သင်သည် ပင်လယ်အလယ်ဗဟို၌ လဲလျောင်းနေသောသူကဲ့သို့လည်းကောင်း၊ သင်္ဘောရွက်တိုင်၏ထိပ်ဖျား၌ လဲလျောင်းနေသောသူကဲ့သို့လည်းကောင်း ဖြစ်လိမ့်မည်။
အကယ်စင်စစ် သင်သည် ပင်လယ်အလယ်၌ အိပ်သောသူ၊ သင်္ဘောရွက်တိုင်ဖျားပေါ်မှာ အိပ်သော သူကဲ့သို့ ဖြစ်လိမ့်မည်။
ယောင် မှား သော စ ကား ကို ထွက် ဆို လျက်၊ ပင် လယ် ပြင်၌ လည်း ကောင်း၊ ရွက် တိုင် စင် ပေါ် တွင်လည်း ကောင်း၊ အိပ် ရ သူ ကဲ့ သို့ ဖြစ် လ တ္တံ့ သော် လည်း၊
အကယ်စင်စစ် သင်သည် ပင်လယ်အလယ်၌ အိပ်သောသူ၊ သင်္ဘောရွက်တိုင်ဖျားပေါ်မှာ အိပ်သောသူကဲ့သို့ ဖြစ်လိမ့်မည်။
ထိုအခါ အဗရှလုံက သူ့ငယ်သားတို့အား “သင်တို့ စောင့်ကြည့်ပါ။ စပျစ်ဝိုင်ကြောင့် အာမနုန် စိတ်မြူးလာသောအခါ ငါက ‘အာမနုန်ကို သတ်လိုက်ပါ’ဟု ဆိုလျှင် သူ့ကိုသတ်လိုက်ပါ။ ငါအမိန့်ပေးသည်မဟုတ်လော။ သင်တို့မကြောက်ကြနှင့်။ အားယူပြီး သတ္တိရှိကြပါ”ဟု မှာထား၏။
သူ၏အမှုထမ်း စစ်ရထားတပ်တစ်ဝက်၏တပ်မှူးဇိမရိသည် သူ့ကိုလုပ်ကြံရန် လျှို့ဝှက်ကြံစည်၏။ ဧလာမင်းကြီးသည် တိရဇာမြို့ရှိ တိရဇာနန်းတော်အုပ်အာဇ၏အိမ်၌ သောက်စားယစ်မူးနေစဉ်
ကိုယ်တော်၏နှာခေါင်းတော်မှလေကို မှုတ်ထုတ်လိုက်သောအခါ ရေသည် မို့မောက်လာ၏။ စီးသောရေသည်လည်း စုပုံ၍ တန့်သွား၏။ ပင်လယ်ထဲမှ ရေထုသည်လည်း ခဲလေ၏။
သင်၏မျက်စိသည် ထူးဆန်းသောအရာတို့ကိုမြင်၍ သင်၏စိတ်နှလုံးသည် ဖောက်ပြန်လွဲမှားသောစကားတို့ကိုပြောဆိုလိမ့်မည်။
“သူတို့သည် ငါ့ကိုရိုက်ကြသော်လည်း ငါမနာ။ ငါ့ကိုထုရိုက်ကြသော်လည်း ငါမသိ။ မည်သည့်အချိန်မှ ငါနိုးမည်နည်း။ နောက်ထပ်သောက်ရန် ငါရှာဦးမည်”ဟု သင်ပြောဆိုလိမ့်မည်။
အို လေမွေလ၊ စပျစ်ဝိုင်သောက်ခြင်းသည် ရှင်ဘုရင်တို့နှင့်မသင့်လျော်ပေ။ ရှင်ဘုရင်တို့နှင့်မသင့်လျော်ပေ။ သေရည်သေရက်ကိုတောင့်တခြင်းသည်လည်း အုပ်ချုပ်သူတို့အတွက် မသင့်လျော်ပေ။
သေသောက်ကြူးသူတို့၊ ထ၍ငိုကြွေးကြလော့။ စပျစ်ဝိုင်သောက်သူတို့၊ စပျစ်ဝိုင်သစ်ကြောင့် ညည်းတွားကြလော့။ အကြောင်းမူကား သင်တို့နှုတ်သည် စပျစ်ဝိုင်သစ်ကို တို့ထိခွင့်ရတော့မည်မဟုတ်။
မည်သို့နည်းဟူမူကား ရေမလွှမ်းမိုးမီကာလ၌ နောဧသည် သင်္ဘောထဲသို့ ဝင်သည့်နေ့တိုင်အောင် လူတို့သည် စားသောက်လျက်၊ ထိမ်းမြားစုံဖက်လျက်၊ ပေးစားဆောင်နှင်းလျက်နေ၍
သင်တို့သည် ကိုယ့်ကိုယ်ကိုယ်သတိထားကြလော့။ သို့မဟုတ်လျှင် အပျော်ကြူးခြင်း၊ သောက်စားမူးယစ်ခြင်းနှင့် အသက်ရှင်ရေးအတွက် စိုးရိမ်ပူပန်ခြင်းတို့ကြောင့် သင်တို့စိတ်နှလုံးလေးလံထိုင်းမှိုင်းနေကြစဉ် ထိုနေ့ရက်သည် ကျော့ကွင်းကဲ့သို့ သင်တို့အပေါ်သို့ ရုတ်တရက်ကျရောက်လာလိမ့်မည်။