခြေဦးလှည့်လော့။ သို့မဟုတ်လျှင် သူသည် သင့်ကိုငြီးငွေ့၍ မုန်းလိမ့်မည်။
ပျားရည်ကို များစွာစားသုံးခြင်းသည်မကောင်းပေ။ ဂုဏ်သရေပေါ် ဂုဏ်သရေထပ်၍ရှာခြင်းသည်လည်း ထိုနည်းတူဖြစ်၏။
သင်သည် လွန်ကဲစွာမဖြောင့်မတ်နှင့်။ ဉာဏ်ပညာလည်း အလွန်အကျွံမရှိစေနှင့်။ အဘယ်ကြောင့် သင့်ကိုယ်သင်ဖျက်ဆီးလိုသနည်း။
သူသည် အဆိုးကိုပယ်၍ အကောင်းကိုရွေးချယ်တတ်သည်အထိ ထောပတ်နှင့်ပျားရည်ကိုသာ စားသုံးရလိမ့်မည်။
နို့များစွာထွက်သဖြင့် သူသည် ထောပတ်ကိုစားရလိမ့်မည်။ အကယ်စင်စစ် ထိုပြည်၌ ကြွင်းကျန်သောသူအပေါင်းတို့သည် ထောပတ်နှင့်ပျားရည်ကို စားရကြလိမ့်မည်။
သင်တို့သည် ကိုယ့်ကိုယ်ကိုယ်သတိထားကြလော့။ သို့မဟုတ်လျှင် အပျော်ကြူးခြင်း၊ သောက်စားမူးယစ်ခြင်းနှင့် အသက်ရှင်ရေးအတွက် စိုးရိမ်ပူပန်ခြင်းတို့ကြောင့် သင်တို့စိတ်နှလုံးလေးလံထိုင်းမှိုင်းနေကြစဉ် ထိုနေ့ရက်သည် ကျော့ကွင်းကဲ့သို့ သင်တို့အပေါ်သို့ ရုတ်တရက်ကျရောက်လာလိမ့်မည်။
အပျော်ကြူးခြင်းကိုဖြစ်စေသည့် စပျစ်ဝိုင်ယစ်မူးခြင်းမရှိဘဲ ဝိညာဉ်တော်နှင့်ပြည့်ဝကြလော့။