ဂျုံစပါးသိုလှောင်ထားသောသူကို တိုင်းသူပြည်သားတို့ ကျိန်ဆဲကြလိမ့်မည်။ ရောင်းချပေးသောသူ၏ဦးခေါင်းအပေါ်၌မူကား ကောင်းချီးမင်္ဂလာရှိလိမ့်မည်။
သုတ္တံကျမ်း။ 24:24 - မြန်မာ့စံမီသမ္မာကျမ်း ဆိုးယုတ်သောသူအား “သင်သည် ဖြောင့်မတ်သည်”ဟု ပြောဆိုသောသူကို လူတို့သည် ကျိန်ဆဲ၍ တိုင်းသူပြည်သားတို့သည် ရှုတ်ချကြလိမ့်မည်။ Common Language Bible သင်သည် ဖြောင့်မတ်၏ဟု မတရားသောသူ အား ဆိုသောသူကို လူအမျိုးတို့သည် ကျိန်ဆဲကြလိမ့်မည်။ လူအနွှယ်တို့သည် စက်ဆုပ်ရွံရှာကြလိမ့်မည်။ Garrad Bible လူ ဆိုး အား၊ ဖြောင့် မတ် သည် ဟု ဆို သော သူ့ ကို၊ ပြည် သူ တိုင်း သား တို့ ဆဲ ဆို ရွံ့ ရှာ ကြ လိမ့် မည်။ Judson Bible သင်သည်ဖြောင့်မတ်၏ဟု မတရားသောသူအားဆိုသောသူကို လူအမျိုးတို့သည် ကျိန်ဆဲကြလိမ့်မည်။ လူအနွယ်တို့သည် စက်ဆုပ်ရွံရှာကြလိမ့်မည်။ |
ဂျုံစပါးသိုလှောင်ထားသောသူကို တိုင်းသူပြည်သားတို့ ကျိန်ဆဲကြလိမ့်မည်။ ရောင်းချပေးသောသူ၏ဦးခေါင်းအပေါ်၌မူကား ကောင်းချီးမင်္ဂလာရှိလိမ့်မည်။
ဆိုးယုတ်သောသူကို ဖြောင့်မတ်သည်ဟုသတ်မှတ်သောသူနှင့် ဖြောင့်မတ်သောသူကို အပြစ်ရှိသည်ဟုစီရင်သောသူနှစ်ဦးစလုံးကို ထာဝရဘုရားစက်ဆုပ်ရွံရှာတော်မူ၏။
ဆင်းရဲသောသူတို့အား ပေးကမ်းသောသူသည် ချို့တဲ့နွမ်းပါးလိမ့်မည်မဟုတ်။ မျက်ကွယ်ပြုသောသူမူကား များစွာသောကျိန်ဆဲခြင်းကိုခံရလိမ့်မည်။
အစေအပါးအကြောင်းကို သူ့သခင်ထံ မတရားစွပ်စွဲပြောဆိုခြင်းမပြုနှင့်။ ထိုသို့ပြုလျှင် ထိုအစေအပါးသည် သင့်ကိုကျိန်ဆဲ၍ သင်၌အပြစ်သင့်ရောက်လိမ့်မည်။
အဆိုးကို အကောင်း၊ အကောင်းကို အဆိုးဟု ဆိုတတ်သောသူ၊ အလင်းကို အမှောင်၊ အမှောင်ကို အလင်း ဖြစ်စေသောသူ၊ အခါးကို အချို၊ အချိုကို အခါး ဖြစ်စေသောသူတို့သည် အမင်္ဂလာရှိကြ၏။
ထိုသူတို့သည် တံစိုးလက်ဆောင်ကြောင့် ဆိုးယုတ်သောသူကို ဖြောင့်မတ်သည်ဟုစီရင်၍ ဖြောင့်မတ်သောသူတို့၏ဖြောင့်မတ်ခြင်းကို ဖယ်ရှားတတ်ကြ၏။
သူတို့သည် ငါ့ကိုဆန့်ကျင်ပုန်ကန်သောလူတို့၏အလောင်းကောင်များကို ထွက်ကြည့်ကြလိမ့်မည်။ ထိုအလောင်းကောင်တို့ကိုစားသောလောက်ကောင်သည် မသေ၊ လောင်သောမီးလည်း မငြိမ်း။ လူခပ်သိမ်းတို့အတွက် စက်ဆုပ်ဖွယ်ဖြစ်မည်”ဟု မိန့်တော်မူ၏။
သင်တို့သည် ငါမနာကျင်စေလိုသော ဖြောင့်မတ်သူတို့ကို လိမ်ညာနာကျင်စေခဲ့ပြီ။ ဆိုးယုတ်သောသူတို့ အသက်ချမ်းသာရာရရန် မကောင်းသောလမ်းမှ ပြန်မလှည့်စေဘဲ သူတို့ဆိုးယုတ်သည်ကို သင်တို့အားပေးအားမြှောက်ပြုလေပြီ။